Sunday, March 30, 2025

တရုတ်ကယ်ဆယ်ရေးဆေးအဖွဲ့ကိုကျေးဇူးတင်ကြောင်းနစကဥက္ကဌပြော

နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် အချိန်မီကူညီပေးခဲ့သည့် တရုတ်နိုင်ငံယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးအဖွဲ့ဝင်များကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နေပြည်တော်ရှိ ဥတ္တရသီရိပုဂ္ဂလိကဆေးရုံသို့သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်...

လူသားချင်းစာနာမှုအကူညီပေးအပ်ရာ၌လွယ်ကူချောမွေ့စေရန်ချက်ခြင်းအပစ်ရပ်ဖို့စင်္ကာပူတောင်းဆို

စင်္ကာပူ၊မတ် ၃၀ စင်္ကာပူနိုင်ငံခြားရေး၀န်ကြီး ဗီဗီယန်ဘာလားခရစ်ရှနန်က ကယ်ဆယ်‌ေရး လုပ်ငန်းများကို လွယ်ကူစွာ လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံ၌ အပစ်အခတ်ရပ်စဲရေး ကို ချက်ချင်းလုပ်ဆောင်ရန်တောင်းဆိုလိုက်ကြောင်းသိရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့၌ သောကြာနေ့က...

လျှပ်စစ်ဓာတ်အားအမြန်ဆုံးပြန်လည်ရရှိရန် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း(၁၀၀၀)ဦးကျော်ဖြင့်ဆောင်ရွက်လျက်ရှိ

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အများစု၌ မတ် ၂၈ ရက်မွန်းတည့်ပိုင်းကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်းများပျက်စီးချို့ယွင်းမှုများဖြစ်ပေါ်ခဲ့ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက...

Catastrophic earthquake strikes Myanmar,...

A highly catastrophic earthquake k-illed about 1,700 and injured around 2,389 people in...
HomeNewsLocal Newsလာမည့်ပညာသင်နှစ်တွင် KG+12 ပညာရေးစနစ်...

လာမည့်ပညာသင်နှစ်တွင် KG+12 ပညာရေးစနစ် ၏ နောက်ဆုံးအတန်းဖြစ်သည့် Grade-12 ကိုဖွင့်လှစ်သင်ကြားသွားမည်

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေက နေပြည်တော်၌ပြုလုပ်သည့် မြို့ နယ်ပညာရေးမှူးများ၊လက်ထောက်ညွှန်ကြားရေးမှူးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ(ဒုတိယအသုတ်)တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“လာမယ့် ပညာသင်နှစ်မှာ KG+12 ပညာရေးစနစ်ရဲ့ နောက်ဆုံးအတန်းဖြစ်တဲ့ Grade-12 ကိုဖွင့်လှစ် သင်ကြားတော့မှာဖြစ်လို့ စာသင်ခန်းလိုအပ်ချက်နဲ့တခြားလိုအပ်ချက်တွေကိုတွက်ချက်ပြီး စာရင်းပြုစုတင်ပြပေးရပါမယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေ ကပြောသည်။

ထို့ပြင် ခရိုင် ၅၀ တွင် စက်မှု-စိုက်ပျိုး-မွေးမြူရေးအထက်တန်းကျောင်း ၅၀ ကိုဖွင့်လှစ်သွားမည်ဖြစ်ကာ ယင်း ကျောင်းများတွင် KG+12 ပညာ ရေးစနစ်အား သင်ကြားမည်ဖြစ်သော်လည်း Grade-9 အောင်မြင်ပြီးသည့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် စိုက်ပျိုးရေး၊မွေးမြူ ရေး၊စက်မှုစသဖြင့် ဝါသနာပါရာအားအထူးပြု တက်ရောက်သင်ကြားနိုင်မည်ဟု ပြောသည်။

ပညာရေးကဏ္ဍ အကောင်အထည်ဖော်ရာတွင် အ ရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးခြင်းသည် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ပြီး စီမံခန့်ခွဲမှုသည်လည်း အလွန်အရေးကြီးသည်ဟု ပြောသည်။

“လုပ်ငန်းတိုင်းမှာ စနစ်ကျတဲ့စီမံခန့်ခွဲမှုကောင်း မွန်မှသာ ပညာရေးလုပ်ငန်းတွေအောင်မြင်မှာဖြစ်ပါတယ် ဒါ့ကြောင့် ပညာရေးမှာတာဝန်ယူရတဲ့ ဆရာကြီး၊ဆရာမကြီးတွေအနေနဲ့ ပညာရေးဥပ ဒေနဲ့မူဝါဒတွေကိုသိပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ပံ့ပိုးကူညီပေးကြရပါမယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေကပြော သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ဒု-ဝန်ကြီးဦးဇော်ဝင်း၊အမြဲ တမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊မြို့နယ်ပညာရေးမှူး(၁၂၈)ဦးနှင့်လက်ထောက်ညွှန်ကြားရေးမှူး(၂၇)ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်ကယ်ဆယ်ရေးဆေးအဖွဲ့ကိုကျေးဇူးတင်ကြောင်းနစကဥက္ကဌပြော

နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် အချိန်မီကူညီပေးခဲ့သည့် တရုတ်နိုင်ငံယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးအဖွဲ့ဝင်များကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နေပြည်တော်ရှိ ဥတ္တရသီရိပုဂ္ဂလိကဆေးရုံသို့သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ထိခိုက်သည့်နေရာကို ပထမဆုံးနှင့်အမြန်ဆုံးရောက်ရှိခဲ့သည့် တရုတ်ကယ်ဆယ်ရေးအဖွဲ့ကို ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးအဖွဲ့သည် မြန်မာကယ်ဆယ်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ရာ တနင်္ဂနွေ နေ့ ဒေသစံတော်ချိန် နံနက် ၅ နာရီကနေပြည်တော်၌ အသက်ကြီးသူတစ်ဦးကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါအမျိုးသားသည် ဆေးရုံအပျက်အစီးများအောက်တွင် နာရီ ၄၀ နီးပါး ပိတ်မိနေခဲ့ခြင်းဖြစ်ကာမြန်မာနိုင်ငံသို့ရောက်ရှိပြီးနောက် တရုတ်ကယ်ဆယ်ရေးအဖွဲ့မှ ပထမဆုံးအသက်ရှင်လျက်ကယ်တင်နိုင်ခဲ့သူလည်းဖြစ်သည်။ အဖွဲ့ဝင် ၃၇ ဦးပါ အဆိုပါတရုတ်အဖွဲ့သည်...

လူသားချင်းစာနာမှုအကူညီပေးအပ်ရာ၌လွယ်ကူချောမွေ့စေရန်ချက်ခြင်းအပစ်ရပ်ဖို့စင်္ကာပူတောင်းဆို

စင်္ကာပူ၊မတ် ၃၀ စင်္ကာပူနိုင်ငံခြားရေး၀န်ကြီး ဗီဗီယန်ဘာလားခရစ်ရှနန်က ကယ်ဆယ်‌ေရး လုပ်ငန်းများကို လွယ်ကူစွာ လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံ၌ အပစ်အခတ်ရပ်စဲရေး ကို ချက်ချင်းလုပ်ဆောင်ရန်တောင်းဆိုလိုက်ကြောင်းသိရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့၌ သောကြာနေ့က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာ ထိုင်းနိုင်ငံကိုလည်းထိခိုက်ခဲ့ပြီးမြန်မာနိုင်ငံတွင် လူပေါင်း ၁,၇၀၀ ‌ေ-သဆုံးခဲ့သည်ဟုလည်း နိုင်ငံတာ်စီမံအုပ်ချုပ်ရေးကောင်စီကထုတ်ပြန်ကြေငြာခဲ့သည်။ ဒေါက်တာဘာလားခရစ်ရှနန်သည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအရေးပေါ်အစည်းအဝေးသို့ တနင်္ဂနွေနေ့ကတက်ရောက်ခဲ့ပြီးအဆိုပါအစည်းအဝေးကို အာဆီယံဥက္ကဋ္ဌမလေးရှားကခေါ်ယူကျင်းပခဲ့ခြင်းလည်းဖြစ်သည်။ ယခုသဘာဝဘေးကိစ္စနှင့်ပတ်သက်၍ ကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိမိမိဆောင်ရွက်နိုင်ရန်အတွက် ကျန်လက်နက်ကိုင်တပ်ဖွဲ့များကလည်း နှစ်ပတ်ကြာအပစ်အခတ်ရပ်စဲပေးထားမည်ဟုလည်း သတင်း ထုတ်ပြန်ကြေငြာခဲ့သည်။ ဒေါက်တာဘာလားခရစ်ရှနန်က ငလျင်ကြောင့်မြန်မာနှင့်ထိုင်းနိုင်ငံတို့ရှိ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခဲ့ရမှုအတွက် အထူးဝမ်းနည်းကြောင်း...

လျှပ်စစ်ဓာတ်အားအမြန်ဆုံးပြန်လည်ရရှိရန် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း(၁၀၀၀)ဦးကျော်ဖြင့်ဆောင်ရွက်လျက်ရှိ

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အများစု၌ မတ် ၂၈ ရက်မွန်းတည့်ပိုင်းကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်းများပျက်စီးချို့ယွင်းမှုများဖြစ်ပေါ်ခဲ့ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးခဲ့သည်။ ထိုသို့ ပျက်စီးချို့ယွင်းမှုဖြစ်ပေါ်ခဲ့မှုများအနက် နေပြည်တော်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးလိုင်းများနှင့် ပင်မဓာတ်အားခွဲရုံပျက်စီးခဲ့မှုများကို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း(၁၃၄)ဦး၊ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်နိုင်ရန် နေပြည်တော်ရှိ လျှပ်စစ် ကျွမ်းကျင်ဝန်ထမ်းများအပြင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း (၄၂၆)ဦး(စုစုပေါင်းဝန်ထမ်းအင်အား ၅၆၀ ဦး)တို့ဖြင့် ဓာတ်အားအမြန်ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု အသိပေးခဲ့သည်။ ထို့အတူ မန္တလေးတိုင်းအတွင်း ပျက်စီးမှုများအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071