Friday, November 22, 2024

လာအို-မြန်မာ မဲခေါင်မြစ်ကြောင်းတစ်လျှောက် ကုန်စည်ကူးသန်းသွားလာမှု ဘေးကင်းလုံခြုံမှုရရှိစေရေးအပါအဝင်...

မြန်မာ-လာအိုနှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ မဲခေါင်မြစ်ကြောင်းတစ်လျှောက် အေးချမ်းတည်ငြိမ်မှု ရရှိစေပြီး ပြည်သူများ လှေ/ သင်္ဘောအသုံးပြု၍ ကုန်စည်ကူးသန်းသွားလာမှုတွင် ဘေးကင်းလုံးခြုံမှုနှင့် အဆင်ပြေချောမွေ့မှုရရှိစေရေးတို့အတွက် တာဝန်ရှိသူများတွေ့ဆုံ...

တရုတ်နှင့်အာဆီယံကာကွယ်ရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေး

ဗီယန်ကျင်း၊နိုဝင်ဘာ ၂၁ ၁၄ ကြိမ်မြောက် တရုတ်-အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးကို လာအိုနိုင်ငံ၊ဗီယန်ကျင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါအစည်းအဝေးကို တရုတ်ကာကွယ်ရေးဝန်ကြီးဒွန်ဂျန်နှင့် လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုဂ်ငံတော်ကာကွယ်ရေးဝန်ကြီးဖြစ်သည့် Chansamone Chanyalath...

ပုဂံရှေးဟောင်းရေကန် (၃၄)ကန်ကို ဆက်လက်တူးဖော်ထိန်းသိမ်းမည်

ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်းရေကြီးရေလျှံမှုများအတွက် ကာကွယ်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေလမ်းကြောင်းများ ဖော်ထုတ်ကာ ရှေးဟောင်းရေကန် (၉၁) ကန်ကို ပြန်လည်တူးဖော်ထိန်းသိမ်းနေရာ ကျန်ရှိသည့် (၃၄)ကန်ကိုဆက်လက် တူးဖော်မည်...

မှတ်ပုံမတင်သည့် ဆန်စပါးသိုလှောင်ရုံများကို လိုအပ်ပါက လုပ်ငန်းလိုင်စင်ယာယီပိတ်သိမ်းသည်အထိ...

ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းများ အနေဖြင့်ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံမတင်ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အလေးအနက်ထားဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တိုက်တွန်းထုတ်ပြန်ထားသည်။ ဆန်တန်ချိန် (၂၅) နှင့်အထက် သိုလှောင်ရုံ...
HomeInternationalလာအိုတွင် အရက်အဆိပ်သင့်၍ ခရီးသွားနှစ်ဦး...

လာအိုတွင် အရက်အဆိပ်သင့်၍ ခရီးသွားနှစ်ဦး ထပ်မံသေဆုံး

လာအိုနိုင်ငံ Vang Vieng မြို့တွင် အဆိပ်သင့်သော အရက်ကို သောက်သုံးမိရာမှ သြစတြေးလျ ဆယ်ကျော်သက်တစ်ဦး သေဆုံးခဲ့ပြီး ယင်းဖြစ်ရပ်သည် မိဘတိုင်းအတွက် အိပ်မက်ဆိုးဖြစ်သည်ဟု သြစတြေးလျ ဝန်ကြီးချုပ်က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ အဆိုပါမြို့တွင်ပင် အရက်အဆိပ်သင့်မှုကြောင့် အမေရိကန်နိုင်ငံသားတစ်ဦးလည်း သေဆုံးခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သဖြင့် သေဆုံးသူ လေးဦးအထိ ရှိလာခဲ့သည်။

အသက် ၁၉ နှစ်အရွယ် ဘီယန်ကာ ဂျုံးစ်သည် လာအိုမြို့တော် ဗီယန်ကျင်းမှ ကားလမ်းခရီးဖြင့် နှစ်နာရီခန့်သွားရသည့် နာမည်ကျော် ခရီးသွားမြို့ Vang Vieng တွင် ပြီးခဲ့သည့် သီတင်းပတ်၌ နာမကျန်းဖြစ်ခဲ့သည်။

နိုဝင်ဘာ ၁၃ ရက်တွင် သူ့ကို အိမ်နီးချင်းထိုင်းနိုင်ငံ Udon Thani ပြည်နယ်ရှိ ဆေးရုံတစ်ခုသို့ ပို့ဆောင်ကုသခဲ့ပြီးနောက် ကြာသပတေးနေ့(နိုဝင်ဘာ ၂၁) တွင် သေဆုံးခဲ့ခြင်း့ဖြစ်သည်ဟု ပြည်နယ်ရဲအရာရှိတစ်ဦးက ပြောဆိုခဲ့သည်။

သူသည် အရက်အတုသောက်သုံးမိရာမှ မက်သနော အဆိပ်သင့်သေဆုံးရခြင်းဖြစ်သည်ဟု သူ့ကို စစ်ဆေးခဲ့သည့် ဆရာဝန်က ပြောဆိုကြောင်း ရဲအရာရှိက ရိုက်တာသတင်းဌာနကို ပြောခဲ့သည်။

“သူ့ ခန္ဓာကိုယ်ထဲမှာ မီသနောပမာဏ မြင့်မားနေတာကြောင့် ဦးနှောက်ကို ရောင်ရမ်းစေခဲ့ပါတယ်” ဟု ဆိုခဲ့သည်။

ဂျုံးစ်သည် ဒိန်းမတ်နှစ်ဦးနှင့် အမေရိကန်တစ်ဦးပြီးလျှင် အဆိပ်သင့်အရက်ကြောင့် သေဆုံးရသည့် စတုတ္ထမြောက်နိုင်ငံခြား ခရီးသွားဖြစ်သည်ဟု သြစတြေးလျမီဒီယာက ဖော်ပြခဲ့သည်။

အသက် ၁၉ နှစ်အရွယ်ပင်ဖြစ်သော ဂျုံးစ်၏ သူငယ်ချင်း ဟိုလီဘိုးလက်စ်သည်လည်း ဘန်ကောက်ရှိ ဆေးရုံတစ်ခုတွင် စိုးရိမ်ရသည့် အခြေအနေဖြင့် တက်ရောက်နေရကာ အောက်ဆီဂျင်ပေးထားရသည်ဟု သူမ၏ မိသားစုက အစောပိုင်းတွင် ပြောဆိုထားသည်။

လာအိုနိုင်ငံတွင် အရက်တုကိစ္စသည် ပြဿနာတစ်ရပ်ဖြစ်နေပြီး ယင်းနိုင်ငံတွင် အရက်သေစာ သောက်သုံးပါက သတိပြုကြရန် သြစတြေးလျနှင့် ဗြိတိန်အစိုးရများက ၎င်းတို့နိုင်ငံသားများကို သတိပေးထားသည်။

Ref: အေပီ။ ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာအို-မြန်မာ မဲခေါင်မြစ်ကြောင်းတစ်လျှောက် ကုန်စည်ကူးသန်းသွားလာမှု ဘေးကင်းလုံခြုံမှုရရှိစေရေးအပါအဝင် အခြားပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-လာအိုနှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ မဲခေါင်မြစ်ကြောင်းတစ်လျှောက် အေးချမ်းတည်ငြိမ်မှု ရရှိစေပြီး ပြည်သူများ လှေ/ သင်္ဘောအသုံးပြု၍ ကုန်စည်ကူးသန်းသွားလာမှုတွင် ဘေးကင်းလုံးခြုံမှုနှင့် အဆင်ပြေချောမွေ့မှုရရှိစေရေးတို့အတွက် တာဝန်ရှိသူများတွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ယနေ့ နိုဝင်ဘာ ၂၂ ရက်နံနက်ပိုင်းက တာချီလိတ်မြို့တွင် (၁၂)ကြိမ်မြောက်အဖြစ် မြန်မာ-လာအို ဒေသဆိုင်ရာ နယ်ခြားကော်မတီနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့အတွက် မြန်မာနိုင်ငံဘက်မှ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်၏ ခေတ္တစစ်ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး သန့်လှိုင်ဝင်းနှင့် လာအိုနိုင်ငံမှ ဘော်ကဲအိုခရိုင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထောင်းခိုင်း ဆီယာလာတ်တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် ဆွေးနွေးမှုတွင် နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ တရားမဝင်မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့တို့အား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့လည်း...

တရုတ်နှင့်အာဆီယံကာကွယ်ရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေး

ဗီယန်ကျင်း၊နိုဝင်ဘာ ၂၁ ၁၄ ကြိမ်မြောက် တရုတ်-အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးကို လာအိုနိုင်ငံ၊ဗီယန်ကျင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါအစည်းအဝေးကို တရုတ်ကာကွယ်ရေးဝန်ကြီးဒွန်ဂျန်နှင့် လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုဂ်ငံတော်ကာကွယ်ရေးဝန်ကြီးဖြစ်သည့် Chansamone Chanyalath တို့က ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြပြီး လာအိုသည် ၂၀၂၄ ခုနှစ်အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အလှည့်ကျဥက္ကဋ္ဌလည်းဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း နှစ်ဘက်ခေါင်းဆောင်များ၏ အရေးပါသောလမ်းညွှန်မှုဖြင့် တရုတ်-အာဆီယံ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုသည် အပြန်အလှန်အကျိုးဖြစ်ထွန်းစေရုံသာမက ဒေသတွင်းနှင့်ကမ္ဘာကိုပါ ကြီးမားစွာအကျိုးပြုခဲ့ကြောင်း၎င်းပြောကြားခဲ့သည်။ နိုင်ငံတကာအခင်းအကျင်းများက မည်သို့ပင်ပြောင်းလဲလာစေကာမူ တရုတ်နိုင်ငံအနေဖြင့် အာဆီယံနှင့်စည်းလုံးညီညွတ်မှု၊အပြန်အလှန်ယုံကြည်မှုကိုမြှင့်တင်ကာ လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ဆောင်ရွက်သွားမည်ဟုလည်းတရုတ်ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သည်။ အာဆီယံနိုင်ငံများ၏ကာကွယ်ရေးဦးစီးချုပ်ရုံးများမှ အကြီးအကဲများသည် တရုတ်၊အာဆီယံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အလေးအနက်ကတိပြုပြောကြားခဲ့ကြပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၊ငြိမ်းချမ်းရေးနှင့်ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အခိုင်အမာကတိပြုခဲ့ကြသည်။ Source...

ပုဂံရှေးဟောင်းရေကန် (၃၄)ကန်ကို ဆက်လက်တူးဖော်ထိန်းသိမ်းမည်

ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်းရေကြီးရေလျှံမှုများအတွက် ကာကွယ်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေလမ်းကြောင်းများ ဖော်ထုတ်ကာ ရှေးဟောင်းရေကန် (၉၁) ကန်ကို ပြန်လည်တူးဖော်ထိန်းသိမ်းနေရာ ကျန်ရှိသည့် (၃၄)ကန်ကိုဆက်လက် တူးဖော်မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသော ရေကန် (၄၅) ကန်နှင့် ဆောင်ရွက်ဆဲ ရေကန် (၅) ကန်ရှိပြီဖြစ်ကာ မတူးဖော်ရသေးသော ရေကန် (၃၄)ကန်ကို ကန်ဆယ်တူးဖော်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် ပုဂံခေတ်ရှေးဟောင်း ရေလမ်းကြောင်း အဓိက (၃) ကြောင်းကိုလည်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071