ရှမ်းပြည်နယ်မှ ရေဘေးသင့်အာမခံအလုပ်သ မား(၂၃၀)ဦးကို လူမှုဖူလုံရေးအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်သန်း(၂၀) ကျော်အား ဇန်နဝါရီ ၂၇ ရက်နံနက်ပိုင်းက တောင်ကြီးမြို့ရှိ လူထုအခြေပြုစုပေါင်းခန်းမ၌ ပေးအပ်ခဲ့သည်။
အလုပ်သမားဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဝင်းရှိန်တက်ရောက်၍ ရေဘေးသင့်အာမခံအလုပ်သ မားများအား လူမှုဖူလုံရေးကူညီမှု အကျိုးခံစား ခွင့်နှင့် အလုပ်ခွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်များကို ပေးအပ်ခဲ့သည်။
ဒု-ဝန်ကြီးဦးဝင်းရှိန်မှ ရာဂီ မုန်တိုင်းဒဏ်ကြောင့် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများပိတ်သိမ်းရခြင်း၊ လယ်ယာမြေများ၊ သီးနှံစိုက်ခင်းများပျက် စီးဆုံးရှုံးကာ အခြေခံလူတန်းစားများအပါအဝင် လုပ်ငန်းရှင်များပါ စီးပွားရေး၊ လူမှုရေးထိခိုက်ခဲ့ရ၍ ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာက ဏ္ဍမှ နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးပေးခဲ့သည်ဟု ပြောကြားခဲ့သည်။
အလုပ်သမားဝန်ကြီးဌာနမှ ရှမ်းပြည်နယ်အတွင်း အလုပ်ဌာန(၇၀၀)ကျော်တွင် အာမခံအလုပ်သ မား(၁၀၀၀၀)ကျော်အနက် အလုပ်ဌာန(၄၀)မှ ရေ ဘေးသင့်အာမခံအလုပ်သမား(၂၃၀)ဦးကို လူမှုဖူလုံရေးအကျိုးခံစားခွင့် ငွေကျပ်(၂၀ ဒသမ ၆၈)သန်း၊ အလုပ်ခွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် ငွေကျပ်(၁၀ ဒသမ ၂၈)သန်းနှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ်(၁၃ ဒသမ ၇၅)သန်းကိုခွင့်ပြုထုတ်ပေးခဲ့သည်။
အဆိုပါ ရေဘေးသင့်အာမခံအလုပ်သမား(၂၃၀) ဦးအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့်ငွေကျပ်(၂၀ ဒသမ ၆၈)သန်းကို ဒု-ဝန်ကြီးဦးဝင်းရှိန်မှ ပြည်နယ်အစိုးရအဖွဲ့၏ လူမှုရေးရာဝန်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။