Saturday, November 23, 2024

ဘေးတွဲဆိုင်ကယ်ဖြင့် စိတ်ကြွဆေးပြားများလာရောက်ရောင်းချသည့် လင်မယားနှစ်ဦးကို ကျောက်တန်းမြို့တွင်ဖမ်းမိ

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့တွင် ယနေ့ နိုဝင်ဘာ ၂၃ ရက်ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ဘေးတွဲဆိုင်ကယ်ဖြင့် စိတ်ကြွဆေးပြားများလာရောက်ရောင်းချသည့် လင်မယားနှစ်ဦးကို...

ကလေ-းလုပ်သား ပပျောက်ရေး ဆက်လက် အကောင်အထည်ဖော်သွားမည်

မြန်မာနိုင်ငံ ကလေ-းအလုပ်သမား ပပျောက်ရေး အမျိုးသားအဆင့် ဒုတိယ (၅) နှစ် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်) ကို မူလရည်မှန်းချက် (၆)ရပ်အပေါ်အခြေခံ၍...

ရုရှားက ဟိုက်ပါဆောနစ်ဒုံးကျည် ထုတ်သုံးလာ၍ နေတိုးနှင့်...

စစ်ပွဲ က ၃၃ လနီးပါးအကြာတွင် စစ်ရှိန်ပိုမြင့်စေခဲ့သည့် ယူကရိန်း၏ အလယ်ပိုင်းမြို့တစ်မြို့ကို ရုရှားက စမ်းသပ်ဆဲ အသံထက်မြန်သော ဟိုက်ပါဆောနစ်ဒုံးကျည်သုံး တိုက်ခိုက်လာမှုကြောင့် နေတိုးအဖွဲ့နှင့်...

မူဆယ်တွင် ပိုင်ရှင်မဲ့အလောင်း တွေ့ရှိမှု ပိုများလာ

ယခု ၂၀၂၄ ခုနှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှုများ ပိုမိုများပြားလာကြောင်း ဒေသခံ လူမှုကူညီရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် နှလုံးလှ ပရဟိတ (မူဆယ်)...
HomeNewsLocal Newsလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားရာ နယ်စပ်ဂိတ်များကို...

လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားရာ နယ်စပ်ဂိတ်များကို လုံခြုံရေးအထူးတင်းကျပ်ထားဟု တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒု-ဝန်ကြီးပြော

လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားရာ နယ်စပ်ဂိတ်များကို လုံခြုံရေးအထူးတင်းကျပ်ထားဟု တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဌာန ဒု-ဝန်ကြီး Mr. Xu Ganlu က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်နှင့်တွေ့ဆုံစဉ် ဆွေးနွေးပြောကြားခဲ့သည်။

ဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဒု-ဝန်ကြီး Mr. Xu Ganlu တို့သည် နိုဝင်ဘာ ၂၁ ရက်နေ့နံနက်ပိုင်းက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Double Tree Hilton ဟိုတယ်၌တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံစဉ် ဒု-ဝန်ကြီး Mr. Xu Ganlu မှ မြန်မာ -တရုတ်နှစ်နိုင်ငံနယ်စပ် ဝင်/ထွက်ဂိတ်တစ်ချို့ကို လုံခြုံရေးအရစိစစ်ခွင့်ပြုပေးလျက်ရှိပြီး လက်နက်ကိုင်အဖွဲ့အစည်းများထိန်းချုပ်ထားရာနယ်စပ်ဂိတ်များကို လုံခြုံရေးအထူးတင်းကျပ်ထားသည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် အခြားနိုင်ငံများ၏ နယ်စပ်ဂိတ်များဝင်/ထွက်သွားလာမှုကို စနစ်တကျစစ်ဆေးကြပ်မတ်ရေး၊ မြန်မာနိုင်ငံ၌ဆောင်ရွက်လျက်ရှိသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအတွက်နည်းပညာနှင့် ဘာသာရပ်ကျွမ်းကျင်မှုဆိုင်ရာ လိုအပ်သည့် ပံ့ပိုးကူညီမှုများပေးနိုင်ရေးကို ဆွေးနွေးခဲ့ကြသည်။

ထို့အတူ နှစ်နိုင်ငံနယ်စပ် ပြည်ဝင်/ပြည်ထွက် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများအတွက်လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ တရုတ်နိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းများအောင်မြင်ရေး ထောက်ခံရပ်တည်ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုအရ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘေးတွဲဆိုင်ကယ်ဖြင့် စိတ်ကြွဆေးပြားများလာရောက်ရောင်းချသည့် လင်မယားနှစ်ဦးကို ကျောက်တန်းမြို့တွင်ဖမ်းမိ

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့တွင် ယနေ့ နိုဝင်ဘာ ၂၃ ရက်ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ဘေးတွဲဆိုင်ကယ်ဖြင့် စိတ်ကြွဆေးပြားများလာရောက်ရောင်းချသည့် လင်မယားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ကျောက်တန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်မှ ကျောက်တန်းမြို့သို့ မူးယစ်ဆေးဝါးများလာရောက်ရောင်းချမှုရှိနေကြောင်းသတင်းအရ ကျောက်တန်းမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ဆိတ်ကြီးကွင်းလမ်းမပေါ်၌ ဆိတ်ကြီးကွင်းဘက်သို့ အမျိုးသားတစ်ဦးမောင်းနှင်ကာ အမျိုးသမီးတစ်ဦးလိုကိပါလာသော ဘေးတွဲဆိုင်ကယ်တစ်စီးအား တားဆီးစစ်ဆေးခဲ့ကြသည်။ ထိုသို့ စစ်ဆေးရာ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာနေ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ ကို ကိုလတ်(၄၃)နှစ်နှင့် မနိုင်နိုင်မွန်(၃၅)နှစ် လင်မယားနှစ်ဦးထံမှ စိတ်ကြွဆေးပြား(၄၈၀)ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးအား ကျောက်တန်းမြို့မရဲစခန်းက...

ကလေ-းလုပ်သား ပပျောက်ရေး ဆက်လက် အကောင်အထည်ဖော်သွားမည်

မြန်မာနိုင်ငံ ကလေ-းအလုပ်သမား ပပျောက်ရေး အမျိုးသားအဆင့် ဒုတိယ (၅) နှစ် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်) ကို မူလရည်မှန်းချက် (၆)ရပ်အပေါ်အခြေခံ၍ နေပြည်တော်ကောင်စီ၊ တိုင်းနှင့် ပြည်နယ် အားလုံးတွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေ-းအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီမှ သိရသည်။ မြန်မာနိုင်ငံ ကလေ-းအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ အတွင်းရေးမှူးအဖွဲ့၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ (၂၂)ရက်က နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး...

ရုရှားက ဟိုက်ပါဆောနစ်ဒုံးကျည် ထုတ်သုံးလာ၍ နေတိုးနှင့် ယူကရိန်း အရေးပေါ်အစည်းအဝေးလုပ်မည်

စစ်ပွဲ က ၃၃ လနီးပါးအကြာတွင် စစ်ရှိန်ပိုမြင့်စေခဲ့သည့် ယူကရိန်း၏ အလယ်ပိုင်းမြို့တစ်မြို့ကို ရုရှားက စမ်းသပ်ဆဲ အသံထက်မြန်သော ဟိုက်ပါဆောနစ်ဒုံးကျည်သုံး တိုက်ခိုက်လာမှုကြောင့် နေတိုးအဖွဲ့နှင့် ယူကရိန်းတို့အကြား အင်္ဂါနေ့(နိုဝင်ဘာ ၂၆) တွင် အရေးပေါ် ဆွေးနွေးမှုလုပ်သွားမည်ဖြစ်သည်။ ပဋိပက္ခသည် “အဆုံးအဖြတ်အဆင့်သို့ ရောက်ရှိလာပြီ” ဟု ပိုလန်နိုင်ငံဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်က သောကြာနေ့တွင် ပြောကြားလိုက်ပြီး “အလွန်စိတ်လှုပ်ရှားစရာ အနေအထားများပေါ်ပေါက်နေပြီ” ဟုလည်း ဆိုခဲ့သည်။ ကြာသပတေးနေ့တွင် ရုရှားက ဒီနီပရိုမြို့ရှိ စစ်ဘက်အဆောက်အအုံကို တိုက်ခိုက်ခဲ့ပြီးနောက် လုံခြုံရေးတင်းကျပ်ထားရသဖြင့် ယူကရိန်း၏ ပါလီမန်အစည်းအဝေးကို ဖျက်သိမ်းလိုက်ရသည်။ နိုင်ငံတော်ရုပ်သံမိန့်ခွန်းတွင် အနောက်နိုင်ငံများအပေါ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071