လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအတွက် အမေရိကန်နှင့်ဂျပန်ပူးပေါင်းမည်
ဂျပန်၊မေ ၂၄
ထိပ်သီးလေးနိုင်ငံQUAD အစည်းအဝေးမတိုင်မီ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဂျပန်နိုင်ငံဝန်ကြီးချုပ် ကီရှီဒါ နှင့်တနင်္လာနေ့တွင်တွေ့ဆုံခဲ့ကြောင်း မီဒီယာများမှသိရသည်။
အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ခေါင်းဆောင်နှစ်ဦးသည် မြောက်ကိုရီးယားနိုင်ငံ၏ နျူးကလီးယားနှင့်ပဲ့ထိန်းဒုံးကျည်အစီအစဉ်များ၊ တရုတ်နိုင်ငံ၏ နိုင်ထက်စီးနင်းအပြုအမူများသည် နိုင်ငံတကာဥပဒေနှင့်ဆန့်ကျင်ဘက်ဖြစ်လာခြင်းများ၊ဒေသတွင်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ စသည်တို့ကို ပူးပေါင်းဖြေရှင်းရန်သဘောတူလက်ခံခဲ့ကြကြောင်း ပါဝင်သည်။
ထို့ပြင် နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ကုန်စည်စီးဆင်းရေးလုံခြုံမှု၊ဖွံ့ဖြိုးမြဲစွမ်းအင် စသည့်ကဏ္ဍများတွင်ပါ ယခင်ကထက်ပိုမို ပူးပေါင်းဆောင်ရွက်သွားမည် ဟုလည်းပါဝင်သည်။
“အမေရိကန် – ဂျပန် ပူးပေါင်းမှုသည် ယခင်ကထက်ပိုမိုအားကောင်းလာပြီး အင်ဒို – ပစိဖိတ်ဒေသ၏ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး အခြေခံအုတ်မြစ်ဖြစ်သည်” ဟုသမ္မတ ဂျိုးဘိုင်ဒင်က ၎င်း၏ Twitter တွင်ရေးသားထားသည်။
Source – Wion