Thursday, January 9, 2025

Microsoft က အိန္ဒိယတွင် ဒေါ်လာ...

နူးဒေလီ၊ ဇန်နဝါရီ ၇ အမေရိကန်နည်းပညာကုမ္ပဏီကြီး Microsoft သည် လာမည့်နှစ်နှစ်အတွင်း cloud computing နှင့် ဉာဏ်ရည်တုအခြေခံအဆောက်အဦအပါအဝင် လေ့ကျင့်ရေးတို့အတွက် အိန္ဒိယတွင် အမေရိ...

ထိုင်းနှစ်သစ်ကူးခရီးသွားရာသီအတွင်း လူ ၄၃၆ ဦး‌ေ-သဆုံးခဲ့

ဘန်ကောက်၊ဇန်နဝါရီ ၇ ထိုင်းနိုင်ငံ၌ ဒီဇင်ဘာ ၂၇ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ နှစ်သစ်ကူးခရီးသွားရာသီအတွင်း မတော်တဆမှု ၂,၄၆၇ ခုကြောင့် လူပေါင်း...

အမေရိက၌ ကြက်ငှက်တုပ်ကွေးကြောင့် ပထမဆုံးအကြိမ်လူသေဆုံး

ဟူစတန်၊ဇန်နဝါရီ ၆ အမေရိကန်နိုင်ငံတောင်ပိုင်း လူဝီစီယားနားပြည်နယ်တွင် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် နိုင်ငံအတွင်း ပထမဆုံးအနေဖြင့် လူသေဆုံးမှုရှိခဲ့ကြောင်း လူဝီစီယားနားကျန်းမာရေးဌာနက သတင်းထုတ်ပြန်‌ခဲ့သည်။ သေဆုံးသူသည် အသက် ၆၅ နှစ်‌ေကျာ်ပြီး စီးပွားဖြစ်မဟုတ်သော်လည်း...

ဂရင်းလန်းသို့ ထရမ့်ပ်ဂျူနီယာ ရောက်ရှိလာ

ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေကို အမေရိကပိုင်အဖြစ် ထိန်းချုပ်ရယူလိုကြောင်း ဖခင်ဖြစ်သူက ထုတ်ဖော်ပြောကြားခဲ့အပြီး ရက်သတ္တပတ်အကြာတွင် ဂရင်းလန်းသို့ ဒေါ်နယ်ထရမ့်ပ် ဂျူနီယာရောက်ရှိလာခဲ့သည်။ နေ့ချင်းပြန်ခရီးစဉ် ဖြစ်ကြောင်းနှင့် အစိုးရအရာရှိများနှင့် တွေ့ဆုံရန်အစီအစဉ်မရှိကြောင်း...
HomeNewsLocal Newsရွှေပြည်သာ မီးလောင်မှုမှ မီးဘေးသင့်...

ရွှေပြည်သာ မီးလောင်မှုမှ မီးဘေးသင့် ပြည်သူ (၁၅၃)ဦးအား အ.ထ.က(၆)ကျောင်းတွင် ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၅/၈) ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းတွင် ယမန်နေ့ ဇန်နဝါရီ (၇) ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် ပြည်သူများကို အမှတ်(၅)ရပ်ကွက်၊ ရွက်လှလမ်း၊ အ.ထ.က(၆)ကျောင်းတွင် ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားရှိကြောင်း သိရသည်။

အဆိုပါ အိမ်ထောင်စု (၆၁)စု၊ အမျိုးသား (၆၁)ဦး၊ အမျိုးသမီး (၉၂)ဦး၊ စုစုပေါင်း လူဦးရေ(၁၅၃)ဦးတို့ မီးဘေးသင့်ခဲ့ပြီး အသက် (၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၊ အမှတ် (၅/၈)ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းရှိ လူနေအဆောင်တစ်ခုမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းချိန် (၂) နာရီနီးပါး ကြာမြင့်ခဲ့ပြီး Level 1 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရကာ နံနက် (၆) နာရီခွဲဝန်းကျင်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အဆောင်ငှားရမ်းသူ အသက်(၄၃)နှစ်အရွယ် အမျိုးသမီး တစ်ဦးကို ရွှေပြည်သာမြို့မ ရဲစခန်းမှ (ပ) ၁၄/၂၀၂၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ် ၃၀၄ (က)/ ၂၈၅ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Microsoft က အိန္ဒိယတွင် ဒေါ်လာ ၃ ဘီလျံရင်းနှီးမြှုပ်နှံမည်

နူးဒေလီ၊ ဇန်နဝါရီ ၇ အမေရိကန်နည်းပညာကုမ္ပဏီကြီး Microsoft သည် လာမည့်နှစ်နှစ်အတွင်း cloud computing နှင့် ဉာဏ်ရည်တုအခြေခံအဆောက်အဦအပါအဝင် လေ့ကျင့်ရေးတို့အတွက် အိန္ဒိယတွင် အမေရိ ကန်ဒေါ်လာ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းကြေငြာခဲ့သည်။ အဆိုပါကြေငြာချက်ကို လက်ရှိ အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေပြီး Bengaluru ၌ကျင်းပခဲ့သည့်ပွဲသို့‌ရောက်ရှိနေသည့် Microsoft အမှုဆောင်အရာရှိချုပ် Satya Nadella ကကြေငြာခဲ့ခြင်းလည်းဖြစ်သည်။ Microsoft နည်းပညာကုမ္ပဏီကြီးသည် ၂၀၃၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ AI ကျွမ်းကျင်မှုအတွက် လူပေါင်း ၁၀ သန်းကို လေ့ကျင့်ပေးရန်လျာထားသည်ဟုလည်းသိရသည်။ Microsoft က ၎င်း၏...

ထိုင်းနှစ်သစ်ကူးခရီးသွားရာသီအတွင်း လူ ၄၃၆ ဦး‌ေ-သဆုံးခဲ့

ဘန်ကောက်၊ဇန်နဝါရီ ၇ ထိုင်းနိုင်ငံ၌ ဒီဇင်ဘာ ၂၇ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ နှစ်သစ်ကူးခရီးသွားရာသီအတွင်း မတော်တဆမှု ၂,၄၆၇ ခုကြောင့် လူပေါင်း ၄၃၆ ဦး‌ေ-သဆုံးကာ ၂,၃၆၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များ၏ သတင်းထုတ်ပြန်ကြေငြာချက်များအရသိရသည်။ ယမန်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ‌ေ-သဆုံးမှုနှုန်းမြင့်တက်လာသော်လည်း မတော်တဆမှုနှင့်ထိခိုက်ဒဏ်ရာရမှုအရေအတွက်မှာ လျော့ကျသွားကြောင်းလည်းသိရသည်။ ယာဉ်အန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှု လေ့လာချက်များအရ ဘန်ကောက်မြို့တော်၌ လူ‌ေ-သဆုံးမှုအများဆုံးဖြစ်ပြီး ၂၆ ဦးအထိရှိကာ စံချိန်တင်‌ေ-သဆုံးမှုများဖြစ်ခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခု၌ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရသိရသည်။ ယာဉ်တို-က်မှုဖြစ်ရသည့်အကြောင်းအရင်းအများစုမှာ အရှိန်လွန်မောင်းနှင်ခြင်းနှင့် ယာဉ်တစ်စီးရှေ့တစ်စီး ‌ေကျာ်တက်ရာမှ မတော်တဆမှုဖြစ်ပွားရခြင်းဖြစ်သည်ဟုလည်းသူက ပြောသည်။ တစ်နှစ်ပတ်လုံး ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရန်လည်းလိုအပ်ကြောင်းလည်း...

အမေရိက၌ ကြက်ငှက်တုပ်ကွေးကြောင့် ပထမဆုံးအကြိမ်လူသေဆုံး

ဟူစတန်၊ဇန်နဝါရီ ၆ အမေရိကန်နိုင်ငံတောင်ပိုင်း လူဝီစီယားနားပြည်နယ်တွင် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် နိုင်ငံအတွင်း ပထမဆုံးအနေဖြင့် လူသေဆုံးမှုရှိခဲ့ကြောင်း လူဝီစီယားနားကျန်းမာရေးဌာနက သတင်းထုတ်ပြန်‌ခဲ့သည်။ သေဆုံးသူသည် အသက် ၆၅ နှစ်‌ေကျာ်ပြီး စီးပွားဖြစ်မဟုတ်သော်လည်း အိမ်‌ေနာက်‌ေဖးခြံ၌မွေးထားသည့် တိရစ္ဆာန်များ၊ငှက်များနှင့်ထိတွေ့မှုရှိခဲ့ကြောင်း ဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ လူနာ၏မိသားစု၊မိတ်ဆွေများနှင့်ထပ်တူ ချစ်ခင်ရသူတစ်ဦး ဆုံးရှုံးရမှုအတွက် ဝမ်းနည်းကြေကွဲရပါကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ထို့ပြင် လူနာ၏ ကိုယ် ရေးကိုယ်တာ ကို လေးစားသည့်အနေနှင့်ရော မိသားစုကိုပါ လေးစားခြင်းတို့ကြောင့် သေဆုံးသူနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဖော်ပြမည်မဟုတ်ဟုလည်းဆိုခဲ့သည်။ ပြည်သူလူထုသည် လက်ရှိတွင် ရောဂါအန္တရာယ် နည်းပါးနေသေးသော်လည်း ငှက်များ၊ ကြက်များ၊နွားများနှင့်ထိတွေ့မှု ရှိသူများက အန္တရာယ်ပိုများသည် ဟုလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ Source...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071