ဗီယန်ကျင်း၊ဒီဇင်ဘာ ၂၆
လာအိုနှင့်ထိုင်းအစိုးရတို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရန်နှင့် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရန်အတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
လာအိုနိုင်ငံ၏မြို့တော် ဗီယန်ကျင်းတွင်ပြုလုပ်သည့်အကြိမ် ၂၀ မြောက် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လာအို – ထိုင်း ဝန်ကြီးအဆင့်အစည်းအဝေးသို့ နှစ်နိုင်ငံတာဝန်ရှိသူများတက်ရောက်ဆွေးနွေးခဲ့ကြောင်း လာအို ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ညှိနှိုင်းဆောင်ရွက်ခြင်း၊သတင်းမျှဝေခြင်း၊ပူးပေါင်းထောက်လှမ်းရေး၊စုံစမ်းစစ်ဆေးခြင်းနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးဆိုင်ရာယန္တရားများကိုအဆင့်အားလုံး၌ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြန်လည်သုံးသပ်ပြီး အဆိုပါကြိုးပမ်းမှုများကို ပိုမိုထိရောက်စေရန်ဖော်ဆောင်သွားမည်ဟုလည်းပြောကြားခဲ့သည်။
လာအိုနှင့်ထိုင်းကိုယ်စားလှယ်အဖွဲ့များက နယ်စပ်ပြည်နယ်များနှင့်ဒေသများရှိ မူးယစ်ဆေးဝါးထိန်းချုပ်ရေးရုံးများအကြား ညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေကာ လာအို – ထိုင်းနယ်စပ်တစ်လျှောက် မူးယစ်ကင်းစင်သောကျေးရွာများ ဖန်တီးသွားမည်ဟုလည်းကတိပြုခဲ့ကြသည်။
Source : ရှင်းဟွာ