တေးသံရှင် ဖြိုးမြတ်အောင် နဲ့ ညီဖြစ်သူ နေချစ် တို့က ဖေဖော်ဝါရီ လ ၂၅ရက်နေ့ က junction city promotion area မှာ ကျင်းပခဲ့တဲ့ လာဘ်တံခွန် ရွှေဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ခဲ့ကြပါတယ်။
အဆိုပါပွဲ မှာ တီးဝိုင်း နဲ့ တေးသီချင်းဆိုချင်တဲ့ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ အတွက် ကျေနပ် ပီတိဖြစ်တဲ့အကြောင်းကို ဖြိုးမြတ်အောင်က”ကျွန်တော်က သီချင်းကို band နဲ့ ဆိုရတာ ပိုသဘောကျတယ်။ဒီနေ့ လာဘ်တံခွန် ဆိုင်ဖွင့်ပွဲ နဲ့ ကံစမ်းမဲ အခမ်းအနားမှာ ကျွန်တော် ဆိုချင်သလို band နဲ့ သီဆိုခွင့်ရအောင် လုပ်ပေးလို့ တကယ် ကျေနပ်မိပါတယ်။”လို့ပြောပါတယ်။
လာဘ်တံခွန် ဆိုင်ဖွင့်ပွဲ အမှတ်တရ အနေနဲ့ လာရောက် အားပေးသူများ အတွက် ပွဲတက်ရောက်လာသူ အဆိုတော် ဖြိုးမြတ်အောင်၊နေချစ်၊ကိုသာဂိ၊ဘေဘီမောင်၊မိုးဟေမာန်ခင်တို့ က ကံစမ်းမဲများဖောက်ပေးခဲ့ပြီး ဂိမ်းအစီအစဉ်များစွာနဲ့ကျင်းပခဲ့ပါတယ်။