Saturday, March 22, 2025

ကန်အထက်လွှတ်တော်အမတ်နှင့်တရုတ်ဒုဝန်ကြီးချုပ်တွေ့ဆုံ

ကုန်သွယ်ခွန်ကိစ္စ၊ ဖန်တနိုင်း မူး-ယစ်ဆေးဝါး တရားမဝင်ကုန်သွယ်မှုအပေါ် ကိုင်တွယ်ပုံတို့နှင့် ပတ်သက်၍ နှစ်နိုင်ငံ တင်းမာမှု မြင့်တက်နေသော်လည်း သမ္မတဒေါ်နယ်ထရမ့်ပ်ကို အလေးအနက်ထောက်ခံသူ အမေရိကန်အထက်လွှတ်တော်အမတ် Steve...

လောင်းလုံးမြို့နယ်၌ မီးလောင်မှုဖြစ်ပွား နေအိမ် (၂၀)လုံးခန့်ပျက်စီးဆုံးရှုံးပြီး...

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ယနေ့ မတ် ၂၂ ရက်နံနက် ၁၀ နာရီ ၁၃ မိနစ်ခန့်က နေအိမ်တစ် လုံးမှစတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွား၍...

အမေရိကန်နိုင်ငံက ပြည်နှင်သည့် မြန်မာနှစ်ဦးအား မြန်မာနိုင်ငံက...

အမေရိကန်နိုင်ငံက ပြည်နှင်သည့် မြန်မာနိုင်ငံသား နှစ်ဦးကို ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားသည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ မတ်လ (၂၁) ရက် ထုတ်ပြန်ချက်တွင် ပြည်နှင်ခံရသူ မြန်မာနှစ်ဦးသည်...

VOA ပိတ်သိမ်းမှုနှင့်ပတ်သက်၍ ထရမ့်အစိုးရအား တရားစွဲပြီ

Voice of America (VOA) ဝန်ထမ်းများ၊ သတင်းထောက်များ၊ သမဂ္ဂများနှင့် နယ်စည်းမခြားသတင်းထောက်များ(Reporters Without Borders - RSF) တို့က...
HomeInternationalလန်ချန်း-မဲခေါင်နိုင်ငံများ ဒေသဆိုင်ရာကိစ္စရပ်များဆွေးနွေး

လန်ချန်း-မဲခေါင်နိုင်ငံများ ဒေသဆိုင်ရာကိစ္စရပ်များဆွေးနွေး

ဗီယင်ကျန်း၊မတ် ၂၁

လူငယ်သံတမန်ဖိုရမ်နှင့် နဝမအကြိမ်မြောက် လန်ချန်း-မဲခေါင် ထိပ်သီးအစည်းအဝေးကို လာအိုမြို့တော် ဗီယင်ကျန်းတွင် ကြာသပတေးနေ့က စတင်ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးမှုအတွင်း မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ လူငယ်သံတမန်များလည်းပါဝင်ကာ လူငယ်များကို နိုင်ငံတကာဆက်ဆံရေး၊သံတမန်ရေးရာမူဝါဒများအပြင် ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်နိုင်သည့်အခွင့်အရေးမျိုးပေးအပ်ခဲ့သည်ဟုလည်းသိရသည်။

ယင်းပွဲသို့ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနမှ စီးပွားရေးဌာန၏ ညွှန်ကြားရေးမှူးချုပ်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကာ လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များပါဝင်တက်ရောက်ခဲ့သည်ဟုဆိုသည်။

အဆိုပါပွဲအတွင်း အဓိကဆွေးနွေးမှုအနေဖြင့် “အနာဂါတ်တွင်ဖြစ်လာမည့် လူငယ်သံတမန်များ၏အခန်းကဏ္ဍ” ဟူသောခေါင်းစဉ်လည်းပါဝင်ခဲ့သည်ဟုသိရသည်။

ယခုနှစ်ဖိုရမ်သည် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၏အရေးပါမှုကို ခိုင်မာအားဖြည့်ပေးကာ လန်ချန်း-မဲခေါင်နိုင်ငံများအကြား အနာဂတ်ဆက်ဆံရေးကိုပုံဖော်ရန် မျိုးဆက်သစ်သံတမန်များ၏ စွမ်းဆောင်ရည်ကိုလည်းမြှင့်တင်ပေးနိုင်ခဲ့သည်ဟုဆိုသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကန်အထက်လွှတ်တော်အမတ်နှင့်တရုတ်ဒုဝန်ကြီးချုပ်တွေ့ဆုံ

ကုန်သွယ်ခွန်ကိစ္စ၊ ဖန်တနိုင်း မူး-ယစ်ဆေးဝါး တရားမဝင်ကုန်သွယ်မှုအပေါ် ကိုင်တွယ်ပုံတို့နှင့် ပတ်သက်၍ နှစ်နိုင်ငံ တင်းမာမှု မြင့်တက်နေသော်လည်း သမ္မတဒေါ်နယ်ထရမ့်ပ်ကို အလေးအနက်ထောက်ခံသူ အမေရိကန်အထက်လွှတ်တော်အမတ် Steve Daines နှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် He Lifeng တို့သည် စနေနေ့က သတင်းသမားများရှေ့မှောက်တွင် နွေးနွေးထွေးထွေး နှုတ်ဆက်ခဲ့ကြသည်။ Daines သည် ဇန်နဝါရီလတွင် ထရမ့်ပ် သမ္မတ တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ လာရောက်သည့် ပထမဆုံး အမတ်တစ်ဦးဖြစ်ပြီး သူသည် တနင်္ဂနွေနေ့တွင် တရုတ်ဝန်ကြီးချုပ် Li Qiang နှင့်...

လောင်းလုံးမြို့နယ်၌ မီးလောင်မှုဖြစ်ပွား နေအိမ် (၂၀)လုံးခန့်ပျက်စီးဆုံးရှုံးပြီး လူဦးရေ(၁၀၀)ခန့်မီးဘေးသင့်ခဲ့၍ အကူအညီများလိုအပ်နေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ယနေ့ မတ် ၂၂ ရက်နံနက် ၁၀ နာရီ ၁၃ မိနစ်ခန့်က နေအိမ်တစ် လုံးမှစတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွား၍ နေအိမ် (၁၈)လုံးပျက်စီးဆုံးရှုံးခဲ့ပြီး လူဦးရေ(၁၀၀)ခန့်မီး ဘေးသင့်ခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာတွင် နေအိမ်တစ်လုံးမှစတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွား၍ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြိမ်းသတ်ခဲ့ကြသဖြင့် နေ့လည် ၁ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် အမျိုးသမီး(၃)ဦးနှင့် ဇဗ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့၏ အဖွဲ့ဝင်(၃)ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းဝင်များက မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြပြီးနောက် ဆေးခန်းသို့ပို့ဆောင်ပေးခဲ့ကြပြီး မီးလောင်မှုကြောင့် နေအိမ်(၁၈)လုံးပျက်စီးဆုံးရှုံးခဲ့၍...

အမေရိကန်နိုင်ငံက ပြည်နှင်သည့် မြန်မာနှစ်ဦးအား မြန်မာနိုင်ငံက ပြန်လည်လက်ခံမည်

အမေရိကန်နိုင်ငံက ပြည်နှင်သည့် မြန်မာနိုင်ငံသား နှစ်ဦးကို ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားသည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ မတ်လ (၂၁) ရက် ထုတ်ပြန်ချက်တွင် ပြည်နှင်ခံရသူ မြန်မာနှစ်ဦးသည် မတ် (၁၉) ရက်နှင့် မတ် (၂၈)ရက်တွင် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ အကျိုးစီးပွားကို ထိပါးသူ ဒါမှမဟုတ် ရာဇဝတ်မှုများ ကျူးလွန်ထားသူ တရားမဝင် ရွှေ့ပြောင်းရောက်ရှိသူ နိုင်ငံခြားသားများကို ဥပဒေကြောင်းအရ ပြည်နှင်မှုများကို ပြုလုပ်လေ့ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ထိုနည်းတူ အမေရိကန်အစိုးရသစ်၏ ဦးစားပေး မူဝါဒများအရ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ငြိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071