Thursday, December 26, 2024

၂၀၂၇ ခုနှစ် အာရှဖလား တတိယအဆင့်...

၂၀၂၇ ခုနှစ် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအတွက် မြန်မာအသင်း အုပ်စု (E)၌ အိမ်ကွင်း(၃)ပွဲ အဝေးကွင်း (၃) ပွဲ နှစ်ကျော့စနစ်ဖြင့်...

ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန်...

ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန် ဘေးကင်းရာနေရာသို့ ရောက်ရှိနေသည့် သူမစစ်‌ရှောင်များစာရင်းကို မြေပြင်ကူညီဆောင်ရွက်နေသူများက ယနေ့တွင် ပထမအကြိမ် ထုတ်ပြန်ထားသည်။ အဆိုပါ စစ်ဘေးရှောင်များကို ရွှေကူမြို့...

ကျိုက်မရော ချောင်းနှစ်ခွ ဒေသခံစစ်ရှောင်များ တစ်နှစ်ကျော်ကြာသည်အထိ...

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံစစ်ရှောင်အများစုမှာ တစ်နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်း မော်လမြိုင်မြို့သို့ တိမ်းရှောင်‌နေသူ စစ်ရှောင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊...

ဂျပန်လေကြောင်းလိုင်း ဆိုက်ဘာတိုက်ခိုက်ခံရ၊ခရီးစဉ်အချို့ ကြန့်ကြာ

ဂျပန်လေကြောင်းလိုင်း(JAL) သည် ဆိုက်ဘာတိုက်ခိုက်ခံ၍ပြည်တွင်းနှင့် နိုင်ငံတကာခရီးစဉ်အချို့ နှောင့်နှေးကြန့်ကြာခဲ့သည်ဟု လေကြောင်းလိုင်းက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၇း၂၄ နာရီဝန်းကျင်တွင်...
HomeCelebrities' Newsလူ့ဘောင်လောက ဘေးထွက်ဆိုးကျိုး နှင့်...

လူ့ဘောင်လောက ဘေးထွက်ဆိုးကျိုး နှင့် လောင်းကစားအန္တရာယ်

programဒီနေ့မြန်မာ့ လူ့အဖွဲ့အစည်းအတွင်းမှာ  လောင်းကစား လုပ်ငန်း တွေက နည်းမျိုးစုံနဲ့ အမြစ်တွယ် ကြီးထွားလာနေပြီ ဖြစ်သလို စာရိတ္တ ယိုယွင်း ပျက်စီး မှုလည်း နယ်ပယ်စုံ ကြီးထွား မြင့်မားစွာ ဖြစ်ပွားလို့နေပါပြီ။ နည်းပညာခေတ် နဲ့အညီ ဖွံ့  ဖြိုးတိုးတက်နေတဲ့ လူမှုအဆောက်အအုံ အတွင်းမှာ ဘေးထွက် ဆိုးကျိုးပြယုဂ် အဖြစ် လောင်းကစား လုပ်ငန်းတွေဟာ ၂ လုံး၊ ၃လုံးထီလောင်းကစား နည်း၊ ဘောလုံးပွဲ အလောင်းကစားနည်း၊ ဂိမ်း လောင်း ကစားနည်း ဆိုပြီးတော့ တွင်ကျယ် ခေတ်စားလာနေတာမို့ လူငယ် အများစု ကျင်လည် ကျက်စားရာ စိတ် ထွက်ပေါက် ရှာကြရာ နေရာတစ်ခု ဖြစ်လို့နေတာကြောင့် လူငယ်တိုင်း ဘဝအနာဂတ် အတွက်ရော၊ တိုင်းပြည် အနာဂတ်အတွက်ပါ ရင်လေးစရာ ကောင်းလှပါတယ်။  ဒါ ကြောင့်မို့ လူငယ် အနုပညာရှင် တို့ရဲ့  လောင်း ကစား နဲ့ လူ့ဘောင်လောက  ဘေးထွက် ဆိုးကျိုးအပေါ်  အမြင် စကားသံများကို စုစည်းဖော်ပြလိုက် ရပါတယ်။

စိုးရန်အောင်

တချို့ကျတော့လည်း လောင်းကစားကို ဝါသနာ ကိုပါနေတာ။ အဲဒါ က အချိန်ကြာလာတာ နဲ့အမျှ ကိုယ့် ရဲ့ စီးပွားရေးတွေ၊ မိသားစုလေးတွေ ပျက်စီးသွားတယ်။ လောင်းကစား ဆိုတာက ဘယ်လိုမှ မကောင်းတဲ့ အရာ တစ်ခုလို့ပဲပြော ရမယ်။ ဘောလုံး ပွဲ လောင်းတာပဲဖြစ်ဖြစ်၊ ၂လုံးထီ ပဲဖြစ်ဖြစ် မာယာလှည့်ကွက်တွေနဲ့ ကစားကြ တဲ့ထဲမှာ နောက်ပိုင်းမှာ လောဘတွေ ပါလာမယ်။ လုပ် ရင်းလုပ်ရင်းနဲ့ မိသားစုဘဝပါ ပျက်စီးသွားပါမယ်။ ကိုယ်က ပင်ပင်ပန်းပန်းနဲ့ တက်ဆောက် ထားပြီး ရတဲ့ ငွေကြေးတွေက ဒီအချိန်တို ခဏလေးအတွင်းမှာပဲ လောင်းကစားဆိုတဲ့ အကြောင်းအရာကြောင့် အရာ အားလုံးက ပျက်စီးဆုံးရှုံးသွားနိုင်ကြောင်း သိစေချင်ပါ တယ်။

စမိုင်း

လောင်းကစား ဆိုတာ မလုပ်တာ အကောင်းဆုံးပဲ။ အစ်မတို့ တိုင်းပြည် က မဖွံ့ဖြိုးသေးတဲ့ နိုင်ငံဖြစ်တဲ့ အတွက် လူတွေက ပိုက်ဆံရှာ ရတာ အရမ်းခက်ခဲတယ်။ သူတို့က လွယ်လွယ်လေးနဲ့ ပိုက်ဆံကို လိုချင်ကြတယ်။ ဒီလောင်းကစားကို မျှော်လင့်ချက် တစ်ခု အနေနဲ့ လုပ်နေ ကြတယ်လို့ အစ်မမြင်တယ်။ ဥပမာ ထီထိုးသလိုမျိုးပေါ့။ သိန်း၁သောင်း မကလို့ သိန်းဘယ်လောက်ပဲ ဖြစ်ဖြစ် လူတစ်ယောက်ပဲ ပေါက်ရမှာလေ။ အဲတော့ အခွင့် အရေးက အရမ်းနည်းတယ်။ ဒီလောင်းကစားတွေကို ပုံ အောပြီး ထိုးတယ်ဆိုတာ သဘာဝ မကျပါဘူး။ အဲဒါတွေ လုပ်ပြီးတော့ လူပင်ပန်းဖြစ်နေမယ့်အစား ကိုယ့်ဆီမှာ ရှိတဲ့ ငွေကြေးတွေနဲ့ တခြား ကိုယ့်စီးပွားရေးပဲ လုပ်စေ ချင်တယ်။ တချို့ကျတော့လည်း ဝါသနာ၊ တချို့ကျတော့ လည်း အပျင်းပြေ ကနေ စွဲသွားကြတာတွေ့ ရတယ်။ နောက်တစ်ခု က လောင်းကစားကြောင့် မိသားစု ကွဲကြ တာတွေ ဖြစ်လာမယ်။ အဲဒါကြောင့် အစ်မက ဒီ လောင်းကစားကို လုံးဝ အားမပေးဘူး။

ထားထက်ထက်

လောင်းကစား လုပ်တာက ဘယ်ဟာဖြစ်ဖြစ် မကောင်းဘူး။ လောဘနောက်ကို တဖြည်းဖြည်း လိုက် ရင်းလိုက်ရင်းနဲ့ တဖြည်းဖြည်း နိမ့်ကျသွားတယ်။ မကောင်းတာပဲ ဖြစ်လာတယ်။ ငွေရေးကြေးရေး တစ်ခု တည်း မဟုတ်ဘူး။ စိတ်ဓာတ်ပါ ပျက်စီးလာတယ်။ နောက် တစ်ဆင့် လူပါ ပျက်စီးသွားတယ်။ ကိုယ်က ဒီလောင်းကစားကို အရမ်း စွဲနေတာတောင် အပျော် လောက်ပဲ ဆော့စေချင်တယ်။ တချို့ကျတော့ စီးပွားရှာသလိုမျိုး တွေလုပ်တယ်။ ရတာက ခဏ ပဲ။ သူတို့ဆီက ပြန်ပါသွားတာက အဆပေါင်းများစွာ ပါသွားမှာ။ ဒီလို စီးပွားရှာမယ့် အစား ကိုယ့်မှာရှိတဲ့ ဝင်ငွေနဲ့ တခြားစီးပွားရေး တစ်ခုခုကို ဇောက်ချပြီး လုပ်မယ်ဆိုရင် ဒီ ထက်ပိုတိုးမယ့် ဝင်ငွေနဲ့ အကျိုးအမြတ် အများကြီး ရနိုင်မယ်လို့ မြင်တယ်။ အတတ်နိုင်ဆုံးက ကိုယ့်ရဲ့စိတ်ကို နိုင်အောင် လို့တော့ ထိန်းစေချင်တယ်။ တချို့ရပ်ကွက် တွေထဲမှာ ဆိုရင် အမျိုးသားက လုပ်တာ လည်းရှိတယ်။ အမျိုးသမီးတွေက လုပ်တာလည်း ရှိ တယ်။ အဲဒီလို လုပ်ရင် ငွေရေးကြေးရေးမှာ အဆင်မပြေ တဲ့အခါမှာ အိမ်ထောင်စုမှာ ပြဿနာတွေက ပေါင်းစုံ ဖြစ်လာတယ်။ ဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်တဲ့ အတွက် လောင်းကစား ကို မလုပ်စေချင်ဘူး။

ခိုင်သဇင်ငုဝါ  

ညီမတို့လည်း တစ်ခါ တလေတော့ သူငယ်ချင်း အချင်း ချင်း နောက်ပြောင်ပြီး ဘောလုံး ပွဲတွေ ဘာတွေ အပျော်လောင်း ကြဖူးပါတယ်။ တစ်ခုခုလိုက် ကျွေးကြေး ဆိုပြီး အပျော်က တော့ တစ်ခါတလေ အနေနဲ့က ဘာမှမဖြစ်ဘူး။ တစ်ခါတလေအိမ်မှာ ညီမတို့ ဘောလုံးပွဲ ကြည့်ကြရင် ကိုယ် တိုင်က ဘာအသင်းမှန်း မသိရင်တောင် အနီ နဲ့အပြာဆိုရင် ညီမက အနီရောင် ကြိုက်တဲ့အတွက် မုန့် ဝယ်ကျွေးကြေး လောင်းတယ် တို့ဘာတို့ ဒီလို ပျော် စရာလေးတွေ လုပ်တတ်တယ်။ ဒါပေမဲ့ အပျော်ကနေ တစ်ဖြည်းဖြည်းချင်း နဲ့ ငွေကြေးအရ လောင်းကြရင်း လောဘကြောင့် ပိုက်ဆံ အများကြီး ထပ်ရင်းပြီး လောင်း ကြရင်တော့ မကောင်းဘူးလို့ ငုဝါမြင်တယ်။ ကိုယ့်မှာ ပိုက်ဆံမရှိဘဲ လောင်းကစား လုပ်ချင်နေရင် ပိုက်ဆံ ဘယ်ကရမလဲ ဆိုပြီး မသမာတဲ့ နည်းလမ်းတွေ ဝင်လာနိုင်တယ်။ ဒါကြောင့် ဒါကိုမကောင်း ဘူးလို့ မြင်မိတယ်။ မိသားစု အနေနဲ့လည်း လောင်းကစားကြောင့် စီးပွားရေးတွေ ထိခိုက်တာ မျိုးရှိတတ်ပါတယ်။ ထီထိုး တာမျိုးကျတော့ လူတိုင်းလည်း ထီ ပေါက်ချင်ကြတယ်။ ညီမကိုယ်တိုင်လည်း တစ်ယောက် အပါအဝင်ပါပဲ။ မြန်မာထီ ကို မထိုးဖြစ်တာလည်း များတယ်။ တစ်ခါတလေလည်း စိတ်ကူးပေါက်တဲ့ အချိန်၊ မဂ္ဂဇင်းထဲမှာ၊ facebook မှာ ဗေဒင် ဖတ်ရင်း ထီထိုးပါဆိုတဲ့ အချိန် ဆို ထိုးဖြစ်ပါတယ်။ ထီမှာလည်း ကံ ဆိုတာ မပြောနိုင်ပါဘူး။ ထီ ပေါက်သည်ဖြစ်စေ၊ မပေါက်သည် ဖြစ် စေ လမ်းကြုံလို့ ထိုးတာမျိုး လေးတွေ လုပ်သင့်ပါ တယ်။ သူ များပေါက် ရင်လည်း ကံကောင်း တဲ့အတွက် ပေါက်တယ်ဆိုပြီး ကောင်းတဲ့စိတ်လေးနဲ့ ဝမ်းသာပေးပါတယ်။

ဆန်းသစ်လ       

ညီမကတော့ လောင်းကစား လုပ်တာကို သဘော မကျပါဘူး။ ငယ်ငယ်တည်း ကနေ အခုထိလည်း ဘာ လောင်းကစား မှမလုပ်ဖူးဘူး။ ဒါဟာရှိတဲ့ ဝင်ငွေကိုလည်း လျော့ကျ သွားစေနိုင်သလို အာမခံချက် ရှိတဲ့ အရာတစ်ခု လည်း မဟုတ်ဘူးလို့ ညီမ ထင်တယ်။ ကိုယ်တတ်စွမ်းတဲ့ ပညာ တစ်ခုနဲ့ ရိုးရိုးသားသား လုပ်ကိုင် စားသောက်တာ မျိုးက ကိုယ့်ဘဝအတွက် ခိုင်မာမှု ရှိပါတယ်။ လောင်း ကစားဆိုတဲ့ အရာတစ်ခုက ကိုယ့်ဘဝအတွက် ခိုင်မာမှုရှိပါတယ်။  ကံကောင်းနိုင်သလို၊ ကံ မကောင်းဘဲ ရှုံးတာတွေလည်း ရှိတယ်။ ဒါဟာ ဘဝအတွက် ခိုင်မာမှု မရှိဘူး။ မိသားစုရှိတဲ့ လူတစ် ယောက် အတွက်ဆို ပိုပြီးမလုပ်သင့်ပါဘူး။ ဘောလုံးပွဲ လောင်းတာ ပဲဖြစ်ဖြစ်၊ ၂ လုံးထိုး တာပဲဖြစ်ဖြစ်ပေါ့။ ဒါဟာ တရားဝင်လည်း ခွင့်ပြုထားတာမျိုး မဟုတ်ဘူး။ ခွင့်မပြုပေမယ့်လည်း လုပ်နေကြတယ်။ ဒါကို အသိ တရားလေး နဲ့ ရှောင်ရှားကြဖို့ ပြောချင်ပါတယ်။ အကယ် ၍ ကိုယ့်ကံကို စမ်းချင်တယ် ဆိုရင်လည်း  သိန်းတစ် သောင်းတွေ ပေါ် လာပြီဆိုတော့ လူတိုင်း ကံစမ်းလို့ရ တယ်။ ငါးရာကနေစပြီး ကိုယ်တတ်နိုင် သလောက် ကံစမ်းလို့ ရတယ်။ လောင်းကစား လုပ်မှမဟုတ်ဘူး။ ကိုယ်ကုန်သွားမယ့် ပိုက်ဆံတွေကို အကျိုးရှိတဲ့ နေရာမှာ အသုံးချလို့ ရပါတယ်။ လေ့လာစရာတွေ အားနည်းနေသေးလို့လည်း ကိုယ့်နိုင်ငံက တိုးတက်မှု အားနည်းတာမျိုးတွေ ရှိပါ တယ်။ ဒါကြောင့် လူငယ်တွေက အချိန်ကို အကျိုးရှိရှိနဲ့ ကိုယ့်ရဲ့ တိုး တက်ရေး အတွက်ပဲ အသုံးချစေချင် တယ်။ တစ်ယောက်ချင်းကောင်းမှ အားလုံးကောင်းလာနိုင်မှာပါ။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071