လူမှောင်-ခိုကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၌ ပြုလုပ်သည့် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးမှသိရခြင်း ဖြစ်သည်။
ယင်းဥပဒေသည် ဂိုဏ်းဖွဲ့ကျူးလွန်သည့် လူမှော-င်ခိုကူးသူများကို တားဆီးနှိမ်နင်းရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်းမှ ရွှေ့ပြောင်းသွားလာလုပ်ကိုင်လိုသူများကို ပြည်ပကို တရားမဝင်ပို့ဆောင်နိုင်ရေးအတွက် လူမှော-င်ခိုကူးသူများက အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်လာနေကြောင်းလည်း ၎င်းက ပြောသည်။
ထို့ကြောင့် လူမှောင်-ခိုကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်သည့် ဥပဒေ(မူကြမ်း)ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေကာ လူကု-န်ကူးမှုတားဆီးနှိမ်နင်းရေးနည်းဥပဒေ(မူကြမ်း) နှင့် ကလေ-းသူငယ်အခွင့်အရေးများဆိုင်ရာ(မူကြမ်း)တို့ကို အတည်ပြုနိုင်ရေး၊ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေကို ပြင်ဆင်ရေးဆွဲနိုင်ရေး ဆောင်ရွက်နေကြောင်းလည်း ဆိုသည်။