Saturday, November 16, 2024

ရွှေပြည်သာ ၁၄ လမ်းဆုံတွင် ပံ့သကူကောက်သည့်...

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံတွင် ယနေ့ နိုဝင်ဘာ ၁၅ ရက်ည ၈ နာရီခွဲခန့်က ပံ့သကူကောက်သည့် အမျိုးသမီးတစ်ဦးကားတို-က်ခံရပြီး‌ေ-သဆုံးသွားခဲ့ကြောင်း ကနောင်လူမှုကူညီရေးအသင်းထံမှ...

အကြိမ် (၁၁၀) မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ...

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို (၁၁၀) ကြိမ်မြောက်အဖြစ် ယနေ့ နိုဝင်ဘာ (၁၅)ရက်၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက်က အမှတ် (၆)ရပ်ကွက်ရှိ...

နေပြည်တော်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ...

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ယနေ့ နိုဝင်ဘာ ၁၅ ရက်ညပိုင်းက ဆီမီး(၁၀၀၀)ဖြင့်ထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။ ထို့ပြင်...

လာရောက်လည်ပတ်ချိန်တွင် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် သာယာလှပမှုများစွာကိုခံစားမိဟု...

မိမိတို့လာရောက်လည်ပတ်ချိန်တွင် မြန်မာနိုင်ငံ ၏ တည်ငြိမ်အေးချမ်းမှုနှင့် သာယာလှပမှုများစွာကိုခံစားမိသည်ဟု ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ H.E. Mr. Tsydenov Alekesei Sambuevich...
HomeNewsLocal Newsလက်ရှိနိုင်ငံရေး အကျပ် အတည်းများကို...

လက်ရှိနိုင်ငံရေး အကျပ် အတည်းများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာသွားရန် ဆုံးဖြတ်

လက်ရှိနိုင်ငံရေး အကျပ် အတည်းများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာသွားရန် ဆုံးဖြတ်

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏စတုတ္ထအကြိမ်မြောက် NCA-S EAO ထိပ်သီးခေါင်းဆောင်များ ညီလာခံ (ဒုတိယပိုင်း)က လက်ရှိနိုင်ငံရေးအကျပ်အတည်းအား အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် ကိုက်ညီမှုရှိစေရန်အတွက် PPST ၏ လက်ရှိစုဖွဲ့မှုကို ပြင်ဆင်ဖွဲ့စည်းရန်နှင့် လက်ရှိမြန်မာ ပြည်၏နိုင်ငံရေးအကျပ်အတည်းကို နည်းလမ်းရှာဖြေရှင်းနိုင်စေရန် စသည့် အဓိကရည်ရွယ်ချက်များဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ စတုတ္ထ အကြိမ်မြောက် NCA-S EAO ထိပ်သီးခေါင်းဆောင်များ ညီလာခံ (ဒုတိယပိုင်း)ကို ၂၀၂၂ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့မှ ဧပြီလ (၂) ရက်နေ့ အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် အောင်မြင်စွာ ကျင်းပခဲ့ပြီးနောက် စုဝေးဆုံးဖြတ်ခဲ့ကြခြင်းလည်းဖြစ်သည်။

ဤညီလာခံမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြန်လည်စုဖွဲ့မှုပုံစံ၊ PPST စုဖွဲ့မှုအသစ်အတွက် လုပ်ငန်းလမ်းညွှန် (TOR)နှင့် PPST ၏ နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာအဆိုပြုချက်တို့အား အကျေအလည်ဆွေးနွေး ညှိနှိုင်းခဲ့ ကြပြီး အတည်ပြုနိုင်ခဲ့သည်ဟုပါ ထည့်သွင်းသတင်းထုတ်ပြန်ခဲ့ကြသည်။

ယင်းအပြင် လတ်တလော အရေးပေါ်လိုအပ်နေသည့် လူသားချင်းစာနာထောက်ကူမှု အကူအညီများအတွက် နိုင်ငံတကာအသိုင်းအဝန်းနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေးကိစ္စ ရပ်များအပါအဝင် နိုင်ငံတကာဆက်ဆံရေးကိစ္စရပ်များအား စုစုစည်းစည်းဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးနောက် ထိုကဲ့သို့ နိုင်ငံရေးနည်းလမ်း ဖြင့် ဆွေးနွေးအဖြေရှာရာတွင် သက်ဆိုင်သူအားလုံးပါဝင်သည့်အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးမှုလမ်း ကြောင်းကို အစဉ်တစိုက် ဦးတည်ဆောင်ရွက်သွားမည်ဟုပါ သတင်းထုတ်ပြန်ခဲ့ကြသည်။

ထို့နောက် အာဆီယံအထူးကိုယ်စားလှယ်၏ ပထမအကြိမ် မြန်မာနိုင်ငံခရီးစဉ်အတွင်း ကြိုးပမ်းဆောင်ရွက်ချက်များနှင့် ရှေ့ ဆက်ဆောင်ရွက်မည့် အစီအစဉ်များအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကြိုးပမ်းမှုများအပေါ် ကြိုဆိုခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေပြည်သာ ၁၄ လမ်းဆုံတွင် ပံ့သကူကောက်သည့် အမျိုးသမီးတစ်ဦး ကားတို-က်ခံရပြီး‌ေ-သဆုံး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံတွင် ယနေ့ နိုဝင်ဘာ ၁၅ ရက်ည ၈ နာရီခွဲခန့်က ပံ့သကူကောက်သည့် အမျိုးသမီးတစ်ဦးကားတို-က်ခံရပြီး‌ေ-သဆုံးသွားခဲ့ကြောင်း ကနောင်လူမှုကူညီရေးအသင်းထံမှ သိရသည်။ ရွှေပြည်သာမြို့နယ်၊ ပုလဲလမ်းရှိ ၁၄ လမ်းဆုံတွင် ကားတစ်စီးပေါ်မှပိုက်ဆံကျဲချသည်ကို မိခခင်ဖြစ်သူအပါအဝင် သားအမိ(၄)ဦးကပြေးကောက်စဥ် နောက်မှမောင်းနှင်လာသောကားတစ်စီးမှ အသက်(၄၀)နှစ်ရှိ မိခင်ဖြစ်သူအားဝင်တို-က်မိခဲ့ကြောင်း သိရသည်။ " ကလေ-း(၃)ယောက်ကတော့လွတ်သွားတယ်။ ကြောက်လန့်ပြီးထွက်ပြေးသွားလို့ မနည်းပြန်ရှာခဲ့ရတယ်။ သူတို့ရဲ့အမေကတော့ ကားတို-က်ခံခဲ့ရပါတယ်။ ကားပေါ်ကနေပိုက်ဆံကျဲသွားတာကိုပြေးကောက်ကြရင်း အခုလိုဖြစ်သွားတာ။ သူတို့တွေက အခင်းဖြစ်တဲ့နေရာနားမှာနေကြတဲ့သူတွေပါ။ ဝင်တို-က်မိတဲ့ကားက တို-က်ပြီးမောင်းပြေးသွားတဲ့အနေအထားမှာရှိတယ်။ အခင်းဖြစ်နေရာမှာမတွေ့ဘူး"ဟု ကနောင်လူမှုကူညီရေးအသင်းမှ ကိုသူရိန်ကပြောသည်။ ဖြစ်စဥ်မှ မိခင်ဖြစ်သူမှာ...

အကြိမ် (၁၁၀) မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို (၁၁၀) ကြိမ်မြောက်အဖြစ် ယနေ့ နိုဝင်ဘာ (၁၅)ရက်၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက်က အမှတ် (၆)ရပ်ကွက်ရှိ မဟာဘုံစံဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ (၁၁၀) ကြိမ်မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံ ကထိန် ဆက်ကပ်လှူဒါန်းရာတွင် စေတနာ ရှင်အလှူရှင်များက အလှူငွေနှင့် လှူဖွယ်ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ်သိန်းသုံးရာခန့် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ မဟာဘုံကထိန်အလှုတွင် တက်ရောက်လာသူများက နမော တဿ (၃)ကြိမ် ရွတ်ဆိုအခမ်းအနားကို ဖွင့်လှစ်ပြီး မဟာဘုံစံကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တစာရိ...

နေပြည်တော်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဆီမီး(၁၀၀၀)ဖြင့်ထွန်းညှိပူဇော်

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ယနေ့ နိုဝင်ဘာ ၁၅ ရက်ညပိုင်းက ဆီမီး(၁၀၀၀)ဖြင့်ထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။ ထို့ပြင် နစက ဥက္ကဋ္ဌနှင့်ဇနီး၊ နစက ဒု-ဥက္ကဋ္ဌနှင့်ဇနီး၊ တက်ရောက်လာကြသူများက စေတီတော်မြတ်ကြီးအား ဆီမီးများ၊ ရောင်စုံမီးအလှများဖြင့် ထွန်းညှိပူဇော်ကာ ပန်း၊ ရေချမ်းများကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း၌လည်း တန်ဆောင်တိုင်မီးထွန်းပွဲတော်အထိမ်းအမှတ်အဖြစ် လမ်း၊ အဆောက်အဦများ၊ ပန်းအလှ သစ်ပင်များတွင် ရောင်စုံမီးအလှများဖြင့် မီးထွန်းပွဲတော်ကို ပျော်ပွဲရွှင်ပွဲများဖြင့်ကျင်းပလျက်ရှိကြောင်း သိရသည်။ ထို့အတူ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည် နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးတော်များတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071