လာအိုနိုင်ငံတွင် ရောက်ရှိလုပ်ကိုင်နေကြသည့် အထောက် အထားမဲ့မြန်မာများကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေ ခံလက်မှတ်(CI)ကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ် သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၏ ပြောကြားချက်အရ သိရသည်။
လာအိုသံအမတ်နှင့် တွေ့ဆုံစဉ် အဆိုပါနိုင်ငံရှိ မြန်မာအလုပ် သမားများနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအတွက် ဝန်ကြီးဌာနများပူးပေါင်း၍ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းကို e-ID စနစ်နှင့် တိုက်ဆိုင်စစ်ဆေးကာ မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ်(Certificate of Identity – CI)ထုတ်ပေးနိုင်ရေးကို ဆောင်ရွက်သွားရန်ရှိကြောင်း ပြည် ထောင်စုဝန်ကြီးက ဆိုသည်။
လာအိုနိုင်ငံတွင်အထောက်အထားမဲ့မြန်မာလုပ်သား (၆၀၀၀ ၀) ရှိကြောင်း ၊ အဆိုပါလုပ်သားများသည် နိုင်ငံရေးအပြော င်းအလဲဖြစ်ပွားသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှ စတင်ကာ ရွှေ့ပြောင်းလုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံအစိုးရချင်းချိတ်ဆက်၍ လာအိုနိုင်ငံသို့ တရားဝင်လုပ်သားစေလွှတ်ခြင်းမရှိသော်လည်း ယခုကာလတွင် အေ ဂျင်စီအချို့မှ တရားဝင်စေလွှတ်ခွင့်ရရှိရန် အလုပ်သမားဝန် ကြီးဌာနသို့ တင်ပြထားကြောင်းလည်း သိရသည်။