Friday, December 13, 2024

ဘားအံမြို့ရှိ ကျောက်ကလပ်စေတီတော်ပရဝုဏ်အား ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ်သတ်မှတ်

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အထင်ကရစေတီတော်တစ်ဆူဖြစ်သော ကျောက်ကလပ်စေတီတော်ပရဝုဏ်အား ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ် ယနေ့ ဒီဇင်ဘာ ၁၃ ရက်နံနက်ပိုင်းမှစတင်ကာသတ်မှတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ သတ်မှတ်ရာ၌ "ဆေးလိပ်ငွေ့ကင်းစင်ကျောက်ကလပ်စေတီတော်ပရဝုဏ်တခွင်"ဆိုင်းဘုတ်အား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက...

နေပြည်တော်၊ ရန်ကုန် အပါအဝင် တိုင်းနှင့်...

နောက် (၂)ရက်အတွင်း နေပြည်တော်၊ ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ် (၉)ခုတွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်သေးကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏...

ယနေ့ ည ကြယ်မိုးအများအပြား ရွာမည်

ယနေ့ ဒီဇင်ဘာ(၁၃)ရက် ညသန်းခေါင်မှ ဒီဇင်ဘာ(၁၄)ရက်နေ့ မိုးမလင်းမီအချိန်အထိ ကြယ်မိုးအများအပြား ရွာသွန်းမည်ဖြစ်ကြောင်း မြန်မာ့နက္ခတ္တဗေဒ နှင့် သိပ္ပံလေ့လာရေးအဖွဲ့က အသိပေးထားသည်။ အချိန်ဇုန် မတူညီသည့် နိုင်ငံအလိုက်...

လာမည့်နှစ်ကစပြီး ထိုင်းကို e-Visa လျှောက်ထားနိုင်မည်

ဇန်နဝါရီလက စတင်၍ မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံကို ဗီဇာလျှောက်ထားရာတွင် အွန်လိုင်း(e-Visa) စနစ်ဖြင့်စတင်လျှောက်ထားနိုင်မည်ဟု ရန်ကုန်မြို့အခြေစိုက် ထိုင်းသံရုံးက ယမန်နေ့ (ဒီဇင်ဘာ ၁၂ ရက်နေ့)ကထုတ်ပြန်သည်။ ယင်းစနစ်ကို...
HomeNewsLocal Newsလူသားချင်းစာနာမှု အကျပ်အတည်းတိုးမြင့်လာမည့် နိုင်ငံ(၅)...

လူသားချင်းစာနာမှု အကျပ်အတည်းတိုးမြင့်လာမည့် နိုင်ငံ(၅) နိုင်ငံတွင် မြန်မာပါဝင်လာ

လူသားချင်းစာနာမှု အကျပ်အတည်း တိုးမြင့်လာမည့် နိုင်ငံ(၅)နိုင်ငံတွင် မြန်မာပါဝင်လာသည်ဟု နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (IRC)က အသိပေးထုတ်ပြန်ထားသည်။ 

အဆိုပါ (၅)နိုင်ငံမှာ ပထမ‌နေရာတွင် ဆူဒန်၊ ဒုတိယနေရာတွင် ပါလက်စတိုင်း၊တတိယနေရာတွင်မြန်မာ၊ စတုတ္ထနေရာတွင် ဆီးရီးယား နှင့် ပဉ္စနေရာတွင် တောင် ဆူဒန် တို့ဖြစ်ကြကြောင်း သိရသည်။

ယင်းအနက် မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း လူသားချင်းစာနာမှုအကျပ်အတည်း တိုးမြှင့်လာမည်ဖြစ်သည်ဟု IRC ၏ အသိပေးချက်တွင်ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လူပေါင်း (၉) သိန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး၊ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ထက် (၃၇) ရာခိုင်နှုန်း တိုးလာကြောင်း IRC က အသိပေးဖော်ပြချက်အရ သိရသည်။

“စောင့်ကြည့်စာရင်းဝင် နိုင်ငံတွေဟာ ပုံမှန်အတိုင်းဆို စီးပွားရေးလမ်းကြောင်းက ပြောင်းပြန်လှန်နိုင်မှာ မဟုတ်ဘူး။ လက်ရှိအနေအထားကို မကြည့်ဘူးဆိုရင် အရပ်သားပြည်သူတွေဟာ ကြီးထွားနေတဲ့ ပြဿနာနဲ့ အဆိုးရွားဆုံး သက်ရောက်မှုတွေကို ဆက်လက်ခံစားရနိုင်တယ်” ဟု IRC ဥက္ကဌနှင့် CEO ဖြစ်သူ David Miliband က ပြောကြားထားသည်။ 

လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများမှုကို ဖြေရှင်းရန် လူသားချင်းစာနာမှု အကူအညီပေးရေး စနစ်ကို ပြုပြင်ပြီး စီးပွားရေးတည်ငြိမ်မှုကို မြှင့်တင်ရန်လိုအပ်ကြောင်း IRC ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ယင်းအပြင် ဗီတိုအာဏာသုံးမှုကို ဆိုင်းငံ့ထားရန်၊ အရပ်သားများအား အကာအကွယ်ပေးရန်၊ ဒုက္ခသည်များ အတွက် ဘေးကင်းသော လမ်းကြောင်းများနှင့် အကူအညီများ ချဲ့ထွင်ပေးရန်လိုအပ်ကြောင်း ဆိုသည်။ 

ကမ္ဘာတစ်ဝှမ်းတွင် လူပေါင်း (၃၀၅ )သန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေပြီး စောင့်ကြည့်စာရင်းဝင်နိုင်ငံများ၏ အကျပ်အတည်းကြောင့် ကမ္ဘာ့နေရပ်စွန့်ခွာသူ (၇၇) ရာခိုင်နှုန်းရှိကြောင်း IRC ၏ ထုတ်ပြန်ချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘားအံမြို့ရှိ ကျောက်ကလပ်စေတီတော်ပရဝုဏ်အား ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ်သတ်မှတ်

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အထင်ကရစေတီတော်တစ်ဆူဖြစ်သော ကျောက်ကလပ်စေတီတော်ပရဝုဏ်အား ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ် ယနေ့ ဒီဇင်ဘာ ၁၃ ရက်နံနက်ပိုင်းမှစတင်ကာသတ်မှတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ သတ်မှတ်ရာ၌ "ဆေးလိပ်ငွေ့ကင်းစင်ကျောက်ကလပ်စေတီတော်ပရဝုဏ်တခွင်"ဆိုင်းဘုတ်အား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်မှ ဆေးလိပ်ငွေ့ကင်းစင်ဘားအံတစ်ခွင်မှသည် ဆေးလိပ်ငွေ့ကင်းစင် ကရင်ပြည်နယ်တစ်ခွင်ဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေသတ်မှတ်ခြင်းဖြင့် ကျန်းမာသောနေထိုင်မှုဘဝကိုရရှိသည့် အပြင် ပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးစေသည့် အန္တရာယ်ဖြစ်စေသောဓာတုပစ္စည်းများ၊ အဆိပ်အတောက်များဘေးမှ ကာကွယ်ခြင်းဖြင့် လာရောက်လည်ပတ်သောခရီးသွားများတိုးပွားလာပြီး စီးပွားရေးတိုးတက်လာခြင်းအကျိုးကျေးဇူးများကိုရရှိခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်၊ ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ် (၉)ခုတွင် လာမည့် (၂)ရက်အတွင်း မိုးရွာနိုင်သေးကြောင်း မိုး/ဇလမှ ထုတ်ပြန် အသိပေး

နောက် (၂)ရက်အတွင်း နေပြည်တော်၊ ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ် (၉)ခုတွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်သေးကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဒီဇင်ဘာ(၁၃) ရက်၊ ထုတ်ပြန်အသိပေးချက်အရ သိရသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေကြောင်း ထုတ်ပြန်သည်။ သို့သော် တနင်္သာရီ တိုင်းဒေသကြီးတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊...

ယနေ့ ည ကြယ်မိုးအများအပြား ရွာမည်

ယနေ့ ဒီဇင်ဘာ(၁၃)ရက် ညသန်းခေါင်မှ ဒီဇင်ဘာ(၁၄)ရက်နေ့ မိုးမလင်းမီအချိန်အထိ ကြယ်မိုးအများအပြား ရွာသွန်းမည်ဖြစ်ကြောင်း မြန်မာ့နက္ခတ္တဗေဒ နှင့် သိပ္ပံလေ့လာရေးအဖွဲ့က အသိပေးထားသည်။ အချိန်ဇုန် မတူညီသည့် နိုင်ငံအလိုက် ကြယ်မိုးရွာသွန်းချိန် အနည်းငယ်ကွာခြားမည်ဖြစ်‌သော်လည်း မြန်မာနိုင်ငံအပါအဝင် ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ စသည့် အိမ်နီးနားချင်းနိုင်ငံများတွင် ဒီဇင်ဘာ (၁၃)ရက် ညသန်းခေါင်အချိန် တွင် ရွာသွန်းမည်ဖြစ်ကြောင်း ဆိုသည်။ ယနေ့ ည ကြယ်မိုးရွာသွန်းမှုသည် တစ်နာရီလျှင် ကြယ်မိုးပေါင်း (၅၀)အထိ မြင်တွေ့နိုင်မည်ဖြစ်ပြီး၊ ယခုနှစ် ကြယ်မိုးရွာသွန်းမှုသည် လပြည့်ရက်နှင့် နီးကပ်နေခြင်းကြောင့် လ၏ အလင်းရောင်ကြောင့် သေးငယ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071