Home News Local News လာမည့် ၂၄ နာရီအတွင်းစစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့်ကချင်ပြည်နယ်တို့၌ မိုးအနည်းငယ်ရွာသွန်းနိုင်

လာမည့် ၂၄ နာရီအတွင်းစစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့်ကချင်ပြည်နယ်တို့၌ မိုးအနည်းငယ်ရွာသွန်းနိုင်

0
114

လာမည့် ၂၄ နာရီအတွင်း စစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့်ကချင်ပြည်နယ်တို့၌ မိုးအနည်းငယ်ရွာသွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ ယနေ့ ဇန်နဝါရီ ၁၂ ရက်ည ၇ နာရီက လေဖိအားနည်းရပ်ဝန်းအခြေအနေအသိပေးချက် (၁-ကဇ/၂၀၂၅)အဖြစ် ထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း သီ ရိလင်္ကာနိုင်ငံ၊ အရှေ့ဘက်ကမ်းလွန်အနီးတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ရာမှ သီရိလင်္ကာနိုင်ငံ၊ အရှေ့ဘက်ကမ်းခြေသို့ရောက်ရှိခဲ့ပြီး လာမည့်(၂၄)နာရီအတွင်း၌ လက္ကာဒိဗ့်ပင်လယ်ပြင်သို့ ရောက်ရှိနိုင်သည်ဟု အသိပေးခဲ့သည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်ဖြစ်သည့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အရှေ့ဘက်မှ တစ်ခါတစ်ရံ လေပြင်းများတိုက်ခတ်နိုင်ပြီး လှိုင်းအသင့်အတင့်ဖြစ်ပေါ်နိုင်သည်ဟုလည်း အသိပေးခဲ့သည်။

ယင်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ပင် လယ်အတွင်းမှလာသောလေနွေးများ အား ကောင်းနိုင်ပြီး အပူပျံတက်တိမ်တိုက်များပိုမိုဖြစ်ထွန်းနိုင်ကာ အဆိုပါ လေနွေးများနှင့်ကုန်းတွင်းဘက်ရှိ လေအေးများတွေ့ဆုံနိုင်ပြီး လေ အေးမျက်နှာစာ၏ အတွင်းဘက်ထိပ်ပိုင်းတွင် ကျရောက်နိုင်သည့် စစ်ကိုင်းတိုင်း(အထက်ပိုင်း) နှင့် ကချင်ပြည်နယ်တို့တွင် လာမည့်(၂၄)နာရီအတွင်း၌ မိုးအနည်းငယ်ရွာသွန်းနိုင်သည်ဟုလည်း အသိပေးခဲ့သည်။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာ ရီတိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်မူ တိမ်အသင့်အတင့် ဖြစ် ထွန်းနိုင်ကာ ကျန်တစ်ပြည်လုံးတွင် တိမ်အနည်း ငယ်ဖြစ်ထွန်းနိုင်သည်ဟုလည်း အသိပေးခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here