ယနေ့ ဇန်နဝါရီလ (၇) ရက် နံနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းတွင် Level 1 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။
ယနေ့နံနက် (၄) နာရီ (၅၀) မိနစ်ဝန်းကျင်က သီရိမင်္ဂလာပတ်လမ်းရှိ လူနေအဆောင်မှ မီးစတင်လောင်ကျွမ်းသည်ဟု ကနဦး သိရပြီး အဆိုပါ မီးလောင်ကျွမ်းမှုကို Level 1 အဆ င့် ယာဉ်အုပ်စု ထွက်ခွာကာ အချိန် (၂) နာရီ နီးပါး ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
” မွန်မလေး ဆိုင်အနောက်က အဆောင်က စလောင်တယ်လို့ ပြောကြတာပဲ။ မီးတော်တော်များတယ် ၊ ဘေးက အိမ်တ ချို့လည်း မီးကူးလောင်ကျွမ်းတယ်။ မွန်မလေးဆိုင် ဂိုထော င်လည်း မီးဟပ်သွားတယ် ။ မြောင်း ဒီဘက်အခြမ်းထိပါ ကူးလာတာ မီးက ၊ လူတွေလည်း ထိခိုက်တာ ရှိတယ်လို့ ပြောတယ်” ဟု မီးလောင်ပြင်သို့ ရောက်ရှိနေသည့် ရွှေပြည်သာမြို့နယ်မှ ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်တွင် အနည်းဆုံး နေအိမ် (၅) လုံးထက်မနည်း မီးလောင်ကျွမ်းမှုရှိခဲ့ကြောင်း သိရပြီး လူထိခိုက်ဒဏ်ရာရမှုများလည်းရှိခဲ့ကြောင်း ကနဦး သိရသည်။
” ကျွန်တော်တို့က လာပြီး ကူညီပေးတာဆိုတော့ အသေး စိ တ်ကတော့ နယ်မြေခံ မီးသတ်က ပိုသိလိမ့်မယ်။ ကျွန် တော်တို့ကတော့ ဘေးကို မီးမကူးအောင် ဝိုင်းထိန်းပေးခဲ့တာပေါ့နော်။ ကျွန်တော်တို့ ရှိတဲ့ ဘက်အခြမ်းကတော့ အ နည်းဆုံး (၃/၄) လုံးလောက်ရှိမယ်။ မီးလောင်နေတာကို မြင်ရတာပေါ့နော်” ဟု မီးလောင်မြင်သို့ လာရောက်ကူညီငြှိမ်းသတ်ပေးခဲ့သည့် ပုလဲအရန်မီးသတ်တပ်ဖွဲ့မှာ တာဝန်ခံ ကိုထင်လင်းအောင်က ပြောသည်။
မီးလောင်ကျွမ်းမှုအား နယ်မြေခံ မြို့နယ်မီးသတ်တပ်ဖွဲ့အ ပြင် Level 1 ယာဉ်အုပ်စု ၊ အရန်မီးသတ်တပ်ဖွဲ့များ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး နံနက် (၆) နာရီခွဲဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။