Wednesday, December 18, 2024

ဗန်းမော်မြို့ ဘုန်းကြီးကျောင်းများတွင် ယာယီခိုလှုံနေသည့် ဒေသခံများ...

ဗန်းမော်မြို့၊ ဘုန်းကြီးကျောင်းများတွင် ယာယီခိုလှုံနေသည့် ဒေသခံများ မနက်ဖြန် ဒီဇင်ဘာ (၁၉)၌ ကား (၈)စီးဖြင့် မန္တလေးမြို့သို့ ထပ်မံစစ်ရှောင်မည်ဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။ လက်ရှိတွင်...

မူဆယ်မြို့ရှိ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့် နေရာကို တပ်မတော်စစ်ကြောင်း...

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့၊ မန့်ဝိန်းရပ်ကွက်အတွင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်)ရုံကို တပ်မတော်စစ်ကြောင်းက ဝင်ရောက်စီးနင်းဖမ်းဆီခဲ့ရာ တရုတ်နိုင်ငံသား (၂၀)ဦးခန့်ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရကြောင်း မူဆယ်ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ...

တရုတ်အုပ်ချုပ်မှု ၂၅ နှစ်မြောက်အတွက် ရှီ...

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပေါ်တူဂီကိုလိုနီနယ်မြေဟောင်း ပေကျင်း၏ အုပ်ချုပ်မှုအောက်ရောက်ရှိမှု ၂၅ နှစ်မြောက် အထိမ်းအမှတ်အတွက် ဗုဒ္ဓဟူးနေ့တွင် မကာအိုသို့ ရောက်ရှိခဲ့သည်။ ၎င်း၏ သုံးရက်ကြာခရီးစဉ်အတွင်း...

ကမ္ဘောဒီးယား၌ အီး-အင်ဗွိုက်စ် စနစ် မဖြစ်မနေ...

ဖနောင်ပင်၊ဒီဇင်ဘာ ၁၇ ကမ္ဘောဒီးယားသည် လာမည့်နှစ်အစောပိုင်းတွင် ကုမ္ပဏီများသည် e-invoice စနစ်အသစ်ကို မဖြစ်မနေ ကျင့်သုံးရန် စတင် စမ်းသပ်နေကြောင်းသိရသည်။ "လောလောဆယ်မှာကျွန်တော်တို့က B2G (စီးပွားရေးမှအစိုးရထံ e...
HomeNewsLocal Newsလားရှိုးမြို့ယာဉ်ရပ်နားစခန်း(၃)ခုရှိ ခရီးသည်တင် ယာဉ်ငယ်ဂိတ်များ...

လားရှိုးမြို့ယာဉ်ရပ်နားစခန်း(၃)ခုရှိ ခရီးသည်တင် ယာဉ်ငယ်ဂိတ်များ ပြန်လည်ဖွင့်လှစ်လာ

ရှမ်း/မြောက် လားရှိုးမြို့ ယာဉ်ရပ်နားစခန်းများဖြစ်သည့် နားမခေါ်ယာဉ်ရပ်နားစခန်း၊ မန်ဆူယာဉ်ရပ်နားစခန်း၊ (၄၁) ယာဉ်ရပ်နားစခန်းတို့ရှိ ခရီးသည်တင်ယာဉ်ကား‌လေးဂိတ်များ ယခုဒီဇင်ဘာလအတွင်း ပြန်လည်ဖွင့်လှစ်လာပြီဖြစ်ကြောင်း လားရှိုးမြို့ ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ ယာဉ်ငယ်များအနေဖြင့် လားရှိုး – တောင်ကြီး – မန္တလေးသို့ ပြေးဆွဲရာတွင် ပင်လုံ – လဲချား – ကြေးသီး – ဟိုယ လမ်းပိုင်းမှသာ အဓိကထား ပြေးဆွဲနေကြရကြောင်း သိရသည်။

ထိုသို့ ကားလေးဂိတ်များ ဖွင့်လှစ်လာသော်လည်း လားရှိုး – မန္တလေးလမ်းပိုင်းနှင့် မူဆယ် – လားရှိုးလမ်း‌ပိုင်းတို့တွင် အစစ်အဆေးများ တင်းကြပ်သဖြင့် ဒေသတွင်း ခရီးသွားလာမှု အခက်အခဲများစွာကြုံတွေ့နေရဆဲဖြစ်ကြောင်း ယာဉ်မောင်းများထံမှသိရှိရသည်။

“အခုတလောက ခရီးသည်ရော ကုန်ရော ပါးနေသေးတယ်ဗျ။ ခရီးသည်ဆိုလည်း အခုရက်ပိုင်း အသွားအလာပိုကြပ်ထားတယ်။ လမ်းကြောင်းမကောင်းတော့ နှစ်ရက်တစ်ခါ၊သုံးရက်တစ်ခါလောက်ပဲ ကားထွက်ရတယ်ဗျ”ဟု လားရှိုး – တောင်ကြီး – မန္တလေး ယာဉ်မောင်းသူတစ်ဦးက ပြောသည်။

လက်ရှိ ယာဉ်စီးခများမှာ လားရှိုး- မန္တလေးခရီးစဉ်အတွက် လူတစ်ဦးလျှင် ရှေ့ခန်း ကျပ်(၁၅၀,၀၀၀)-မှ ကျပ် (၂၀၀,၀၀ဝ)အထိ ၊ နောက်ခန်းတစ်ဦးလျှင် ကျပ်(၁၂၀,၀၀၀)မှ ကျပ် (၁၅၀,၀၀၀)အထိ ယာဉ်အမျိုးအစားအပေါ်မူတည်၍ ပေါက်ဈေးရှိနေကာ၊ ယာဉ်စင်းလုံးငှားရမ်းပါက ကျပ် (၅၀၀,၀၀၀) မှ (၇၀၀,၀၀၀)အထိရှိကြောင်းသိရှိရသည်။

ရှမ်း/မြောက် ဒေသတွင်း နှစ်ဖက်လက်နက်ကိုင်တပ်များ၏ စစ်ဆေးမှု တင်းကြပ်မှုများကြောင့် ခရီးသွားရာသီရောက်ပြီဖြစ်သော်လည်း အသွားအလာ နည်းပါးနေသဖြင့် ဖြေလျော့သင့်သည်များဖြေလျော့ပေးရန် ဒေသခံပြည်သူများကမျော်လင့်နေကြကြောင်း သိရသည်။

လက်ရှိတွင် လားရှိုးမြို့၌ တိုက်ပွဲများရပ်တန့်နေသည်မှာ (၂)လကျော်ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗန်းမော်မြို့ ဘုန်းကြီးကျောင်းများတွင် ယာယီခိုလှုံနေသည့် ဒေသခံများ မန္တလေးသို့ထပ်မံ စစ်ရှောင်မည်

ဗန်းမော်မြို့၊ ဘုန်းကြီးကျောင်းများတွင် ယာယီခိုလှုံနေသည့် ဒေသခံများ မနက်ဖြန် ဒီဇင်ဘာ (၁၉)၌ ကား (၈)စီးဖြင့် မန္တလေးမြို့သို့ ထပ်မံစစ်ရှောင်မည်ဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။ လက်ရှိတွင် မြို့ခံပြည်သူများမှာ ဗန်းမော်မြို့တွင်းရှိ ပညာတံခွန်ကျောင်းအပါအဝင် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ယာယီခိုလှုံနေထိုင်လျက်ရှိပြီး၊ အသုတ်လိုက် မန္တလေးမြို့သို့ တိမ်းရှောင်နေကြခြင်းဖြစ်သည်။ "မနက်ဖြန် မန္တလေးကို စစ်ရှောင်ယာဉ်တန်း ထပ်ထွက်မှာပါ။ မန္တလေးက မိသားစုတွေ ကြိုပေးဖို့တော့ အကြောင်းကြားထားတယ်။ အချို့ကလည်း မန္တလေးမှာ မိသားစု ဆွေမျိုးသားချင်းမရှိတော့ ဘုန်းကြီကျောင်းတွေနဲ့ အခြားစေတနာအရ ကူညီပေးနေတဲ့ နေရာတွေမှာ ယာယီနေထိုင်ကြရမှာပါ"ဟု ဒေသခံတစ်ဦးက...

မူဆယ်မြို့ရှိ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့် နေရာကို တပ်မတော်စစ်ကြောင်း ဝင်ရောက်စီးနင်းဖမ်းဆီး တရုတ်နိုင်ငံသား (၂၀)ဦးခန့် ဖမ်းဆီးရမိ ဟုဆို

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့၊ မန့်ဝိန်းရပ်ကွက်အတွင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်)ရုံကို တပ်မတော်စစ်ကြောင်းက ဝင်ရောက်စီးနင်းဖမ်းဆီခဲ့ရာ တရုတ်နိုင်ငံသား (၂၀)ဦးခန့်ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရကြောင်း မူဆယ်ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ ဝင်ရောက်စီးနင်းဖမ်းစီးမှုကို ဒီဇင်ဘာ (၁၆)ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိတွေ့ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ "ကျားဖြန့် ကိစ္စတွေက ရှိနေသေးတော့ သက်ဆိုင်ရာကလည်း မကြာမကြာဝင်ဖမ်းတာတွေရှိတယ်။ ဖမ်းတယ်ဆိုတာတော့ သိတယ်။ ဒါပေမဲ့ မြို့က လူတွေက သူတို့နဲ့ (ကျားဖြန့်) သိပ်မပတ်သက်ကြတော့ အတိအကျမသိဘူး"ဟု ၎င်းက ဆိုသည်။ ယင်းသို့ ဖမ်းစီးခဲ့ရာ၌ ကျားဖြန့်ရုံမှ တရုတ်နိုင်ငံသား ကျား...

တရုတ်အုပ်ချုပ်မှု ၂၅ နှစ်မြောက်အတွက် ရှီ မကာအိုသို့ ရောက်ရှိ

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပေါ်တူဂီကိုလိုနီနယ်မြေဟောင်း ပေကျင်း၏ အုပ်ချုပ်မှုအောက်ရောက်ရှိမှု ၂၅ နှစ်မြောက် အထိမ်းအမှတ်အတွက် ဗုဒ္ဓဟူးနေ့တွင် မကာအိုသို့ ရောက်ရှိခဲ့သည်။ ၎င်း၏ သုံးရက်ကြာခရီးစဉ်အတွင်း ရှီသည် ကာစီနိုလုပ်ငန်း အပေါ်အမှီပြုသည့် မကာအိုကို အခြားကဏ္ဍများအတွက်လည်း တိုက်တွန်းဖွယ်ရှိသည်။ ရှီသည် ကမ္ဘာ့အကြီးဆုံး လော-င်းကစားအချက်အချာနယ်မြေကို သမ္မတအဖြစ် တတိယအကြိမ်မြောက်သွားရောက်သည့် ခရီးစဉ်ဖြစ်ပြီး အောက်တိုဘာလအတွင်းက ရွေးကောက်ခံခဲ့ရသည့် ဒေသ အမှုဆောင်အရာရှိချုပ်အသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်မည်ဖြစ်သည်။ အိမ်နီးချင်း ဘဏ္ဍရေးအချက်အချာဟောင်ကောင်တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများ ပြင်းထန်နေသည့် ၂၀၁၉ ခုနှစ်က ရှီသည် မကာအိုသို့ နောက်ဆုံးသွားရောက်ထားခဲ့သည်။ တရုတ်နိုင်ငံ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071