Wednesday, April 2, 2025

ငလျင်ဒဏ်သင့် မြန်မာများ အစားအစာ၊ ရေနှင့်...

မြန်မာနိုင်ငံတွင် မူကြိုကလေးငယ် ၅၀ အပါအဝင် လူပေါင်း ၂,၇၀၀ ကျော်(ဧပြီ ၁ ရက် ညနေပိုင်းတွင် ၃,၀၀၀ နီးပါးရှိလာ) သေဆုံးခဲ့ပြီဖြစ်သော...

နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ကူ ညီထောက်ပံ့မှုပစ္စည်းများ၊...

ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်မှုများပြုလုပ်ရန် နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ကူညီထောက်ပံ့မှုပစ္စည်းများ၊ ဆေးဝါးများ ဧပြီ ၁ ရက်က မြန်မာနိုင်ငံသို့ထပ်မံရောက်ရှိလာခဲ့ကြောင်း သိရသည်။ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ရုရှား၊...

အင်ဂျင်နီယာပညာရှင်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့များကို ဒေသအလိုက်ဖွဲ့စည်း၍ စစ်ဆေးမှုများပြုလုပ်နေ

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ရုံးအ ဆောက်အဦများ၊ လူနေအဆောက်အဦများနှင့် အခြားပျက်စီးမှုများကို ဘေးအန္တရာယ်နှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာများအတွက် အင်ဂျင်နီယာပညာရှင်များပါဝင်သည့် ပညာရပ်ဆိုင်ရာစစ်ဆေးရေးအထောက်အကူပြုအဖွဲ့အား ဒေသအလိုက်ဖွဲ့ စည်း၍...

ဖိလစ်ပိုင်က မြန်မာငလျင်ဘေးကူညီရန် အဖွဲ့တစ်ဖွဲ့စေလွှတ်

မနီလာ၊ဧပြီ ၁ ဖိလစ်ပိုင်နိုင်ငံသည် ငလျင်ဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံသို့ ပထမဆုံးအသုတ်အဖြစ် လူ ၉၁ ဦးပါ ကယ်ဆယ်ရေးအဖွဲ့ကို အင်္ဂါနေ့အစောပိုင်းက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ရန် စေလွှတ်ခဲ့သည်ဟုသိရသည်။ "C-130 လေယာဉ်နှစ်စင်းသည်...
HomeNewsLocal Newsလမ်းများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သဖြင့်...

လမ်းများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သဖြင့် မြန်မာငလျင်ဘေး လူသားချင်းစာနာမှုလုပ်ငန်းများ အဟန့်အတားဖြစ်ရ       

လမ်းများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သောကြောင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို အဟန့်အတားဖြစ်စေလျက်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA) က စနေနေ့တွင် ပြောကြားခဲ့သည်။
           
သောကြာနေ့က လှုပ်ခတ်ခဲ့သော ၇ ဒဿမ ၇ အဆင့်ရှိငလျင်ကြောင့် အဓိက တံတားများနှင့် လမ်းများ အပါအဝင် အရေးကြီးသည့် အခြေခံအဆောက်အအုံများ ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့သဖြင့် အကူအညီလိုအပ်သော ဒေသများသို့ လူသားချင်းစာနာမှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ခက်ခဲသွားကြောင်း OCHA က ပြောဆိုသည်။
         
ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း ပျက်စီးမှုကြောင့် ဝန်ဆောင်မှုများ ပြတ်တောက်ခဲ့ပြီး အက်ကွဲကြောင်းဖြစ်ပေါ်မှုများ၊ လမ်းမျက်နှာပြင် ပုံပျက်ပန်းပျက်ဖြစ်ခဲ့မှုများကြောင့် အဝေးပြေးယာဉ်များ ရပ်နားထားရသည်ဟု ကုလအေဂျင်စီက ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။
         
နိုင်ငံအလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ ဆေးရုံများသည် ငလျင်ကြောင့် ဒဏ်ရာရရှိခဲ့သော လူနာအများအပြားကို ကိုင်တွယ်စီမံနိုင်ရန် ရုန်းကန်နေရသည်ဟု အေဂျင်စီက ပြောသည်။ သွေးအိတ်များနှင့် ထုံဆေးများ အပါအဝင် လက်ရှိ ဆေးဝါးပြတ်လပ်မှုကို ဖြေရှင်းနိုင်ရန် အမိုးအကာနှင့် ဆေးဝါးထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ယာဉ် ၁၇ စီးသည် မတ် ၃၀ တွင် ရောက်ရှိလာမည်ဟု ဆိုသည်။
       
သောကြာနေ့က လှုပ်ခတ်ခဲ့သော အဆိုပါငလျင်သည် ပြီးခဲ့သည့် ရာစုနှစ်အတွင်း အရှေ့တောင်အာရှနိုင်ငံတွင် လှုပ်ခတ်ခဲ့သော အကြီးမားဆုံးငလျင်များတွင် ပါဝင်ခဲ့ပြီး ပြည်တွင်းစစ်ကြောင့် စီးပွားရေးပျက်ပြားကာ၊ စစ်ဘေးရှောင် သန်းချီရှိနေသောနိုင်ငံ၌ လေဆိပ်များ၊ တံတားများနှင့် အဝေးပြေးလမ်းများ ပျက်စီးခဲ့ရသည်။

Ref: ယဟျူးနူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်သင့် မြန်မာများ အစားအစာ၊ ရေနှင့် အမိုးအကာများ လိုအပ်နေ

မြန်မာနိုင်ငံတွင် မူကြိုကလေးငယ် ၅၀ အပါအဝင် လူပေါင်း ၂,၇၀၀ ကျော်(ဧပြီ ၁ ရက် ညနေပိုင်းတွင် ၃,၀၀၀ နီးပါးရှိလာ) သေဆုံးခဲ့ပြီဖြစ်သော အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက်တွင် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် သောက်သုံးရေတို့ကို အရေးပေါ် လိုအပ်လျက်ရှိသည်ဟု ငလျင်ဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရသော ဒေသများ သို့ရောက်နေသော ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားခဲ့သည်။ သို့ရာတွင် ပြည်တွင်းစစ်ကြောင့် လိုအပ်နေသူများထံ အကူအညီများရောက်ရှိနိုင်မှုကို အဟန့်အတားဖြစ်နိုင်သည်ဟုလည်း ၎င်းတို့က ဆိုသည်။ အင်္ဂါနေ့တွင် သေဆုံးသူ စုစုပေါင်း ၂,၇၁၉ ဦးနှင့် ဒဏ်ရာရသူစုစုပေါင်း ၄,၅၀၀...

နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ကူ ညီထောက်ပံ့မှုပစ္စည်းများ၊ ဆေးဝါးများ ထပ်မံရောက်ရှိလာ

ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်မှုများပြုလုပ်ရန် နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ကူညီထောက်ပံ့မှုပစ္စည်းများ၊ ဆေးဝါးများ ဧပြီ ၁ ရက်က မြန်မာနိုင်ငံသို့ထပ်မံရောက်ရှိလာခဲ့ကြောင်း သိရသည်။ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ရုရှား၊ အင်ဒိုနီးရှား ၊ ထိုင်း၊ ဘူတန်၊ ဖီလစ်ပိုင်၊ လာအို၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ လေယာဉ်(၁၄)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ ဆရာဝန်နှင့် သူနာပြုဆေးအ ဖွဲ့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအ ညီပစ္စည်းများနှင့် ဆေးဝါးများ နေပြည်တော်ရှိတပ်မတော်လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။ ထို့ပြင် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာအကူအညီများဖြစ်သည့် ကူညီကယ် ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ...

အင်ဂျင်နီယာပညာရှင်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့များကို ဒေသအလိုက်ဖွဲ့စည်း၍ စစ်ဆေးမှုများပြုလုပ်နေ

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ရုံးအ ဆောက်အဦများ၊ လူနေအဆောက်အဦများနှင့် အခြားပျက်စီးမှုများကို ဘေးအန္တရာယ်နှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာများအတွက် အင်ဂျင်နီယာပညာရှင်များပါဝင်သည့် ပညာရပ်ဆိုင်ရာစစ်ဆေးရေးအထောက်အကူပြုအဖွဲ့အား ဒေသအလိုက်ဖွဲ့ စည်း၍ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါအဖွဲ့သည် ပျက်စီးသွားသော အဆောက်အအုံများအား ခေတ်မီစမ်းသပ်ကိရိယာများဖြင့် စစ်ဆေး၍ သာမန်ပြင်ဆင်နိုင်သည့် အဆောက်အဦ၊ အကြီးစားပြင်ဆင်ရမည့် အဆောက်အဦနှင့် ပြုပြင်၍မရဘဲ ဖယ်ရှားရှင်းလင်းရမည့်အန္တရာယ်ရှိအဆောက်အဦများအဖြစ်ခွဲခြားသတ်မှတ်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ငလျင်ကြောင့်ဖြစ်ပေါ်ခဲ့သော ပျက်စီးမှုများအား မှတ်တမ်းတင်ခြင်း၊ ညှိနှိုင်းသုံးသပ်ခြင်းနှင့် နောင်တွင် ဆောင်ရွက်ရမည့်နည်းလမ်းများဖော်ထုတ်ခြင်းတို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။ ယင်း စစ်ဆေးရေးအဖွဲ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ပညာရှင်များ၊ မြန်မာနိုင်ငံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071