ရွှေစာရံဘုရားဖူးပြီး ပြင်ဦးလွင်သို့ ပြန်လာသည့် ဘုရားဖူးယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူများအနက် အ မျိုးသား (၂) ဦး၊ အမျိုးသမီး(၄)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၇)ဦး ထိခိုက်ဒဏ်ရာရထားကြောင်း ဖြစ်စဉ်ကို ကူညီပေးနေသည့် နယ်မြေခံ လူမှုကူညီရေးအသင်းတို့ထံမှ သိရသ ည်။
ယမန်နေ့ မတ်လ (၁၅)ရက်၊ ညနေ (၅)နာရီခွဲ အချိန် ရွှေစာရံမှ ဘုရားဖူးပြန်လာသည့် 4WD ယာဉ်မှာ ရွှေစာရံ – ရဲရွာ – ကျောက်ဆည်လမ်း ဒုဌဝတီ တံတားအကျော် တိုးဂိတ်အ လွန် မီးသွေးဖုတ်ရွာအနီး လမ်းမှား၍ ကားနောက်ပြန်ဆုတ်ရာမှ ယာဉ်တိမ်းမှောက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘုရားဖူး ယာဉ်ပေါ်တွင် (၁၃)ဦး ပါရှိပြီး စေတနာမွန်လူမှုကူညီရေးအသင်းအုန်းချောအသင်းမှ ကယ်ဆယ်ကာ နေရာတွင်ပင် အ-သက်ဆုံးရှုံးသူ (၃)ဦးကို စဉ့်ကိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျန်လူနာများကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသနေရာမှ (၂)ဦးမှာ ထပ်မံ အသ-က်ဆုံးရှုံးခဲ့ပြီးနှင့် ည (၁၂)နာရီကျော်အချိန်တွင် အမျိုးသမီး(၁)ဦး ထ ပ်မံ ကွယ်လွန်သွားခဲ့ရကြောင်း လိုက်ပါကူညီဆောင်ရွက်နေသော သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းထံမှ သိရသ ည်။
ဖြစ်စဉ်ကြောင့် အမျိုးသား (၂)ဦး၊ အမျိုးသမီး(၄)ဦး၊ စုစု ပေါင်း (၆)ဦး ကွယ်လွန်ပြီး (၇)ဦး ဒဏ်ရာရထားပြီး သန္တိသု ခလူမှုကူညီရေးအသင်းမှ စဉ့်ကိုင်ဆေးရုံတွင် လိုအပ်သော ကိစ္စများ လိုက်လံကူညီဆောင်ရွက်ပေးနေပြီး ကွယ်လွန်ခဲ့သူများကို ယနေ့ မတ်လ (၁၆)ရက်တွင် ပြင်ဦးလွင်သို့ ပြန် လည်သယ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။