ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ဦးဆောင်သည့်အဖွဲ့သည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ရှန်ဟိုင်းမြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ရှန်ဟိုင်းမြို့၊ ရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (Shanghai International Terminal) သို့သွားရောက်လေ့လာစဉ် ပြည်ဝင်/ ပြည်ထွက် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာများနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများကို ဆက်စပ်ဌာနများ ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုလေ့လာခဲ့သည်။
ထို့ပြင် ရှန်ဟိုင်း ဆိပ်ကမ်း၌ နိုင်ငံတကာသို့ တင်ပို့မည့် မော်တော်ယာဉ်များ ထိန်းသိမ်းသည့်လုပ်ငန်းအစီအစဉ်များ၊ အရှေ့တောင်အာရှ နိုင်ငံများအပါအဝင် နိုင်ငံတကာသို့ တင်ပို့မည့် မော်တော်ယာဉ်များကို နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောပေါ်သို့ တင်ဆောင်နေမှု လုပ်ငန်းစဉ်များကိုလည်း ကြည့်ရှုလေ့လာခဲ့သည်။
ဆက်လက်၍ ဗဟိုထိန်းချုပ်ရေးစင်တာ (Terminal Control Center) သို့ သွားရောက်၍ ရှန်ဟိုင်းဆိပ်ကမ်းသို့ Terminal အသီးသီးမှ ဝင်ထွက် ဆိုက်ကပ်ကာ ကုန်ပစ္စည်းများ သယ်ယူတင်ချနေမှုကို နည်းပညာဖြင့် စောင့်ကြည့်ထိန်းချုပ်နေသည်ကို ကြည့်ရှုလေ့လာခဲ့ သည်။
ထိုသို့ ကြည့်ရှုလေ့လာခဲ့မှုများအတွင်း သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က အပြန်အလှန်ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။