တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၂၀၂၅ ခုနှစ်တွင် ရုရှား
“ခိုင်မာတဲ့ နှစ်နိုင်ငံ လုပ်ငန်းဆောင်တာတွေအတွက် သင့်လျော်တဲ့ အစီအစဉ်တွေကို တက်ကြွစွာရေးဆွဲနေတယ်လို့ ကျွန်တော်ပြောနိုင်ပါတယ်” ဟု သံအမတ်ကြီး အီဂါ မာဂူလက်ဗ်က RIA ကို ပြောကြားခဲ့သည်။
လျှို့ဝှက်မှုမထားဘဲ ဦးစားပေးပြောရလျှင် လာမည့်နှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ၏ ရုရှားခရီးစဉ် ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ထားကြောင်း သူက ဆိုခဲ့သည်။ အဆိုပါသတင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဌာနကို ရိုက်တာက ဆက်သွယ်မေးမြန်းရာတွင် လတ်တလော၌ တုန့်ပြန်ဖြေကြားခြင်းမပြုဟု ဆိုသည်။
ယူကရိန်းသို့ ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်များ မစေလွှတ်မီရက်ပိုင်းအလို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် သမ္မတပူတင်သည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကာ အကန့်အသတ်မရှိသော မိတ်ဖက်ဆက်ဆံရေးကို ကြေညာခဲ့သည်။ ယင်းနောက် သူ သမ္မတအဖြစ် အပြတ်အသတ်ရလဒ်ဖြင့် ထပ်မံအရွေးခံရပြီးနောက် မေလတွင် ပေကျင်းကို နောက်တစ်ကြိမ်သွားရောက်ခဲ့ကာ အမေရိကန်မူဝါဒကို ဆန့်ကျင်သော ဆက်ဆံရေး ခေတ်သစ်ကို ကြိုဆိုခဲ့သည်။
၃၄ လကြာလာပြီဖြစ်သည့် ယူကရိန်းစစ်ပွဲကို ရှုတ်ချခြင်းမျိုးကို ရှောင်ကြဉ်သော တရုတ်နိုင်ငံသည် ပဋိပက္ခ၏ အခြေခံသဘောကို နားလည်သဘောပေါက်ကြောင်းနှင့် တရုတ်နိုင်ငံသည်လည်း အာရှ-ပစိဖိတ်ဒေသတွင် အမေရိကနှင့် ၎င်း၏ မဟာမိတ်များက ဖိအားတိုးမြှင့်ပေးလာခြင်းကြောင့် အလားတူစိန်ခေါ်မှုများကို ကြုံတွေ့နေရကြောင်း ပြောဆိုခဲ့သည်။
နေတိုးအဖွဲ့သည် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အဦများကို ဒေသတွင်းသို့ ရွှေ့ပြောင်းရန် စီစဉ်နေသည်ဟု ၎င်းက ဆိုသည်။
ရုရှားနှင့် တရုတ်တို့သည် အမေရိက၏ မူဝါဒကို ပူးတွဲ တုန့်ပြန်ခဲ့သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
Ref: စီအင်န်အေ