Sunday, January 5, 2025

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်

ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအား နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌...

တရုပ်၏တိဘက်ဆည်စီမံကိန်းကို စိုးရိမ်ကြောင်း အိန္ဒိယက ပြောကြား

အိန္ဒိယနိုင်ငံအတွင်းသို့ စီးဝင်သော တိဗက်ဒေသရှိ Yarlung Zangbo မြစ်ကြောင်းပေါ်တွင် တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ်ဆည်တည်ဆောက်‌ရေးစီမံကိန်းနှင့်ပတ်သက်၍ နူးဒေလီက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ပေကျင်းကို အသိပေးတင်ပြထားသည်ဟု...

ဗိုလ်တထောင်စေတီ မဂ္ဂင်မြိုင်ပန်းခြံအတွင်းရှိ တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား...

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ မဂ္ဂင်မြိုင်ပန်းခြံအတွင်းတည်ထားသည့် တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနယကအ...

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်

နစက မှ ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းအပ်နှံခဲ့ကြောင်း အမိန့်ကြော်ငြာစာအမှတ်...
HomeNewsLocal News"ရွှေစင်အကယ်ဒမီ"ရွှေဆိုင်မှ ငွေကျပ်သိန်း(၃) သောင်းခန့်တန်ဖိုးရှိ...

“ရွှေစင်အကယ်ဒမီ”ရွှေဆိုင်မှ ငွေကျပ်သိန်း(၃) သောင်းခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများအား လု ယက်ခဲ့သူ(၂)ဦးကိုဖမ်းမိ

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ “ရွှေစင်အကယ်ဒမီ”ရွှေဆိုင်မှ ငွေကျပ်သိန်း(၃)သောင်းခန့်တန်ဖိုးရှိ ရွှေထည်ပ စ္စည်းများအား လုယက်ခဲ့သူ(၂)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၈ ရက်ညနေ ၅ နာရီခွဲက “ရွှေစင်အ ကယ်ဒမီ”ရွှေဆိုင်သို့ ကလစ်ဆိုင်ကယ်မောင်းလာသည့် အမျိုးသား(၃)ဦးရောက်ရှိလာပြီးနောက် ဆိုင်ရှင်ဖြစ်သူနှင့်ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ်သိန်း(၃)သောင်းခန့်တန် ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံ(၃ ပိဿာ ၅၅ ကျပ်) သားခန့်အား လုယက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် မဟာအောင်မြေမြို့မရဲစခန်းက (ပ)၃၃၀/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုရေးဖွင့်ကာစုံစမ်းစစ်ဆေးခဲ့ကြသဖြင့် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ဖြိုးသက်အောင်(ခ) ဖြိုးလေး(၂၅)နှစ်အား ဒီဇင်ဘာ ၂၃ ရက်၊ ဇင်မျိုးထိုက်(ခ)ဇင်မျိုး(၂၉)နှစ်အား ဒီဇင်ဘာ ၂၄ ရက်တို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် သက်သေခံရွှေထည်ပစ္စည်းမျိုးစုံ(၆၂) ကျပ်သား၊ (၄)ပဲ၊ (၂)ရွေး၊ ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် Honda Click ဆိုင်ကယ်(၁)စီး၊ ရွှေထည်ပစ္စည်းမျိုးစုံ(၂၄)ကျပ်သားခန့်၊ ရွှေထည်ပစ္စည်းမျိုးစုံ ၇၈ ကျပ် ၅ မူးသားတို့ကိုလည်းသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်ရာတွင်ပါ ဝင်သူများဖြစ်သည့် အောင်မျိုးသူနှင့် ဝင်းမြတ်သူတို့အားထပ်မံဖမ်းဆီးရမိရေးအတွက်ဆောင် ရွက်လျက်ရှိပြီး ဖမ်းဆီးရမိထားသူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်

ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအား နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌ ယနေ့ညပိုင်းကပြုလုပ်ရာ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်ခဲ့ကြသည်။ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့က ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်လာကြသူများအား တွေ့ဆုံနှုတ်ဆက်ပြီးနောက် မီးရှူးမီးပန်းပစ်ဖောက်နေမှုများကို ကြည့်ရှုအားပေးပြီး ညစာသုံးဆောင်ခဲ့ကြသည်။ ညစာမသုံးဆောင်ခင်နှင့် သုံးဆောင်နေချိန်တို့တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် ဂုဏ်ပြုဆောင်ခန်းမတွင်ပြုလုပ်သည့် ပဒေသာကပွဲအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဂုဏ်ပြုညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ကြည့်ရှုအားပေး၍ ဖျော်ဖြေတင်ဆက်ခဲ့သူများကို ဂုဏ်ပြုပန်းခြင်းပေးအပ်ခဲ့ကြသည်။ အဆိုပါ (၇၇)နှစ်မြောက်...

တရုပ်၏တိဘက်ဆည်စီမံကိန်းကို စိုးရိမ်ကြောင်း အိန္ဒိယက ပြောကြား

အိန္ဒိယနိုင်ငံအတွင်းသို့ စီးဝင်သော တိဗက်ဒေသရှိ Yarlung Zangbo မြစ်ကြောင်းပေါ်တွင် တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ်ဆည်တည်ဆောက်‌ရေးစီမံကိန်းနှင့်ပတ်သက်၍ နူးဒေလီက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ပေကျင်းကို အသိပေးတင်ပြထားသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောကြားခဲ့သည်။ တိဘက်ရှိ ရေအားလျှပ်စစ်စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်နှင့် မြစ်အောက်ပိုင်းရေပေးဝေမှုကို ကြီးကြီးမားမား အကျိုးသက်ရောက်မှုရှိမည်မဟုတ်ဟု တရုတ်အရာရှိများက ပြောထားစေကာမူ ယင်းဆည်တမံနှင့်ပတ်သက်၍ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့က စိုးရိမ်ပူပန်နေကြသည်။ တိဗက်တွင် မြစ်ဖျားခံသော Yarlung Zangbo မြစ်သည် ဗြဟ္မပုတ္တရမြစ်အဖြစ် ထွက်ခွာကာ တောင်ဘက် အိန္ဒိယနိုင်ငံ အရူနာချယ်လ် ပရာဒေ့ရှ်နှင့် အာသံပြည်နယ်များသို့ စီးဝင်ပြီး...

ဗိုလ်တထောင်စေတီ မဂ္ဂင်မြိုင်ပန်းခြံအတွင်းရှိ တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ မဂ္ဂင်မြိုင်ပန်းခြံအတွင်းတည်ထားသည့် တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနယကအ ဖွဲ့၊တွဲဖက်အကျိုးတော်ဆောင်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ သာ ယာကုန်းပြာသာဒ်ကျောင်းဆရာတော်ကြီး ကြွရောက်တော်မူခဲ့သည်။ ထို့နောက် ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက သာယာကုန်းပြာသာဒ်ကျောင်း ဆရာတော်ကြီးထံမှ သီလခံယူဆောက်တည်ကာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံ ဃာတော်များအား ပရိတ်ရည်၊ ပရိတ်အိုး၊ ပရိတ် ချည် ပရိတ်သဲ၊ ပရိတ်ကျောက်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့ပြင် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071