လာမည့် ၆ နာရီအတွင်းနောက်ဆက်တွဲငလျင်ငယ်များဆက်လက်လှုပ်ခတ်နိုင်၍ ပြည်သူများအနေဖြင့် ဘေးလွတ်ကင်းရာနေရာများ၌နေထိုင်ကြရန် နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာခြင်းအဖြစ် ယနေ့ မတ် ၂၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။
မန္တလေးမြို့ကိုဗဟိုပြု၍ အင်အားရစ်တာစကေး(၇ ဒသမ ၇)အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်(၃)ကြိမ်လှုပ်ခတ်ခဲ့ကာ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့သည်။
ထို့ပြင် မိုးဇလပညာရှင်များ၏ခန့်မှန်းချက်များ အ ရ ငလျင်လှုပ်ခတ်ပြီး နောက်ထပ် ၆ နာရီကာလအ တွင်း နောက်ဆက်တွဲငလျင်ငယ်များဆက်လက်လှုပ်ခတ်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် ဘေး လွတ်ကင်းရာနေရာများတွင်နေထိုင်ကြရန် အသိပေးခဲ့သည်။
ထို့အတူ မိုးဇလမှ ငလျင်နှင့်ပတ်သက်၍ အချိန်မီရရှိလာသောသတင်းများအား သဘာဝဘေးအန္တ ရာယ်စီမံခန့်ခွဲမှုကော်မတီကအချိန်နှင့်တစ်ပြေးညီ ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ရာ ပြည်သူများအ နေဖြင့် ဖြစ်ပေါ်လာနိုင်သည့် ကောလဟလများကို သတိထားဆင်ခြင်ကြရန်နှင့် သဘာဝ ဘေးအန္တ ရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံ တော်အစိုးရ၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူး ပေါင်းဆောင်ရွက်ကြရန်လည်း သတင်းထုတ်ပြန်ရေးအဖွဲ့က တိုက်တွန်းထားသည်။