မြန်မာနိုင်ငံတွင် လာမည့်နှစ်၌ ကျင်းပမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ် ၏တိုးတက်မှုနှင့် ပတ်သက်၍ ကြာသပတေးနေ့က အိမ်နီးချင်းနိုင်ငံများနှင့် ဒေသဆိုင်ရာ အစည်းအဝေးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးက အသိပေးရှင်းပြခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။
ကြာသပတေးနေ့က ဘန်ကောက်တွင် ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ ပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး အိမ်နီးချင်းနိုင်ငံများအနေဖြင့် အခြေအနေများကို ပိုမိုကောင်းမွန်စွာ သိနားလည်ရေးအတွက် အစည်းအဝေးသည် မရှိမဖြစ်လိုအပ်သည်ဟု တက်ရောက်ခဲ့သည့်ကိုယ်စားလှယ်များက သဘောထားရှိကြသည်ဟုလည်း သူက ပြောဆိုခဲ့သည်။
မြန်မာအစိုးရအနေဖြင့် အကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်ရာဘက်အားလုံးနှင့် ဆွေးနွေးမှုများလုပ်ရန် လမ်းဖွင့်ထားသည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း ကိုလည်း မာရစ်က ပြောသည်။
Ref: သည်စတား