Thursday, April 24, 2025

ဝါရင့်ကွင်းလယ်လူလှိုင်းဘိုဘိုအား ရှမ်းယူနိုက်တက်အသင်း ခေါ်ယူ

လာမည့် ‌ဘောလုံးရာသီသစ်အတွက် ပြင်ဆင်မှုများ ဆက်တိုက်ပြုလုပ်နေသော ရှမ်းယူနိုက်တက် အသင်းသည် ဝါရင့်ကွင်းလယ်လူလှိုင်းဘိုဘိုအား ခေါ်ယူအားဖြည့်လိုက်ပြီဖြစ်သည်။ အသက် (၂၉)နှစ်အရွယ် လှိုင်းဘိုဘိုသည် မန္တလေး၊ ပလိပ်ဘောလုံးသင်တန်းကျောင်းမှ ထွက်ပေါ်လာသူ...

Meta ၏ဉာဏ်ရည်တုသည် လူကဲ့သို့မြင်နိုင်၊ ဆင်ခြင်နိုင်၊...

ဧပြီ ၂၃ Meta ၏ FAIR အဖွဲ့သည် စက်ရုပ်၏မြင်သိနားလည်မှုနှင့် ဉာဏ်ရည်ကို တော်လှန်ရန် ရည်ရွယ်၍ ဒီဇိုင်းထုတ်တီထွင်ထားသော အစဉ်အလာမှ ဖေါက်ထွက်သော ကိရိယာငါးခုကို...

ကမ္ဘောဒီးယားနှင့်စင်္ကာပူတို့ ပညာရေးပူးပေါင်းမှုမြှင့်တင်မည်

စင်္ကာပူ၊ဧပြီ ၂၃ ကမ္ဘောဒီးယားနိုင်ငံပညာရေး လူငယ်နှင့်အားကစားဝန်ကြီးဌာနဝန်ကြီးမစ္စတာ Hang Chuon Naron သည် စင်္ကာပူပညာရေးဝန်ကြီး မစ္စတာ Chan Chun Sing နှင့်တွေ့ဆုံစဉ်...

တယ်လီကွန်းလိ-မ်လ-ည်သူ (၉၀၀) ကျော်ကို မြန်မာကတရုတ်သို့လွှဲပြောင်းပေး

ပေကျင်း၊ဧပြီ ၂၃ တယ်လီကွန်းလိ-မ်လ-ည်မှုဖြင့် သံသယရှိသူ (၉၂၀) ကျော်ကို မြန်မာနိုင်ငံမှတာဝန်ရှိသူအရာရှိများက တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက မြန်မာနိုင်ငံမြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်အနီးရှိ အကြီးစားတယ်လီကွန်းလိမ်လည်မှုစင်တာများကို...
HomeInternationalရှီ၏ခရီးစဉ်၌တရုတ်နှင့်ဗီယက်နမ်တို့စာချုပ်များစွာကိုလက်မှတ်ရေးထိုးခဲ့

ရှီ၏ခရီးစဉ်၌တရုတ်နှင့်ဗီယက်နမ်တို့စာချုပ်များစွာကိုလက်မှတ်ရေးထိုးခဲ့

ဟနွိုင်း၊ဧပြီ ၁၄

အမေရိက,က မြင့်မားလှသည့်အခွန်များကို စည်းကြပ်နေစဉ် ကုန်သွယ်ရေးကဏ္ဍတွင် တစ်ဖက်နှင့်တစ်ဖက်ပိုမိုပူးပေါင်းဆောင်ရွက်ရန်လိုအပ်သဖြင့် တရုတ်နှင့်ဗီယက်နမ်တို့သည် သဘောတူညီစာချုပ်များစွာကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟုသိရသည်။

ကမ္ဘာတစ်ဝန်း၌ အခွန်းတိုးမြှင့် ချမှတ်မှုကို ဆိုင်းငံ့ထားသည့် သက်တမ်းကုန်ဆုံးမည့်ဇူလိုင်လတွင် ဗီယက်နမ်အနေဖြင့် အမေရိက၏ အခွန်စည်းကြပ်မှု ၄၆ ရာခိုင်နှုန်းကိုရင်ဆိုင်ရမည်ဖြစ်သကဲ့သို့ တရုတ်သည်လည်း ၁၄၅ ရာခိုင်နှုန်းအထိအခွန်စည်းကြပ်ခံရမည့်အရေးကြောင့် တရုတ်သမ္မတရှီသည် အာဆီယံဒေသတွင်းသို့ ညှိနှိုင်းရေးခရီးစဉ်ကို ပြုလုပ်ရခြင်းလည်းဖြစ်သည်။

သမ္မတရှီသည် ဗီယက်နမ်ထိပ်တန်းခေါင်းဆောင် တူလန်နှင့်တွေ့ဆုံပြီးနောက် နှစ်နိုင်ငံကြားထောက်ပံ့ရေးလမ်းကြောင်းများတိုးမြှ့င့်ရေးအပါအဝင် မီးရထားလမ်းများပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ဒါဇင်ပေါင်းများစွာကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟုလည်းရိုက်တာသတင်းဌာနကဖော်ပြခဲ့သည်။

တရုတ်နှင့်ဗီယက်နမ်မီဒီယာများက နောက်ပိုင်းတွင်ဖော်ပြကြသည်မှာ နှစ်ဖက်ခေါင်းဆောင်များသည် သဘောတူညီချက်ပေါင်း ၄၅ ခုကိုလက်မှတ်ရေးထိုးခဲ့ကြသည်ဟုလည်းဆိုကြသည်။သို့သော် မည်သည့်သဘောတူညီချက်များပါဝင်သည်ဟူသောအသေးစိတ်အချက်ကိုမူ ဖော်ပြခြင်းမရှိခဲ့ပေ။

တရုတ်သမ္မတရှီကမူ ကုန်သွယ်ရေးစစ်ပွဲသည် မည်သည်တစ်ဦးတစ်ယောက်မျှအနိုင်မရနိုင်ဘဲ အကျိုးမရှိကြောင်း ၎င်း၏ခရီးစဉ်အတွင်းပြောကြားခဲ့ပြီး ဗီယက်နမ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ်တွင်မူ ၎င်းတို့နှစ်နိုင်ငံအနေဖြင့် တစ်ဖက်သတ်အနိုင်ကျင့်မှုမျိုးကိုရှောင်ရှားကြရမည်ဟုလည်းဆိုခဲ့သည်။

Source : ရိုက်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝါရင့်ကွင်းလယ်လူလှိုင်းဘိုဘိုအား ရှမ်းယူနိုက်တက်အသင်း ခေါ်ယူ

လာမည့် ‌ဘောလုံးရာသီသစ်အတွက် ပြင်ဆင်မှုများ ဆက်တိုက်ပြုလုပ်နေသော ရှမ်းယူနိုက်တက် အသင်းသည် ဝါရင့်ကွင်းလယ်လူလှိုင်းဘိုဘိုအား ခေါ်ယူအားဖြည့်လိုက်ပြီဖြစ်သည်။ အသက် (၂၉)နှစ်အရွယ် လှိုင်းဘိုဘိုသည် မန္တလေး၊ ပလိပ်ဘောလုံးသင်တန်းကျောင်းမှ ထွက်ပေါ်လာသူ ဖြစ်ပြီး ရတနာပုံ (လူငယ်အသင်း) တွင်စတင် ကစားခဲ့သူတစ်ဦး ဖြစ်သည်။ ထို့နောက် ၂၀၁၃ ခုနှစ်မှ စတင်ကာ ရတနာပုံစီနီယာအသင်းတွင် ကစားခဲ့ပြီး နောက်ဆုံးဘောလုံးရာသီ (၂) ခုတွင် ရန်ကုန်ယူနိုက်တက်အသင်း၌ ပါဝင်ကစားခဲ့သည်။ ရှမ်းပြည်နယ်ကိုယ်စားပြု ကလပ်အသင်းဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းသည် ပြည်ပကစားသမား ခေါ်ယူမှုများအား ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်ဟု အသင်းက အသိပေးထားသည်။ Myanmar National League...

Meta ၏ဉာဏ်ရည်တုသည် လူကဲ့သို့မြင်နိုင်၊ ဆင်ခြင်နိုင်၊ ပူးပေါင်းနိုင်ပြီ

ဧပြီ ၂၃ Meta ၏ FAIR အဖွဲ့သည် စက်ရုပ်၏မြင်သိနားလည်မှုနှင့် ဉာဏ်ရည်ကို တော်လှန်ရန် ရည်ရွယ်၍ ဒီဇိုင်းထုတ်တီထွင်ထားသော အစဉ်အလာမှ ဖေါက်ထွက်သော ကိရိယာငါးခုကို ထုတ်ဖော်ပြသခဲ့သည်။ ဤကိရိယာများသည် ပိုမိုပြတ်သားသောအမြင်၊ လေးနက်သော ကျိုးကြောင်းဆင်ခြင်မှုနှင့် လူမှုဆက်ဆံရေးအသိအမြင်ကို မြှင့်တင်ပေးပါသည်။ စက်ရုပ်များသည် သဘာဝဘာသာစကားကို အသုံးပြု၍ အရာဝတ္တုများကို မှတ်သား ရှာဖွေဖော်ထုတ် နိုင်သည်၊ လူသားများနှင့် ထိထိရောက်ရောက် ပူးပေါင်းလုပ်ဆောင်နိုင်သည်၊ ကိုယ်တိုင်လည်း လွတ်လပ်စွာ လေ့လာသင်ယူနိုင်ပြီဖြစ်သည်။ ၎င်းသည် ပိုမိုထက်မြက်သော AI သက်သက်မျှသာ မဟုတ်ပါ။ ဉာဏ်ရည်တု AI...

ကမ္ဘောဒီးယားနှင့်စင်္ကာပူတို့ ပညာရေးပူးပေါင်းမှုမြှင့်တင်မည်

စင်္ကာပူ၊ဧပြီ ၂၃ ကမ္ဘောဒီးယားနိုင်ငံပညာရေး လူငယ်နှင့်အားကစားဝန်ကြီးဌာနဝန်ကြီးမစ္စတာ Hang Chuon Naron သည် စင်္ကာပူပညာရေးဝန်ကြီး မစ္စတာ Chan Chun Sing နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ပညာရေးပူးပေါင်းမှုမြှင့်တင်ရန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ မစ္စတာဟန်သည် ပညာသင်ဖလှယ်ရေး အစီအစဉ်ဖြင့် စင်္ကာပူသို့ တရားဝင်ခရီးစဉ်ဖြင့် ရောက်ရှိနေခြင်းဖြစ်သည်။ မစ္စတာဟန်က ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန်ရည်ရွယ်၍ ၎င်းတို့၏ သက်ဆိုင်ရာပညာရေးစနစ်များ၏တိုးတက်မှုများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ကမ္ဘောဒီးယားနှင့်စင်္ကာပူနှစ်နိုင်ငံအကြား နှစ် (၆၀) သက်တမ်းရှိသည့် နှစ်နိုင်ငံဆက်ဆံရေးကိုလည်း အလေးပေးပြောကြားခဲ့သည်ဟု သိရသည်။ ထို့ပြင် သင်ကြားရေးစနစ်မြှင့်တင်ရန်နှင့် ပညာရေးအရည်အသွေးတိုးတက်စေရန်အတွက် ကမ္ဘောဒီးယားပညာရေးဝန်ကြီးဌာန၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071