Tuesday, March 18, 2025

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖျက်ရေးတွင်ယူအက်စ်ကစွက်ဖက်ခွင့်မရှိ

ပေကျင်း၊ မတ် ၁၇ လူမှောင်ခိုကူးမှုနှင့် အခြားနယ်စပ်ဖြတ်ကျော်မှုခင်းများကို နှိမ်နင်းရန် အချုပ်အခြာအာဏာပိုင်နိုင်ငံနှစ်ခုဖြစ်သော တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံလုံး၏ ပြည်တွင်းဥပဒေများနှင့်အညီဖြစ်သကဲ့သို့ နိုင်ငံတကာဥပဒေနှင့် ဘုံကျင့်ထုံးများနှင့်အညီလည်း...

တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်ဖြစ်သည့် မြန်မာစာဘာသာရပ်အားဝင်ရောက်ဖြေဆိုသူ ၉၄...

ယနေ့ မတ် ၁၇ ရက်တွင်စတင်ကျင်းပသည့် ၂ဝ၂၄ -၂ဝ၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြစ်သော မြန်မာစာဘာသာရပ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊...

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း...

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော်...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂...
HomeInternationalလစ်ဘာတီရုပ်တုပြန်ပေးရန်ဉရောပလွှတ်တော်ပြင်သစ်အမတ်ကအမေရိကကိုပြော

လစ်ဘာတီရုပ်တုပြန်ပေးရန်ဉရောပလွှတ်တော်ပြင်သစ်အမတ်ကအမေရိကကိုပြော

မတ် ၁၇

ပြင်သစ်နိုင်ငံသည် အမေရိကန်နိုင်ငံကို လွတ်လပ်ရေးလေဘာတီ ရုပ်တု ပေးခဲ့သော်လည်း ရုပ်ထုကို ပေးသော တန်ဖိုးများကို မလေးစားသောကြောင့် ပြင်သစ်နိုင်ငံမှ ပြန်လည်သိမ်းယူသင့်သည်ဟု ဉရောပလွှတ်တော် ပြင်သစ် ကိုယ်စားလှယ်တက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

“လွတ်လပ်ရေးရုပ်တုကို ငါတို့ကိုပြန်ပေးပါ” ဟု ဗဟိုလက်ဝဲနိုင်ငံရေးသမား ရာဖယ် ဂလပ်စမန်း က ၎င်း၏ ပလေ့စ် ပျူဘလစ် ဗဟိုလက်ဝဲလှုပ်ရှားမှုညီလာခံတွင် ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့သည် သနားကြင်နာမှုမရှိသော အာဏာရှင်တွေ ဘက်လိုက်ဖို့ ရွေးချယ်ထားတဲ့ အမေရိကန်များ၊ သိပ္ပံပညာဆိုင်ရာ လွတ်လပ်ခွင့်အတွက် သုတေသီတွေကို အလုပ်ထုတ်ပစ်ခဲ့တဲ့ အမေရိကန်များကို ရည်ရွယ်ပြီး မဲဆွယ်ပွဲတွင် ကြွေးကြော်နေသော ပံ့ပိုးသူများ၊ အားပေးသူများကို ပြောကြားခဲ့သည်။

” ကျွန်ုပ်တို့က သင်တို့ကို လက်ဆောင်အဖြစ် ပေးခဲ့တယ်၊ ဒါပေမယ့် မင်း တို့က အဲဒါကို မထီမဲ့မြင်ပြုနေတာ ထင်ရှားတယ်။ ဒါကြောင့် လွတ်လပ်ရေးရုပ်တုကို ပြင်သစ်မှာ ထားတာ ပိုကောင်းလိမ့်မယ်” ဟု သူက ဆက်ပြောခဲ့သည်။

ပြင်သစ်ပြည်သူများထံမှ အမေရိကန်ပြည်ထောင်စုသို့ အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်း၏ နှစ်တစ်ရာပြည့်အထိမ်းအမှတ်အတွက် လက်ဆောင်အဖြစ် လွတ်လပ်ရေးရုပ်တုကို ၁၈၈၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် နူးယော့ခ်မြို့ ဆိပ်ကမ်းတွင် စတင်ထုတ်ဖော်ပြသခဲ့သည်။ ၎င်းကို ပြင်သစ်လူမျိုး အိုဂျူ့စ်တ် ဘာထိုးဒီ က ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။ ပါရီမြို့တွင် စဲန်း (စိန်း) မြစ်ပေါ်ရှိ ကျွန်းငယ်တစ်ခုပေါ်တွင် သေးငယ်သော လွတ်လပ်ရေး ရုပ်တုမိတ္တူ တစ်ခုသာရှိပါသည်။

ဂလပ်စမန်းက ယူကရိန်ကို အခိုင်အမာ ခုခံကာကွယ်သူ ဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်၏ စစ်ပွဲနှင့်ပတ်သက်သည့် အမေရိကန်မူဝါဒ ပြင်းထန်သော အပြောင်းအလဲကို က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူလဲဖြစ်သည်။

သူသည် အမေရိကန် သုတေသနအဖွဲ့အစည်းများကို ထရမ့်ပ်ကငွေကြေးဖြတ်တောက်လျော့ချမှု ကိုလည်း ဝေဖန်ခဲ့ပြီး ၎င်းတို့ထဲမှ အချို့ကို ပြင်သစ်အစိုးရနှင့်ပေါင်း၍ ပြင်သစ်တွင် အလုပ်လုပ်ရန် ဖိတ်ခေါ်သည့် အစီအစဉ်တစ်ခုကိုလည်း စတင်ခဲ့ပါသည်။

“ဒုတိယအချက်အနေနဲ့ အမေရိကန်တွေကို ကျွန်ုပ်တို့ပြောမယ့်အရာက သင်တို့ရဲ့လွတ်လပ်မှုနဲ့ သူတို့ရဲ့ဆန်းသစ်တီထွင်မှု၊ သံသယဖြစ်နိုင်မှု၊ သုတေသနဆိုင်ရာစိတ်ဝင်စားမှုတွေရှိတဲ့ သင်တို့နိုင်ငံကို ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်အောင် လုပ်ထားတဲ့သူတွေအားလုံးကို ဖယ်ပစ်ချင်တယ်ဆိုရင် ကျွန်ုပ်တို့က သူတို့ကို ကြိုဆိုမှာပါ” ဟု ဂလပ်စမန်း က ဆက်လက်ပြောပြသည်။

ထရမ့် သည် ဇန်နဝါရီလတွင် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာပြီးကတည်းက ၎င်း၏အစိုးရသည် ဗဟိုအစိုးရ၏ သုတေသနရန်ပုံငွေကို ဖြတ်တောက်လျော့ချခဲ့ပြီး ကျန်းမာရေးနှင့် ရာသီဥတုဆိုင်ရာ သုတေသနတွင် လုပ်ဆောင်နေသည့် ဖက်ဒရယ်အလုပ်သမား ရာနှင့်ချီကို ထုတ်ပယ်ရန် ကြိုးပမ်းခဲ့သည်။

ဂလပ်စမန်း သည် ပြင်သစ်ရှိ လက်ယာစွန်းခေါင်းဆောင်များကိုလည်း ဝေဖန်ခဲ့ပြီး၊ ၎င်းတို့သည် ထရမ့်ပ် နှင့် ဘီလျံ အီလွန် မတ်စ် တို့၏ဘပရိတ်သတ်များဟုခေါ်ဆိုခဲ့သည်။ အီလွန် မတ်စ် သည် ထရမ့်ပ်၏ အသုံးစရိတ်ဖြတ်တောက်ရန် ကြိုးပမ်းမှုများကို ဦးဆောင်နေသည်ဟု လည်းသူက ထပ်မံပြောကြားခဲ့သည်။

Ref: ဖရင့်စ်ဗန့်ကတ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖျက်ရေးတွင်ယူအက်စ်ကစွက်ဖက်ခွင့်မရှိ

ပေကျင်း၊ မတ် ၁၇ လူမှောင်ခိုကူးမှုနှင့် အခြားနယ်စပ်ဖြတ်ကျော်မှုခင်းများကို နှိမ်နင်းရန် အချုပ်အခြာအာဏာပိုင်နိုင်ငံနှစ်ခုဖြစ်သော တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံလုံး၏ ပြည်တွင်းဥပဒေများနှင့်အညီဖြစ်သကဲ့သို့ နိုင်ငံတကာဥပဒေနှင့် ဘုံကျင့်ထုံးများနှင့်အညီလည်း ဆောင်ရွက်လျက်ရှိသည်။ ယခု ကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုတွင် အမေရိကန်အနေဖြင့် ဝင်ရောက်စွက်ဖက်ခွင့်မရှိပါဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့မှာ ပြောကြားခဲ့ပါသည်။ တရုတ် ပြောခွင့်ရပုဂ္ဂိုလ် မောနင်းက တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က နေရပ်ပြန်ပို့ရေး ပူးပေါင်းဆောင်ရွက်မှုမှာ ပါဝင်သော ထိုင်းအစိုးရ အရာရှိများအပေါ် အကျိုး သက်ရောက်မည့်...

တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်ဖြစ်သည့် မြန်မာစာဘာသာရပ်အားဝင်ရောက်ဖြေဆိုသူ ၉၄ ရာခိုင်နှုန်းကျော်ရှိ

ယနေ့ မတ် ၁၇ ရက်တွင်စတင်ကျင်းပသည့် ၂ဝ၂၄ -၂ဝ၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြစ်သော မြန်မာစာဘာသာရပ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၉၄ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်ဖြေဆိုရာ၌ နေပြည်တော်အတွင်း မြို့နယ်(၈)မြို့နယ်ရှိ စာစစ်ဌာန(၄၇)ခု၌ မြန်မာစာဘာသာရပ်အား ကျောင်းသား(၅၄၈၄)ဦး၊ ကျောင်း သူ(၇၀၆၈)ဦး(စုစုပေါင်း ၁၂၅၅၂ ဦး)ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တိုင်းနှင့် ပြည်နယ်အလိုက် ခရိုင်/မြို့နယ်/နိုင်ငံခြားစာစစ်ဌာနပေါင်း(၇၇၀)တွင် မြန်မာစာဘာသာရပ်အား ဝင်ရောက်ဖြေဆိုသည့် ကျောင်း သား၊ ကျောင်းသူ(၁၉၆၃၃၇)ဦးရှိ၍ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီး၌...

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း ထရမ့်ဆို

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို Autopen ဖြင့် လက်မှတ်ရေးထိုးထားသောကြောင့် ဖြစ်သည်။ Autopen (သို့မဟုတ် လက်မှတ်ရေးထိုးစက်) ဆိုသည်မှာ လက်မှတ်ကို အလိုအလျောက်ရေးထိုးရန် အသုံးပြုသည့် ကိရိယာတစ်ခုဖြစ်သည်။ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ ဆယ်လီများသည် တစ်နေ့တာလုံး လက်မှတ်တောင်းခံရမှုများစွာကို ရင်ဆိုင်ရနိုင်သည်။ ထို့ကြောင့်၊ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ လူသိများသော ဆယ်လီပုဂ္ဂိုလ်များစွာတို့သည် သူတို့၏ လက်မှတ်ကို လူကိုယ်တိုင်တိုက်ရိုက်‌ရေးထိုးစရာမလိုဘဲ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071