Wednesday, January 15, 2025

မကာအိုအသင်းကို (၁၈) ဂိုး ဂိုးမရှိဖြင့်...

ယနေ့ ဇန်နဝါရီ (၁၅) မွန်းလွဲ (၂)နာရီအချိန်၌ ရန်ကုန်မြို့ ၊ MFF Futsal Indoor Stadium တွင် AFC...

ထရမ့်ပ်ကို သတ်ရန် မည်သည့်အခါကမျှ မကြံစည်ခဲ့–...

အီရန်သည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ခရမ့်ပ်ကို သတ်ဖြတ်ရန် မည်သည့်အခါကမျှ ကြံစည်ခဲ့ခြင်းမရှိဟု အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က အင်န်ဘီစီသတင်းဌာနနှင့် ဇန်နဝါရီ ၁၄ ရက်က...

ကျောက်ပန်းတောင်း မြို့နယ်တွင် ပုပ္ပါး ၂၀၀...

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံကိန်းမှ...

မြန်မာ-တရုတ်ပူးပေါင်း၍ လျှပ်စစ်မီးနှင့်လမ်း များကဲ့သို့ ကျေးလက်အခြေခံအဆောက်အအုံများတည်ဆောက်ရန်ဆွေးနွေး

မြန်မာ-တရုတ်ပူးပေါင်း၍ လျှပ်စစ်မီးနှင့်လမ်း များကဲ့သို့ ကျေးလက်အခြေခံအဆောက်အအုံများတည်ဆောက်ရန် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ် Ms. Ma Jia တို့ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့်...
HomeNewsLocal Newsရွှေစက်တော် ဘုရားပွဲလာပြည်သူများ ဘေးကင်းစေရေး...

ရွှေစက်တော် ဘုရားပွဲလာပြည်သူများ ဘေးကင်းစေရေး ဆောင်ရွက်ထား

ရှေ့လတွင် စတင်ကျင်းပမည့် မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်ရှိ ရွှေစက်တော်ဘုရားပွဲအတွက် ခရီးသွားဘုရားဖူးပြည်သူများ ဘေးကင်းစေရန် စီမံဆောင်ရွက်ထားပြီး လုံခြုံရေးများလည်းတိုးမြှင့်ချထားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

“အသေးစိတ်တော့ ပြောလို့အဆင်မပြေဘူးနော်၊ မနှစ်ကထက် လုံခြုံရေးအင်အားပိုများပြီး ဘုရားပွဲ အဆင်ပြေအောင်မြင်စွာ ပြီးမြောက်နိုင်ဖို့ စီစဉ်ထားကြပါတယ်” ဟု မန်းရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ရွှေစက်တော် ဘုရားအနီး၌ အေးအေးချမ်းချမ်းရှိသည့်အပြင် ယခုကတည်းကပင် နယ်ဝေးဘုရားဖူးသူများလည်း လာရောက်မှုရှိနေကြောင်း ၎င်းက ဆိုသည်။

ရွှေစက်တော်ဘုရားပွဲကို ဖေဖော်ဝါရီ (၂)ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဧပြီလ (၁၇) ရက်အထိ (၇၅) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။

အနယ်နယ်အရပ်ရပ်မှ လာရောက်ကြမည့် ဘုရားဖူးပြည်သူများအတွက် အခန်း (၆၀၀) ကျော်ပါသည့် တည်းခိုခန်း (၅၄) လုံး ၊ ဈေးဆိုင်ခန်း (၈၀၀) ကျော် ဆောက်လုပ်ထားပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

နှစ်စဉ် အစဉ်အလာမပြတ် ကျင်းပမြဲဖြစ်သည့် မန်းရွှေစက်တော်ရာ ဘုရားပွဲကို ၂၀၂၄ ခုနှစ်ကလည်း ၆၄ ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မကာအိုအသင်းကို (၁၈) ဂိုး ဂိုးမရှိဖြင့် တရုတ်အသင်းအနိုင်ယူ

ယနေ့ ဇန်နဝါရီ (၁၅) မွန်းလွဲ (၂)နာရီအချိန်၌ ရန်ကုန်မြို့ ၊ MFF Futsal Indoor Stadium တွင် AFC Women's Futsal Asian Cup ခြေစစ်ပွဲ အုပ်စု(D)ပွဲစဉ်ကို မကာအိုနှင့် တရုတ် (တိုင်ပေ)အမျိုးသမီး ဖူဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တရုတ်(တိုင်ပေ)အသင်းက (၁၈) ဂိုးသွင်းယူခဲ့ပြီး ပြိုင်ဘက် မကာအိုအသင်းမှာ ပွဲပြီးဆုံးချိန်အထိ ချေပဂိုး သွင်းယူနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။ ယနေ့ နောက်ထပ် အုပ်စု(D)ပွဲစဉ်တစ်ခုကိုလည်း ညနေ(၅) နာရီအချိန်၌ မြန်မာနှင့် ဗီယက်နမ်...

ထရမ့်ပ်ကို သတ်ရန် မည်သည့်အခါကမျှ မကြံစည်ခဲ့– အီရန်သမ္မတ

အီရန်သည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ခရမ့်ပ်ကို သတ်ဖြတ်ရန် မည်သည့်အခါကမျှ ကြံစည်ခဲ့ခြင်းမရှိဟု အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က အင်န်ဘီစီသတင်းဌာနနှင့် ဇန်နဝါရီ ၁၄ ရက်က အင်တာဗျူးတွင် ပြောဆိုလိုက်ပြီး ထရမ့်ပ်နှင့် အမေရိကန်အစိုးရ၏ အခိုင်အမာစွပ်စွဲခဲ့မှုများကို ငြင်းဆိုသွားခဲ့သည်။ ထရမ့်ပ်ကို လုပ်ကြံသတ်ဖြတ်ရန် အီရန်တော်လှန်ရေးတော်လှန်ရေးအစောင့်တပ်က ညွှန်ကြားခိုင်းစေခဲ့သည့် အစီအစဉ်တစ်ခုနှင့် ဆက်နွယ်သည်ဆိုကာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်တရားရေးဌာနက အီရန်အမျိုးသားတစ်ဦးကို စွဲချက်တင်ခဲ့သည်။ တိုက်ခိုက်မှုများ အကောင်အထည်မဖော်သေးမီတွင် တရားဥပဒေစိုးမိုးရေးအဖွဲ့များက အဆိုပါအကြံအစည်ကို ဟန့်တားနိုင်ခဲ့သည်ဟု ဆိုသည်။ သူ့ကို သတ်ဖြတ်ရန် ကြိုးပမ်းမှုများ၏နောက်ကွယ်တွင် အီရန်ပါဝင်နိုင်သည်ဟု...

ကျောက်ပန်းတောင်း မြို့နယ်တွင် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံကိန်းမှ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ယင်း ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းကို Zeya & Associates နှင့် Rosatom Renewable Energy ကဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်က လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071