Tuesday, December 17, 2024

မလေးရှားဝန်ကြီးချုပ်က သက်ဆင်ကို အာဆီယံ အကြံပေးအဖြစ်...

လာမည့်နှစ်တွင် အရှေ့တောင်အာရှ ဒေသဆိုင်ရာ အဖွဲ့အစည်း၏ အလှည့်ကျဥက္ကဌ တာဝန်ယူရတော့မည့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ထိုင်းနိုင်ငံ၏ ဘီလျံနာ သြဇာကြီးနိုင်ငံရေးသမား၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို...

မြန်မာ-လာအို ပွဲစဉ်အပြီး ပွဲကြည့်ပရိတ်သတ်အတွက် အခမဲ့...

အာဆီယံချန်ပီယံရှစ် မစ်ဆူဘီရှီဖလား ပြိုင်ပွဲ မြန်မာ-လာအို ပွဲစဉ်ကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းအတွင်း ဒီဇင်ဘာ (၁၈)ရက်၊ ည(၅) နာရီအချိန်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ၊ ပွဲစဉ်အပြီး...

ပြည်ပသို့ မြန်မာ့ကော်ဖီတန်ချိန် (၅၀၀၀) ကျော်နှစ်စဉ်တင်ပို့နေ

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် မြန်မာ့ကော်ဖီကို ပြည်ပသို့ နှစ်စဉ်တန်ချိန် (၅၀၀၀) ကျော်တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။ မြန်မာနိုင်ငံတွင် (၁) နှစ်လျှင်ကော်ဖီတန်ချိန် (၉ဝဝဝ) ကျော်ထွက်ရှိပြီး...

(၈) လအတွင်း အသေးစား စက်မှုလက်မှုလုပ်ငန်းပေါင်း...

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ နိုဝင်ဘာလကုန်အထိ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနသို့ မှတ်ပုံတင်ထားသည့် လုပ်ငန်းပေါင်း (၁,၆၀၇)ခုရှိကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ...
HomeInternationalလာအိုနှင့်ထိုင်းတို့ပူးပေါင်း၍ ကျောက်ကပ်အစားထိုးကုသမှုပြုလုပ်ခဲ့

လာအိုနှင့်ထိုင်းတို့ပူးပေါင်း၍ ကျောက်ကပ်အစားထိုးကုသမှုပြုလုပ်ခဲ့

ဗီယန်ကျင်း၊ဒီဇင်ဘာ ၁၄

လာအိုနှင့်ထိုင်းတို့ပူးပေါင်း၍ ပထမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်မှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီး နှစ်နိုင်ငံရှိဆေးရုံများ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဆေးဘက်ဆိုင်ရာအောင်မြင်မှုမှတ်တိုင်တစ်ခုလည်းဖြစ်လာခဲ့သည်။

လာအိုနိုင်ငံရှိ Mittaphab ဆေးရုံနှင့် ထိုင်းနိုင်ငံ Ramathibodi ဆေးရုံတို့သည် လာအိုနိုင်ငံ၌ ဆေးကုသမှု အထူးသဖြင့် ကျောက်ကပ် အစားထိုးကုသမှုများတွင် ပူးတွဲအလုပ်ရုံဆွေးနွေးပွဲများ၊လေ့ကျင့်မှုများ နှင့် အဆင့်မြင့်နည်းပညာများဆည်းပူးခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်းသိရသည်။

အဆိုပါပူးပေါင်းဆောင်ရွက်မှုကို အဆင့်နှစ်ဆင့်ခွဲထားသည်ဟုသိရပြီး ပထမအဆင့်ကို ၂၀၂၃ ခုနှစ် နှစ်လယ်၌စတင်ကာ Mittaphab ဆေးရုံရှိ ကျောက်ကပ်အလှူရှင်နှင့်လက်ခံသူဝို့၏ ကို စစ်ဆေးခြင်း၊ကိုယ်ခံအား ၊အယောင်ကျဆေး အသုံးပြုခြင်း၊ခွဲစိတ်ပြီး နောက်ပိုင်း ကုသမှု၊ နောက်ဆက်တွဲ ပြသနာ များကို ကိုင်တွယ် ဖြေရှင်းခြင်း၊ ရောဂါပိုးဝင်ခြင်း နှင့် လူနာ စောင့်ရှောက်မှု တို့အတွက်ကျွမ်းကျင်မှုရှိရန်လေ့ကျင့်ခြင်းများပါဝင်သည်။

၂၀၂၄ ခုနှစ်၌ဆောင်ရွက်ခဲ့သော ဒုတိယအဆင့်တွင် Mittaphab Hospital နှင့် Ramathibodi Hospital တို့ ပူးပေါင်း၍ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါကြောင့်ဖြစ်သော အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦးအတွက် ကျောက်ကပ်အစားထိုးရွေးချယ်ခြင်းလုပ်ငန်းစဉ်ကိုဆောင်ရွက်ခဲ့ပြီး အသက် ၁၈ နှစ်အရွယ် ၎င်း၏သမီးထံမှ ကျောက်ကပ်ကိုရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းတို့၏ ပထမဆုံး ကျောက်ကပ်အစားထိုးခွဲစိတ်မှု အောင်မြင်စွာပြီးစီးခြင်းသည် လာအိုနှင့်ထိုင်းနိုင်ငံအကြား ဆေးဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအတွက် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ဒေသတွင်း တိုးတက်သော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများအတွက် လမ်းခင်းပေးနိုင်ခဲ့ကြောင်းလည်းဆိုခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မလေးရှားဝန်ကြီးချုပ်က သက်ဆင်ကို အာဆီယံ အကြံပေးအဖြစ် ခန့်အပ်

လာမည့်နှစ်တွင် အရှေ့တောင်အာရှ ဒေသဆိုင်ရာ အဖွဲ့အစည်း၏ အလှည့်ကျဥက္ကဌ တာဝန်ယူရတော့မည့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ထိုင်းနိုင်ငံ၏ ဘီလျံနာ သြဇာကြီးနိုင်ငံရေးသမား၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို သူ၏ ကိုယ်ရေးအကြံပေးအဖြစ် တနင်္လာနေ့တွင် ခန့်အပ်လိုက်သည်။ သူ၏ အာဆီယံဥက္ကဌအဖြစ် ခေါင်းဆောင်မှုအတွင်း သက်ဆင်၏ အခန်းကဏ္ဍသည် အဖွဲ့ဝင် ၁၀ နိုင်ငံမှ အခြားအကြံပေးပုဂ္ဂိုလ်များနည်းတူ အလွတ်သဘောဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု အန်ဝါက ပြောဆိုခဲ့သည်။ သက်ဆင်၏ အငယ်ဆုံးသမီးဖြစ်သော ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏ မလေးရှားနိုင်ငံခရီးစဉ်အတွင်း အန်ဝါက ယခုကဲ့သို့ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။ “ဒီလို အတွေ့အကြုံကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အကြံညဏ်ကို...

မြန်မာ-လာအို ပွဲစဉ်အပြီး ပွဲကြည့်ပရိတ်သတ်အတွက် အခမဲ့ အိမ်ပြန်ခရီးစဉ် ဆောင်ရွက်ထား

အာဆီယံချန်ပီယံရှစ် မစ်ဆူဘီရှီဖလား ပြိုင်ပွဲ မြန်မာ-လာအို ပွဲစဉ်ကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းအတွင်း ဒီဇင်ဘာ (၁၈)ရက်၊ ည(၅) နာရီအချိန်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ၊ ပွဲစဉ်အပြီး ပရိတ်သတ်များ မြို့နယ်များအလိုက် အိမ်ပြန်ခရီးအတွက် အခမဲ့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပွဲကြည့်ပရိတ်သတ်များ အပြန်ခရီးအတွက် ယာဉ်များစီစဉ်ပေးရာ၌ အုပ်စု(၅) စု သတ်မှတ်ထားကာ အုပ်စု(၁) အနေဖြင့် ဘောလုံးကွင်း -ကျောက်တိုင်-သာကေတ- ဆူးလေးခရီး စဉ်အတွက် (၁၅) စီး၊ အုပ်စု(၂)ဘောလုံးကွင်း - စံပြဈေး - ဘေလီ-ပင်လုံ-ပြည်ထောင်စုလမ်း- ၇/၈ လမ်းဆုံ-...

ပြည်ပသို့ မြန်မာ့ကော်ဖီတန်ချိန် (၅၀၀၀) ကျော်နှစ်စဉ်တင်ပို့နေ

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် မြန်မာ့ကော်ဖီကို ပြည်ပသို့ နှစ်စဉ်တန်ချိန် (၅၀၀၀) ကျော်တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။ မြန်မာနိုင်ငံတွင် (၁) နှစ်လျှင်ကော်ဖီတန်ချိန် (၉ဝဝဝ) ကျော်ထွက်ရှိပြီး ပြည်ပသို့ တန်ချိန်(၅၀၀၀) ကျော်တင်ပို့လျက်ရှိကြောင်း ယင်းထက်ပိုမိုတိုးချဲ့တင်ပို့နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။ မြန်မာ့ကော်ဖီကို ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အမေရိကန်၊ နယ်သာလန်၊ ဩစတြေးလျ၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန် အစရှိသည့် နိုင်ငံများသို့ တင်ပို့နေခြင်း ဖြစ်သည်။ ပြင်ဦးလွင်နှင့် ရွာငံဒေသထွက်ကော်ဖီသည် ကမ္ဘာ့အဆင့်မီ Special Coffee အဆင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071