ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ မန်ကျောင်းကျေးရွာအုပ်စု တောတွင်းတစ်နေရာ၌ ကျားဖြန့်ငွေလိ-မ်ဂိုဏ်းတစ်ခုကို ယမန်နေ့ မတ်လ(၂၃) ရက်နေ့ နံနက်အစောပိုင်းအချိန်၌ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)က ယနေ့တွင် အသိပေးထုတ်ပြန် သည်။
ထိုသို့ စီးနင်းဖမ်းဆီးရာ၌ တရားမဝင် တရုတ်နိုင်ငံသား အချို့အပါ အဝင်ဆက်စပ်ပစ္စည်းများဖြစ်
သည့် ဖုန်းမျိုးစုံ ၊ I Pad ၊ ကွန်ပျုတာမျိုးစုံတို့ကို အများအပြား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများကိုလည်း သက်ဆိုင်ရာ တရုတ်နိုင်ငံသို့ ပြန်လည်လွဲပြောင်းပေး အပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သည့် SSPP/SSA အုပ်ချုပ်ရေးနယ်မြေအတွင်း ကျားဖြန့်အွန်လိုင်း ငွေလိ-မ်ဂိုဏ်းများကို အဖွဲ့လိုက်ဖြစ်စေ ၊ တစ်ဦးချင်းစီ ဖြစ်စေလက်ခံထားရှိခြင်းမပြုရန် မိမိတို့၏ တပ်မှူး ၊ ဌာနမှူး အဆင့်ဆင့်နှင့် အုပ်ချုပ်ရေးတာဝန်ခံအဆင့်ဆင့် အပါအဝင် မိဘပြည်သူများအားလုံးသို့ ပြီးခဲ့သည့်နှစ် မေလ(၁၃) ရက်၌ ထုတ်ပြန်ထားခဲ့ပြီဖြစ်ရာ ကျားဖြန့်အွန်လိုင်းငွေလိ-မ်ဂိုဏ်းများနှင့် ပါဝင်ပတ်သက်ကြောင်းသိရှိပါက ထိရောက်စွာဖမ်းဆီး အရေးယူသွားမည်ဖြစ်သည်ဟု အသိပေးချက်အရ သိရသည်။
ဓာတ်ပုံ-SSPP/SSA