Looking for something?

Explore the website

Looking for something?

Monday, March 31, 2025

ငလျင်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ကျပ်ငွေ ၁၅...

ငလျင်ဒဏ်သင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက် ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်တို့က ကျပ်ငွေ ၁၅ ဘီလီယံ ကနဦး မတည်လှူဒါန်းသွားမာ်ဖြစ်ပြီး အဆိုပါ ထောက်ပံ့လှုဒါန်းမှုအား အရေးပေါ်ကယ်ဆယ်ရေးနှင့်...

ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့်...

ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊တပ်မတော်သားနှင့် မိသားစုဝင်များ နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူနေသည့်အပေါ် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် လိုက်လံကြည့်ရှု့ကာအားပေးစကား...

WHO says Myanmar quake...

GENEVA - The World Health Organisation said on March 30 the Myanmar earthquake...

စစ်ကိုင်းမြို့တွင် ပြိုကျပျက်ဆီးနေသောလေးကျွန်းမြေအုတ်ကျောင်းနှင့်ဇိနောဓဏတိုက်သစ်ကျောင်းတိုက်တို့တွင် ကူညီကယ်ဆယ်ရေးများဆောင်ရွက်

ငလျင်လှုပ်ခတ်မှုကြောင့်စစ်ကိုင်းမြို့၊ လေးကျွန်းမြေအုတ်ကျောင်း ပြိုကျပျက်စီးရာမတ်လ(၃၁)ရက်က စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် စစ်ကိုင်းမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဇိနောဓဏတိုက်သစ်ကျောင်းတိုက်အဆောက်အဦး ပြိုကျ၍ ပိတ်မိနေသူများကို...
HomeArticlesလူသားတို့အတွက် ကောင်းကျိုးထက်ဆိုးကျိုးပိုလာစေမလား ဆက်လက်စောင့်ကြည့်ရဦးမည့်...

လူသားတို့အတွက် ကောင်းကျိုးထက်ဆိုးကျိုးပိုလာစေမလား ဆက်လက်စောင့်ကြည့်ရဦးမည့် AI နည်းပညာ (အပိုင်း၇)

နောက်ဆိုရင် သင့်အနေနဲ့ မိတ်ဆွေသစ်တစ်ဦးနဲ့ဖြစ်စေ၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်သစ်တစ်ဦးဦးနဲ့ဖြစ်စေ Online ကနေ စကားပြောတဲ့အခါမှာ သင်နဲ့စကားပြောနေတဲ့သူဟာ တကယ့်လူ အစစ်အမှန်ဟုတ်မဟုတ်ဆိုတာကို ထည့်သွင်းစဉ်းစားရပါတော့မယ်။

မသမာသူအချို့ဟာ အခုဆိုရင် Open AI ရဲ့ကုတ်တွေနဲ့ရေးထားတဲ့ Malware တွေကိုသုံးပြီး Online မှာ စကားပြောနေတဲ့သူဟာ မိန်းကလေးတစ်ဦးပါလို့ ယုံကြည်အောင် ဖန်တီးဖို့အတွက် စတင် စီစဉ်နေပြီလို့သိရပါတယ်။

ဆိုက်ဘာရာဇဝတ်သားတွေဟာ ဟက်ကင်းလုပ်နိုင်တဲ့ကိရိယာတွေကို မြန်မြန်ဆန်ဆန် တီထွင်ဖို့အတွက် Open AI ရဲ့ ဉာဏ်ရည်တု chatbot ChatGPT ကို စတင်အသုံးပြုနေကြပြီလို့လည်း ဆိုက်ဘာလုံခြုံရေးသုတေသီတွေက သတိပေးခဲ့ပါတယ်။

လိမ်လည်သူတွေဟာ chatbot တွေကို တကယ့်ပြင်ပမှာရှိတဲ့ မိန်းကလေးအသွင်အယောင်ဆောင်ခိုင်းပြီး လိမ်လည်ရာမှာအသုံးပြုဖို့ စီစဉ်နေကြပြီလို့ Hold Security လို့အမည်ရတဲ့ ဆိုက်ဘာစုံစမ်းထောက်လှမ်းရေးကုမ္ပဏီ တည်ထောင်သူဖြစ်တဲ့ Alex Holden က ဆိုပါတယ်။

ChatGPT ကိုစတင်မိတ်ဆက်ပြီး ရက်ပိုင်းအတွင်းမှာတင် ဒီ App ဟာ အသုံးပြုသူတွေကို စပိုင်လုပ်ထောက်လှမ်းနိုင်စွမ်းရှိပြီး ဗိုင်းရပ်လိုမျိုးအန္တရာယ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲလ်တွေကိုတောင် ရေးပေးနိုင်စွမ်းရှိကြောင်း သိသွားတဲ့နောက်မှာတော့ လူတွေရဲ့စိုးရိမ်မှုတွေဟာ ပိုပြီးမြင့်တက်လာခဲ့ပါ တယ်။

ဟက်ကာတစ်ဦးဟာ ChatGPT ကိုသုံးပြီး Android Malware တစ်ခုကိုရေးကာ ကွန်ရက်ပေါ်မှာ ပြန်ဖြန့်ခဲ့ပါတယ်။ အဲ့ဒီ Malware က ကွန်ပျူတာထဲမှာ အလိုအလျောက် Install လုပ်ပြီး ကွန်ပျူတာကိုလည်း ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နိုင်တယ်လို့ Check Point လို့အမည်ရတဲ့ အစ္စရေးလုံခြုံရေးကုမ္ပဏီကဆိုပါတယ်။

ဒါ့အပြင် မသမာသူတွေ၊ ရာဇဝတ်သားတွေအနေနဲ့လည်း Dark Web ဈေးကွက်မှာသုံးမည့် Code တွေကိုရေးဖို့အတွက် ChatGPT ကိုအလွဲသုံးစားအသုံးပြုလာနိုင်ပါတယ်။

ဉာဏ်ရည်တုနည်းပညာကို အထက်မှာဖော်ပြခဲ့သလိုမျိုးအလွဲသုံးစားလုပ်လာနိုင်တဲ့အန္တရာယ်တွေရှိလာတာနဲ့အတူ နည်းပညာနယ်ပယ်ထဲက ပညာရှင်တွေဟာ AI ဉာဏ်ရည်တုနည်းပညာ စမ်းသပ်မှုတွေကို ၆ လလောက်ရပ်ထားပေးဖို့တောင်းဆိုထားတဲ့ အိတ်ဖွင့်စာတစ်စောင်‌ကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

စည်းကမ်းဥပဒေမဲ့ ဉာဏ်ရည်တုနည်းပညာကိုစမ်းသပ်အသုံးပြုခြင်းက လူသားမျိုးနွယ်တွေကို အကျိုးပြုစေတာထက် အန္တရာယ်တွေဆီကို မြန်မြန်ဆန်ဆန်တွန်းပို့နေသလိုဖြစ်နေပါတယ်။

AI ကို သုတေသနပြုလုပ်နေတဲ့ ကုမ္ပဏီတွေဟာ ဘယ်သူကမှ နားမလည်နိုင်၊ ကြိုတင်မခန့်မှန်းနိုင်၊ ထိန်းချုပ်လို့မရနိုင်တဲ့ ဒစ်ဂျစ်တယ်စိတ်တစ်မျိုးကို အပြိုင်အဆိုင်တီထွင်နေကြတဲ့ ယှဉ်ပြိုင်မှုတွေထဲမှာ ပိတ်မိနေပြီဖြစ်ပါတယ်။

တကယ်လို့ ပညာရှင်တွေတောင်းဆိုထားတဲ့ ဉာဏ်ရည်တုစမ်းသပ်မှု ခေတ္တရပ်တန့်ထားရေးအဆိုကိုမြန်မြန်ဆန်ဆန်သာ မပြဌာန်းနိုင်ခဲ့ရင်တော့ အစိုးရတွေအနေနဲ့ တားဆီးဆိုင်းငံ့ထားသင့်ပါတယ်။

ပညာရှင်တွေတောင်းဆိုထားတဲ့ဒီစာဟာ အနာဂတ်မှာ လူသားတွေအတွက် ပျက်စီးမှုတွေရှိလာနိုင်တာကို သတိပေးနေတာဖြစ်တယ်လို့ NBC သတင်းဌာနကလည်းဆိုထားပါတယ်။ အိတ်ဖွင့်စာမှာ လက်မှတ်ရေးထိုးကြသူတွေထဲမှာ Space X နဲ့ Tesla CEO ဖြစ်သူ Elon Musk, Apple ပူးတွဲတည်ထောင်သူ Steve Wozniak, IBM ရဲ့ ပညာရှင် Grady Booch , Satbility AI ရဲ့ CEO ဖြစ်သူ Mostaque နဲ့ Tristan Harris အပြင် Stuart Russell လိုမျိုး စာပေနယ်ပယ်က ဆရာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဥာဏ်​ဝေ

Ref:
https://i-hls.com/archives/118762 and https://i-hls.com/archives/118811

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ကျပ်ငွေ ၁၅ ဘီလီယံ ကနဦး မတည်လှူဒါန်းခဲ့သည့် ‌ေမ္ဘာဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်

ငလျင်ဒဏ်သင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက် ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်တို့က ကျပ်ငွေ ၁၅ ဘီလီယံ ကနဦး မတည်လှူဒါန်းသွားမာ်ဖြစ်ပြီး အဆိုပါ ထောက်ပံ့လှုဒါန်းမှုအား အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ပထမ ဦးစားပေးဆောင်ရွက်သွားမည်ဟု ယနေ့တွင် အသိပေးထားသည်။ အဆိုပါ ကျပ်ငွေ (၁၅) ဘီလီယံကို အပိုင်းလိုက်ခွဲဝေ လှူဒါန်းသွားမည်ဖြစ်ကာ အသက်ကယ်တင်ရန်အပါအဝင် အခြေခံအဆောက်အဦများ ပြန်လည်တည်ဆောက်ရန်၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ အရေးပေါ်တုံ့ ပြန်သူများနှင့် ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့အစည်းများကို ချက်ချင်းအကူ အညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အခြေခံလိုအပ်ချက်များအတွက် ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်တို့၏ မိတ်ဖက်များ၊ NGOs...

ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သားများအား နစက ဥက္ကဌ အားပေး

ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊တပ်မတော်သားနှင့် မိသားစုဝင်များ နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူနေသည့်အပေါ် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် လိုက်လံကြည့်ရှု့ကာအားပေးစကား သွားရောက် ပြောကြားခဲ့သည်။ ထိုသို့ သွားရောက်ခဲ့ရာတွင် တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အခြေအနေများနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှု အခြေအနေများကို နွေးထွေးစွာ မေးမြန်း အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများလည်း ပေးအပ်ခဲ့သည်။ ထို့အပြင် ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများအား ဆေးရုံတက်ရောက် ကုသမှုခံယူနေရသူများ၏ ကျန်းမာရေးအခြေအနေများအား မပြတ်စောင့်ကြည့်၍ လိုအပ်သည့်ကုသမှုများဆောင်ရွက်ပေးသွားရန်၊ နေရေး၊ စားရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များ...

WHO says Myanmar quake a top-level emergency, seeks urgent funding

GENEVA - The World Health Organisation said on March 30 the Myanmar earthquake was a top-level emergency as it urgently sought US$8 million (S$10.7 million) to save lives and prevent disease outbreaks over the next 30 days. The WHO said...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071