Thursday, April 17, 2025

ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်ငံမှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့လာ

နေပြည်တော်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့၌ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်နေပါ်ခဲ့ရသဖြင့် ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်ငံက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။ ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်ငံ...

ဘူတန်နိုင်ငံဆေးအဖွဲ့က မပြန်ခင်ခေတ်မီရေသန့်စင်စက်များလှူဒါန်း

နေပြည်တော်၌ မန္တလေးငလျင်ကြီးဒဏ်သင့်သူများအား ကုသမှုများပြုလုပ်ပေးလျက်ရှိသည့် ဘူတန်နိုင်ငံမှ ဆေးဘက်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် ခေတ်မီရေသန့်စင်စက်များနှင့် လှူဖွယ်ပစ္စည်းများကို ယနေ့ ဧပြီ ၁၆ ရက်ကလှူဒါန်းခဲ့ကြသည်။ ဘူတန်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ...

ထရမ့်ပ်က ရိုက်တာနှင့်ဘလွန်းဘက်ဂ်ကိုတွေ့ဆုံမေးမြန်းခွင့်ကန့်သတ်

ဝါရှင်တန်၊ဧပြီ ၁၆ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်သည် နောက်ဆုံးပြုလုပ်ခဲ့သည့် မီဒီယာကန့်သတ်မှုတစ်ခုအနေဖြင့် ရိုက်တာနှင့်ဘလွန်းဘက်ဂ်သတင်းဌာနများကို အမေရိကန်သမ္မတ၏သတင်းများကို အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ရန်အတွက် အိမ်ဖြူတော်၌ သတင်းရယူ‌ေရးအဖွဲ့ ၌ သတင်းယူခွင့်ပြုတော့မည်မဟုတ်ကြောင်း သတင်းထုတ်ပြန်ကြေငြာခဲ့သည်။ Small pool...

မိမိသဘောဖြင့်ပြန်မည့်သူများ‌ငွေနှင့်လေယာဉ်လက်မှတ်ပေးမည်ဟုထရမ့်ပ်ဆို

ဝါရှင်တန်၊ဧပြီ ၁၆ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်သည် ၎င်း၏တင်းမာလှသည့် လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းများကိုအနည်းငယ်လျှော့ချသည့်အနေဖြင့် မိမိသဘောဖြင့် နေရပ်ပြန်မည့်ရွှေ့ပြောင်းနေထိုင်သူများကိုငွေကြေးနှင့်လေယာဉ်လက်မှတ် စီစဉ်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ၎င်းသမ္မတဖြစ်လာပြီးနောက် ဒေါ်နယ်ထရမ့်ပ်သည် နိုင်ငံတွင်းရှိ ရွှေ့ပြောင်းနေထိုင်သူများကို အစုလိုက်အပြုံလိုက် နေရပ်ပြန်ပို့နိုင်ရန်ကြိုးပမ်းလျက်ရှိပြီး ၎င်း၏အစိုးရသည်...
HomeNewsLocal Newsလားရှိုးမြို့မှ MNDAA ပြန်လည်ဆုတ်ခွာရန်...

လားရှိုးမြို့မှ MNDAA ပြန်လည်ဆုတ်ခွာရန် ပြင်ဆင်နေပြီဖြစ်ဟုဆို

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိ‌ရာ လားရှိုးမြို့မှ MNDAA တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာရန် ပြင်ဆင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သို့သော် မည်သို့သော ပုံစံဖြင့် ဆုတ်ခွာသွားမည်ဆိုခြင်းအပေါ် ၎င်းအနေဖြင့်
မသိရှိဘဲ ၊ MNDAA၏ တရားဝင်ထုတ်ပြန်မှုကို စောင့်ကြည့်ရမည်ဖြစ်သည်ဟု ဆိုသည်။

MNDAA အနေဖြင့် ယခင်က မေလပိုင်းအကုန်တွင် မြို့မှဆုတ်ခွာရန် ရှိနေသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်းယခုအခါ ဧပြီ‌ နောက်ဆုံးပတ်အတွင်း အပြီးဆုတ်ခွာမည်ဆိုသည့်သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်းသတင်းထွက်ပေါ်နေမှုအတွက် MNDAA ၏ တာဝန်ရှိသူများအား ပေါ်ပြူလာနယူးစ်က ဆက်သွယ်ရန်ကြိုးစားနေဆဲဖြစ်ပြီး၊ ယင်းနှင့်ပတ်သက်၍ ၎င်းတို့၏ The KoKang ဖေ့ဘွတ်စ်စာမျက်နှာတွင်လည်း အသိပေးဖော်ပြထားခြင်းမရှိသေးပေ။

“ဧပြီလကုန်ပိုင်းကစပြီး လားရှိုးမြို့ပေါ်ရပ်ကွက်တွေကနေ ကိုးကန်တပ်ဖွဲ့တွေ ဆုတ်ခွါဖို့ ပြင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မေလကုန်ပိုင်းမှာ ဆုတ်ခွါဖို့ စီစဉ်ထားတာကနေ ပြီးခဲ့တဲ့ ဆွေးနွေးပွဲအပြီးမှာ အစီအစဉ်တွေ ပြောင်းသွားခဲ့ပါတယ်။ မြို့နဲ့ သုံးလေးမိုင် ပတ်ဝန်းကျင် ကျေးရွာတွေကတော့ ကိုးကန့် အုပ်ချုပ်မှုအောက်မှာ ရှိနေမှာပါ”ဟု ဒေသခံသတင်းသမားတစ်ဦးကလည်း သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားမျှဝေထား သည်ကို တွေ့ရသည်။

တရုတ်နိုင်ငံအစိုးရ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ကိုးကန့်တပ်နှင့် မြန်မာ့တပ်မတော်တို့အကြား တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်နိုင်ငံဘက်မှ ကိုးကန့်ဒေသဘက်သို့ ကုန်စည်စီးဆင်းခွင့်များ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည့်အပြင် ဒေသတွင်း လျှပ်စစ်မီးအပါအဝင် အင်တာနက် ၊ ဖုန်းလိုင်းများ ပြန်လည်ဆက်သွယ်၍ ရရှိခဲ့ခြင်းဖြစ်သည်။

MNDAA သည် ၁၀၂၇ တိုက်ပွဲများအတွင်း ရှမ်းပြည်မြောက်ပိုင်းရှိ လောက်ကိုင်၊ ကုန်းကြမ်း၊ သိန္နီ၊ တာမိုညဲ၊ ချင်းရွှေဟော်၊ ကြူကုတ်၊ ဖောင်းစိုင် နှင့်လားရှိုးမြို့အစသည့် (၈)မြို့တို့ကို စိုးမိုးခဲ့ခြင်းဖြစ်သည်။

နစက အနေဖြင့် ဧပြီ ၂၂ ရက်နေ့ထိ အပစ်ရပ်ထားမှု၊ အဖွဲ့စည်းများ၏ တိုင်းပြည်အပေါ် ဝိုင်းဝန်း တည်ဆောက်လိုမှုတို့ မည်မျှ ပေါင်းစပ်နိုင်မည်လဲ ဆိုသည်ကစိတ်ဝင်စားစရာပင်။

ဓာတ်ပုံ-Ko KoKang

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်ငံမှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့လာ

နေပြည်တော်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့၌ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်နေပါ်ခဲ့ရသဖြင့် ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်ငံက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။ ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်ငံ သမ္မတရုံးဥက္ကဋ္ဌ မစ္စဂျယ်လီကာ ဆီဂျန်နိုဗစ် ကသဝဏ်လွှာပေးပို့ရာတွင် မြန်မာနိုင်ငံ၌လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ကြောင့် လူ့အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့သည်ကိုကြားသိရ၍ ဝမ်းနည်းကြေကွဲမိကာ မြန်မာနိုင်ငံအပေါ် ဆိုးရွားစွာသက်ရောက်ခဲ့သည့် အဖြစ်ဆိုးကြီးအတွက် မိမိမှအထူးပင်ဝမ်းနည်းကြေကွဲရသည်ဟု ရေးသားထားသည်။ ယခုအဖြစ်ဆိုးကြီးကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရကာ ဒဏ်ရာရရှိသူများအမြန်ပြန်လည်ကောင်းမွန်လာပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်ဟုလည်း ရေးသားထားသည်။

ဘူတန်နိုင်ငံဆေးအဖွဲ့က မပြန်ခင်ခေတ်မီရေသန့်စင်စက်များလှူဒါန်း

နေပြည်တော်၌ မန္တလေးငလျင်ကြီးဒဏ်သင့်သူများအား ကုသမှုများပြုလုပ်ပေးလျက်ရှိသည့် ဘူတန်နိုင်ငံမှ ဆေးဘက်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် ခေတ်မီရေသန့်စင်စက်များနှင့် လှူဖွယ်ပစ္စည်းများကို ယနေ့ ဧပြီ ၁၆ ရက်ကလှူဒါန်းခဲ့ကြသည်။ ဘူတန်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ခေတ်မီအလိုအလျောက်ရေသန့်စင်စက်နှင့် ရေလီတာ(၂၀၀၀)ဆံ့ရေတိုင်ကီ၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်း ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော်ထံ အမေရိကန်ဒေါ်လာ(၁၃၀၀၀)ကျော်တန်ဖိုးရှိ ဆွမ်းဆန်တော်(၁၀)အိတ်၊ စားသုံးဆီနှင့် စားသောက်ဖွယ်ရာများ၊ အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းများကိုလှူဒါန်းခဲ့သည်။ ပျဉ်းမနားမြို့နယ်အတွင်းထိခိုက်ပျက်စီးခဲ့သောအဆောက်အဦးများအား ဖယ်ရှားရှင်းလင်းနေသူများကိုလည်း စောင်၊ ခြင်ထောင်များ၊ အရေးပေါ်ကာကွယ်ရေးဆိုင်ရာတစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများလှူဒါန်းပေးခဲ့သည်။ ပေါင်းလောင်းအားကစားကွင်း၌ဖွင့်လှစ်ထားသည့် ယာယီဆေးရုံ(ပေါင်းလောင်း) ၌ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူကြီးများ၊ ဆရာဝန်၊သူနာပြုများနှင့် ပူးပေါင်း၍ ငလျင်ဒဏ်သင့်ပြည်သူများအား...

ထရမ့်ပ်က ရိုက်တာနှင့်ဘလွန်းဘက်ဂ်ကိုတွေ့ဆုံမေးမြန်းခွင့်ကန့်သတ်

ဝါရှင်တန်၊ဧပြီ ၁၆ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်သည် နောက်ဆုံးပြုလုပ်ခဲ့သည့် မီဒီယာကန့်သတ်မှုတစ်ခုအနေဖြင့် ရိုက်တာနှင့်ဘလွန်းဘက်ဂ်သတင်းဌာနများကို အမေရိကန်သမ္မတ၏သတင်းများကို အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ရန်အတွက် အိမ်ဖြူတော်၌ သတင်းရယူ‌ေရးအဖွဲ့ ၌ သတင်းယူခွင့်ပြုတော့မည်မဟုတ်ကြောင်း သတင်းထုတ်ပြန်ကြေငြာခဲ့သည်။ Small pool ဟုခေါ်သော အိမ်ဖြူတော်သတင်းယူအဖွဲ့တွင် ယေဘုယျအားဖြင့် သတင်းဌာနအသီးသီး၏ အဖွဲ့ငယ်ပေါင်း ၁၀ ဖွဲ့ခန့်ပါဝင်လေ့ရှိပြီး ၎င်းတို့သည် သမ္မတသွားလေရာလိုက်ပါ၍သော်လည်းကောင်း၊ သမ္မတ၏ ဘဲဥပုံ ရုံးခန်း၌ အစည်းအဝေးပြုလုပ်လျှင်သော်လည်းကောင်း မေးခွန်းများမေးမြန်းကာ သတင်းရယူကြသည့်မီဒီယာအဖွဲ့လည်းဖြစ်သည်။ ယခုအသစ်ထုတ်ပြန်လိုက်သည့်အမိန့်အရ ဖော်ပြပါသတင်းဌာနနှစ်ခုသည် သမ္မတနား၌အနီးကပ်နေကာ အချိန်နှင့်တပြေးညီသတင်းယူခွင့်၊ကြေငြာခွင့်များကိုကန့်သတ်ခံလိုက်ရခြင်းဖြစ်ပြီး အခြားမီဒီယာများနည်းတူသာသတင်းယူခွင့်ရတော့မည့်သဘောပင်ဖြစ်သည်။ သို့သော်ကျန်မီဒီယာအများစုသည် အိမ်ဖြူတော်နှင့်သမ္မတအနားရှိမီဒီယာကြီးများကိုသာအားကိုးကာ သတင်းများအားထုတ်လွှင့်နေရခြင်းဖြစ်သဖြင့်လည်း ယခုအမိန့်သည် မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်လိုက်သလိုဖြစ်နေသည်ဟုဆိုသည်။ သို့သော် ရိုက်တာသတင်းဌာနကမူ ၎င်းတို့သတင်းဌာနအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071