ပေကျင်း၊ဒီဇင်ဘာ ၃၁
တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့သည် နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် နှုတ်ခွန်းဆက်စကားဖလှယ်ခဲ့ကြကြောင်းသိရသည်။
တရုတ်နှင့်ရုရှားတို့သည် မဟာမိတ်မဟုတ်၊ထိပ်တိုက်ရင်ဆိုင်ခြင်းမဟုတ်၊မည်သည့်နိုင်ငံကိုမျှ ပစ်မှတ်မထားဘဲ မှန်ကန်သောလမ်းစဉ်တစ်လျှောက် လက်တွဲလုပ်ဆောင်နေသည်ဟုလည်း ရှီကပြောကြားခဲ့သည်။
နှစ်နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုနှင့် မဟာဗျူဟာမြောက်ညှိနှိုင်းဆောင်ရွက်မှုသည် ခေါင်းဆောင်နှစ်ဦး၏ လမ်းညွှန်မှုအောက်တွင် ပိုမိုမြင့်မားသောအဆင့်သို့ စဉ်ဆက်မပြတ်ချီတက်နေပြီဖြစ်ကြောင်းလည်းဆက်လက်ပြောကြားခဲ့သည်။
နှစ်နိုင်ငံသည် BRICS ယန္တရားနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ဥက္ကဋ္ဌများအဖြစ် အပြန်အလှန် ပံ့ပိုးကူညီခဲ့ကြပြီး ကမ္ဘာ့တောင်ခြမ်းနိုင်ငံများအကြား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို သိသိသာသာအထောက်အကူပြုနိုင်ကြောင်း ရှီကပြောကြားခဲ့သည်။
နှစ်ဖက်စလုံးက အိမ်နီးချင်းကောင်းများအဖြစ် ချစ်ကြည်ရင်းနှီးမှု၊ အရေးပါသော ပေါင်းစပ်ညှိနှိုင်းမှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိသော တရုတ်-ရုရှားဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းနိုင်ရန်သာမက သမ္မတပူတင်နှင့် အနီးကပ်ဆက်ဆံမှုများကိုပါ ဆက်လက်ထိန်းသိမ်းသွားရန် အဆင်သင့်ရှိကြောင်းလည်း တရုတ်ခေါင်းဆောင်ကပြောကြားခဲ့သည်။
Source : ရှင်းဟွာ