Sunday, December 22, 2024

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ...

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော်...

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅...

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ...

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက...

အေးချမ်းသည့်ဆောင်းရာသီ၌ စောင်အထည် (၂၀၀၀)လှူဒါန်းခဲ့သည့် “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

နေပြည်တော်ရှိ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်ညနေ ၄ နာရီက နေပြည်တော်အနီးတစ်ဝိုက်ရှိ ဆောင်းရာသီ၌စောင်လိုအပ်နေသူများအတွက် (၄)နှစ် မြောက်အဖြစ် စောင်အထည်(၂၀၀၀)ကိုလှူဒါန်းပေးခဲ့ကြောင်း...
HomeNewsLocal Newsရှေးဟောင်းယဉ်‌ကျေးမှုနယ်မြေများ စစ်၏ ဓ-ားစာခံဖြစ်လာမည်ကို...

ရှေးဟောင်းယဉ်‌ကျေးမှုနယ်မြေများ စစ်၏ ဓ-ားစာခံဖြစ်လာမည်ကို စိုးရိမ်ရမည့် အခြေအနေသို့ ရောက်နေပြီလား

မြန်မာနိုင်ငံသည် ယဉ်ကျေးမှု အမွေအနှစ်များထွန်းကားပြီး သမိုင်းဆိုင်ရာအမွေအနှစ်များဖြင့် အစဉ်အလာကြီးမားသည့် နိုင်ငံတစ်နိုင်ငံပင်ဖြစ်သည်။

အဆိုပါ သမိုင်းဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်များကို တိမ်ကောပပျောက်မသွားစေရန် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန်အတွက်လည်း နိုင်ငံသားတိုင်းက စိတ်အားထက်သန်ကြသည်။

သို့သော် ယခုရက်ပိုင်း အွန်လိုင်းတွင် ပျံ့နှံလျက်ရှိသည့် ရုပ်သံအချို့ကြောင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် သမိုင်းဆိုင်ရာ အဆောက်အအုံများ ပျက်စီးထိခိုက်မှုများနှင့် ကြုံရမည့်အရေး စိတ်ပူစိုးရိမ်နေကြရသည့် အနေအထားကို တွေ့နေရသည်။

ထိုရုပ်သံဖိုင် ပျံ့နှံ့ထွက်ပေါ်လာပြီးနောက် ရှေးဟောင်းပညာရှင်များ၏ စိုးရိမ်သံများ ၊ သတိပေးစကားများပါ တဆက်တည်း ထွက်ပေါ်လာသည်။

ဤသည်ကား အခြားမဟုတ်၊

ဘိုးတော်ဘုရားလက်ထက် မြန်မာနိုင်ငံ၏ အကြီးမားဆုံးအဆောက်အအုံဖြစ်ဟန်တူခဲ့သည့် မင်းကွန်းပုထိုးတော်ကြီး အနီးဝန်းကျင်တွင် စစ်လက်နက်ပစ္စည်းများ ပစ်ခတ်စမ်းသပ်နေသည့် ရုပ်သံဖိုင်တစ်ခု ယခုရက်ပိုင်းတွင် လူမှုကွန်ရက် အသုံးပြုသူများအကြား ပျံ့နှံထွက်ပေါ်နေခြင်း ဖြစ်သည်။

အဆိုပါ နေရာဒေသသည် ရှေးဟောင်းယဉ်ကျေးမှု အစဉ်အလာကြီးမားပြီး သမိုင်းဆိုင်ရာ အထောက်အထားများအရ တန်ဖိုးကြီးမားသော နေရာဖြစ်သည့်အတွက် ထိန်းသိမ်းစောင့်ရှောက်မှုများ လုပ်ဆောင်နေကြရသည့် ဧရိယာဖြစ်ပြီး စစ်ပွဲအတွင်း ဓ-ားစာခံအဖြစ် ပျက်စီးဆုံးရှုံးရမည်ကို ပညာရှင်များက စိုးရိမ်နေကြခြင်း ဖြစ်သည်။

“ရှေးဟောင်း သုတေသနဆိုင်ရာ ပညာရှင်တစ်ယောက်အနေနဲ့ သုံးသပ်ရရင် ဒီဟာတွေက မဖြစ်သင့်ဘူးပေါ့ဗျာ။ လူမျိုးစုတစ်ခုရဲ့ အဆင့်အတန်း၊ လူမျိုးစုတစ်ခုရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေဆိုတာက ဝုန်းဒိုင်းဆို ချက်ချင်းကြီးဖြစ်လာတာ မဟုတ်ဘူး။ ဒီဟာတွေရဲ့ အောင်မြင်မှု ဆုံးရှုံးမှုဆိုတာတွေက ရှေးကဘိုးဘွားတွေရဲ့ အတွေ့အကြုံတွေ၊ ဘဝတွေနဲ့ ရင်းနှီးခဲ့ကြရတာပေါ့ဗျာ။ ကျွန်တော်တို့ လက်ထက်ရောက်မှ ဒီဟာတွေ ဆုံးရှုံးသွားမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် နှစ်ဦး နှစ်ဘက်ဆုံးရှုံးရတာပေါ့ဗျာ” ဟု ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး ပညာရှင်တစ်ဦးက ပေါ်ပြူလာနယူးသို့ ပြောသည်။

ကမ္ဘာတွင် ဖြစ်ပွား‌လျက်ရှိသည့် စစ်ပွဲများ၌ပင် ယဉ်ကျေးမှု အမွေအနှစ်နေရာများ ထိခိုက်
ပျက်စီးမှုများ ရှိနေသည်ဟုဆိုရမည်ဖြစ်သော်လည်း ယင်းကဲ့သို့ အဖြစ်အပျက်များ မဖြစ်ပေါ်စေရန် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ပညာရှင်များက သတိပေးမှုများ၊ အကြံပြုမှုများကို အစဉ်အမြဲ လုပ်ဆောင်လျက်ရှိသည်။

ထို့ပြင် စစ်ပွဲဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ၊ ကတိကဝတ်များ၌လည်း ရှေးဟောင်းအမွေအနှစ်နေရာများ၌ စစ်ပွဲများမဖော်ဆောင်ရန်နှင့် မလွှဲမရှောင်သာ ဖြစ်ပေါ်ခဲ့ပါကလည်း အဆိုပါ နေရာဒေသများအား အကာအကွယ်ပေးရန် အတိအလင်း ထည့်သွင်းဖော်ပြထားပြီးဖြစ်သည်။

” နှစ်ဘက်စလုံးရဲ့ ကျင့်ဝတ်နဲ့ ဆိုင်တာပေါ့။ အခုဖြစ်နေတဲ့ဟာကလည်း ပြည်ပစစ်မဟုတ်ဘူးလေ။ ပြည်တွင်းစစ် ဖြစ်နေတဲ့အတွက် နှစ်ဘက်စလုံးရဲ့ အမွေအနှစ်နဲ့ ဆိုင်တာပေါ့။ နှစ်ဘက်စလုံးရဲ့ ဘိုးဘွားတွေလေ။ ဒါကြောင့် ကျွန်တော်တို့ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်သူတွေ၊ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်တဲ့ ပရဟိတအသင်းတွေရဲ့ လုပ်ငန်းစဉ်တွေကိုတော့ နှစ်ဘက်စလုံးက လေးစားမှုထားသင့်တာပေါ့နော်” ဟု ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်သူ ပညာရှင်တစ်ဦးက ဆိုသည်။

မည်သည့်ရက် ၊ မည်သည့်အချိန်က အဆိုပါ ပစ်ခတ်စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်ကို အတည်မပြုနိုင်သော်လည်း ယင်း လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်နေသည့် နေရာမှာ မင်းကွန်း ပုထိုးတော်ကြီးအနီးရှိ ဘုရားရင်ပြင်တော်ပေါ် ၌ဖြစ်ပြီး ပစ်ခတ်မှုလုပ်နေသည့် မြင်ကွင်းတွင် ရှေးဟောင်းမဟာရံတံတိုင်းဖြစ်သလို ရှေးဟောင်းအဆောက်အဦ ပရဝုဏ်ရင်ပြင်တော်ပေါ်ကို အခြေယူပြီး ပစ်ခတ်နေခြင်းဖြစ်ကြောင်း ရှေးဟောင်းပညာရှင်များက သုံးသပ်ပြောဆိုကြသည်။

မြန်မာနိုင်ငံတွင် ပုဂံခေတ်၊ ကုန်းဘောင်ခေတ်၊ အင်းဝ၊ ပင်းယ၊ တောင်ငူ၊ ညောင်ရမ်း၊ အမရပူရခေတ်များအပါအဝင် ရှေးမြန်မာ ဘုရင်များ နန်းစိုက်ခဲ့ရာ နန်းတော်ရာများအပြင် ပျူ၊ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းစသည့် ရှေးခေတ်လူမျိုးစုများ အခြေချနေထိုင်ခဲ့ရာ မြို့ရွာနှင့် နေရာဒေသများစွာ၏ ယဉ်ကျေးမှုထွန်းကားရာ သမိုင်းအမွေအနှစ်ပေါင်းများစွာ သည် ယခုအချိန်ထိ ကျန်ရှိနေဆဲပင်ဖြစ်သည်။

အဆိုပါ ဒေသများတွင် ရှေးမြန်မာများ၏ နေထိုင်မှုပုံစံများ၊ ယဉ်ကျေးမှု စံတန်ဖိုးများကို ယနေ့အချိန်ထိ လေ့လာမှတ်သား အတုယူနေရဆဲလည်း ဖြစ်သည်။

သို့သော် ယခုအခါတွင် အဆိုပါ ရှေးမြန်မာများနှင့် မိမိတို့၏ ဘိုးဘွားအမွေအနှစ် ယဉ်ကျေးမှုများ ပျက်စီး ဆုံးရှုံးနိုင်ခြေမြင့်မားသည့် စစ်ရေးပြင်ဆင်မှုများ၊ တိုက်ပွဲဖော်ဆောင်မှုများကို လုပ်ဆောင်လာမည့် အရေးကို စိုးရိမ်ပူပန်ကြမည့်အခြေအနေသို့ ဆိုက်လာနေပြီဖြစ်သည်။မေးခွန်းထုတ်စရာ အခြေအနေပင် ဖြစ်သည်။

ပြီးခဲ့သည့် နှစ်များအတွင်းကလည်း သမိုင်းအစဉ်အလာ ကြီးမားခဲ့သည့် ရခိုင်ပြည်နယ်
အတွင်းက မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေအနီးတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အတွက် ရှေးဟောင်း သာသနိက အဆောက်အအုံအချို့နှင့် ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးဆုံးရှုံးရမည့်အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရဖူးသည်။

ထိုစဉ်ကလည်း ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်သူများနှင့် ပညာရှင်များ စိုးရိမ်စိတ်ဖြင့် သတိပေးစကားများ ပြောခဲ့ရသည်ကို တွေ့မြင်ခဲ့ရသည်။

အလားတူ မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီအနီးတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်း၊ ပုဂံဒေသရှိ တန့်ကြည်တောင်စေတီတွင် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဘုရားဖူးပြည်သူအချို့ ထိခိုက်‌ေ-သဆုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များလည်းဖြစ်ပွားခဲ့သေးသည်။

ထို့ကြောင့် လက်ရှိ ပါဝင်ပတ်သက်နေသည့် နှစ်ဘက်အဖွဲ့အစည်းများအနေဖြင့် ‌ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်နေရာဒေသများအား ထိခိုက်ဆုံးရှုံးမှု မရှိအောင် ဉာဏ်ပညာဖြင့် စဉ်းစားဆင်ခြင်ပြီး ကြိုတင်ရှောင်ရှားနိုင်ကြရန် အကြုံပြုမှုများကိုလည်း ပညာရှင်များက အသိပေးလျက်ရှိနေသည်။

ရှေးအစဉ်အဆက်က ဘိုးဘွားဘီဘင်တို့၏ အမွေအနှစ်များ၊ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တန်းဝင် သမိုင်းဆိုင်ရာ အဆောက်အအုံများ စစ်ကြောင့် ပျက်စီးဆုံးရှုံးရမည့်ဘေးမှ ချမ်းသာရာရနိုင်ရန် ကျင့်ဝတ် စည်းကမ်းများ လေးစားလိုက်နာ တန်ဖိုးထားကာ အကြံပြုမှုများကိုလည်း နှစ်ဘက်အဖွဲ့အစည်းများမှ လေးစားလိုက်နာကြရန်ပညာရှင်များက ပြောဆိုနေကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ ရွှေ့ခိုင်း

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော် မဲလ်ဘုန်း၏ အနောက်ဘက် ၂၄၁ ကီလိုမီတာခန့်နှင့် လူဦးရေ ၄၉၅ ဦးရှိသည့် Halls Gap ကဲ့သို့ ကျေးလက်မြို့လေးများအပါဝင် Grampians အမျိုးသားဥယျာဉ်အနီး ဧရိယာများအတွက် သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “အန္တရာယ်အရမ်းများတဲ့ အခြေအနေမရောက်ခင် အလုံခြုံဆုံးနေရာကို ချက်ချင်းထွက်ခွာပါ” ဟု ဗစ်တိုးရီးယားပြည်နယ် အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောဆိုခဲ့သည်။ မီးလောင်ပြင်များအနက်တစ်ခုသည် အင်္ဂါနေ့က မိုးကြိုးပစ်မှုများကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး တစ်ညလုံး...

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း ရုံးပိတ်ရက်ရှည် (၄) ကြိမ်ရရှိစေရန် ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေး

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တစ်ဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်သည့် ရုံးဖွင့်ရက်များကို အနီးစပ်ဆုံး စနေနေ့တစ်ရက်စီဖြင့် အစားထိုးရုံးပိတ်ရက်များအဖြစ် ပြန်လည် သတ်မှတ်ထားကြောင်းလည်း သိရသည်။ ပထမရုံးပိတ်ရက်ရှည်တွင် ပိတ်ရက် ၅ ရက်ရှိမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက် (ကရင်နှစ်သစ်ကူးနေ့)နှင့် လာမည့်...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲမှ ထွက်ခွာရ

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၅)ဂိုးပြတ်ဖြင့် ရှူံးနိမ့်ခဲ့ရသည်။ ယနေ့ ပွဲစဉ်အတွင်း ပထမပိုင်းပွဲပြီးချိန်အထိ နှစ်ဘက်အသင်း သွင်းဂိုးမရရှိဘဲ ဒုတိယပိုင်း ပွဲချိန်၌ ဗီယက်နမ်အသင်း က (၅)ဂိုး သွင်းယူကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗီယက်နမ်အသင်းသည် ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ပြီး မြန်မာအသင်းမှာ အုပ်စုအဆင့်မှသာ အိမ်ပြန်ခဲ့ရခြင်းဖြစ်သည်။ အာဆီယံ မစ်ဆူဘီရှီဖလား ပြိုင်ပွဲအုပ်စု (ဘီ)တွင် အင်ဒိုနီးရှားအသင်းက ရမှတ် (၄)မှတ်ဖြင့် အုပ်စုတွင်းထိပ်ဆုံးနေရာတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071