“Red Lacewing” လိပ်ပြာပုံ ကျပ် (၂၀၀) တန်စာပို့တံဆိပ်ခေါင်းအသစ် တစ်မျိုးကို မတ်လ (၁၉) ရက်မှစတင်၍ နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တပြိုင်တည်း ရောင်းချပေးနေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းထံမှသိရသည်။
ထိုသို့ရောင်းချပေးရာ၌ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် မတ်လ (၁၉)ရက်၌ စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့ စာအိတ်( First Day Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ လိပ်ပြာပုံ ကျပ် (၂၀၀)တန်တံဆိပ်ခေါင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာတိုက်များတွင်ဝယ်ယူနိုင်ရန် ဖြန့်ဝေထားရှိပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ တံဆိပ်ခေါင်းသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ၌ တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင်သဘောထား မှတ်ချက်ပြုထားသည့် တတံဆိပ်ခေါင်းတစ်ခုလည်းဖြစ်သည်။