လုံခြုံရေး ချို့ယွင်းချက်များကို ဂျပန်ရဲတပ်ဖွဲ့က ဝန်ခံ
ဝန်ကြီးချုပ်ဟောင်း အာဘေး လုပ်ကြံသတ်ဖြတ်ခံရပြီး တစ်ရက်အကြာတွင် ၎င်း၏ရုပ်ကလာပ်သည်သူ၏ မိသားစုနေအိမ်သို့ ရောက်ရှိလာစဉ် ဂျပန်ရဲများက စနေနေ့ (ဇူလိုင် ၉ ရက်) တွင် ၀န်ခံခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံ၏ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်အား ဂါရဝပြုရန် နယ်ပယ်စုံမှပုဂ္ဂိုလ်များ အာဘေး၏ တိုကျိုနေအိမ်သို့ ရောက်ရှိနေကြသည်။
ဝန်ကြီးချုပ် ကီရှီဒါ က “ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ရွေးကောက်ပွဲကာလအတွင်း မိန့်ခွန်းတွေကို ဖိနှိပ်ဖို့ ဘယ်တော့မှ အကြမ်းဖက်မှုကို ခွင့်မပြုဘူး”လို့ ပြောရင်း တနင်္ဂနွေနေ့တွင်ကျင်းပမည့် အထက်လွှတ်တော် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို ဆက်လက် မဲဆွယ်စည်းရုံးစေခဲ့သည်။
ဂျပန်နိုင်ငံ၏ ထင်ရှားကျော်ကြားသော နိုင်ငံရေးသမားကို သတ်ဖြတ်မှုသည် ကမ္ဘာကို တုန်လှုပ်စေခဲ့သည်။
သောကြာနေ့က အနီးကပ်ပစ်ခတ်ခဲ့တဲ့ အမျိုးသား၏ အသေးစိတ်အချက်အလက်များကို ရဲက စုစည်းနေဆဲဖြစ်သော်လည်း Tetsuya Yamaguchi ဟု အမည်ပေးထားသည့် အသက် ၄၁ နှစ်အရွယ် လုပ်ကြံသူက ဝန်ကြီးချုပ်ဟောင်း အာဘေးဟာ အမည်မဖော်လိုသောအဖွဲ့အစည်းတခုနဲ့ ဆက်နွှယ်နေတယ်လို့ ယုံကြည်တာကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။
“ဝန်ကြီးချုပ်ဟောင်း Abe အတွက် အစောင့်အကြပ်နဲ့ ဘေးကင်းရေး အစီအမံတွေမှာ ပြဿနာတွေ ရှိနေတယ်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုပြုလုပ်မည်” ဟု Nara စီရင်စုရဲဌာန အကြီးအကဲ Tomoaki Onizuka က ကတိပြုခဲ့သည်။
“၁၉၉၅ ခုနှစ်မှာ ရဲအရာရှိဖြစ်လာပြီးနောက်ပိုင်း နှစ်တွေတစ်လျှောက်လုံးမှာ နောင်တရစရာ ကြီးကြီးမားမား မရှိပါဘူး၊ခုတော့ ဒီထက် ပိုကြီးတဲ့နောင်တတော့ မရှိပါဘူး” ဟု ဆိုသည်။