မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံ၌ဖြစ်ပေါ်နေသည့် လေထုညစ်ညမ်းမှုများကြောင့် လာမည့် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ယင်း လေထုညစ်ညမ်းမှုဖြစ်စဥ်၌ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ပါဝင်လာနိုင်ကြောင်း သိရသည်။
ထိုသို့ ပါဝင်လာနိုင်ကြောင်းကို မွန်ပြည်နယ် က ရင်ပြည်နယ် မိုးလေဝသသတိပေးထုတ်ပြန်ချက်မှ ဇန်နဝါရီ ၂၈ ရက်က အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပြည်နယ်(၂)ခုအတွင်း လေထုညစ်ညမ်းမှုဖြစ်စဥ်အား အထူးသတိပြုရမည့်ဒေသများမှာ မော်လမြိုင်၊ ဇာသပြင်၊ ဂျိုင်းမြစ်ဝှမ်းဒေသများ၊ ကျိုက်မရော၊ မုဒုံ၊ ကတိုး၊ ပေါင်၊ သထုံ၊ ဘားအံ၊ ဘီးလင်း၊ ကျိုက်ထိုတို့ဖြစ်ကာ ယင်း ဒေသများတစ်ဝိုက်တွင် နံနက်ပိုင်းနှင့်ညနေပိုင်းတို့၌ လေထုညစ်ညမ်းမှုအန္တာရာယ် ကြုံတွေ့လာနိုင်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံတွင်လည်း လေထုညစ်ညမ်းမှုမှာ နေရာအနှံအပြားဖြစ်ပေါ်လာနိုင်ပြီး အထူးသဖြင့် ဘန်ကောက်မြို့တစ်ဝိုက်နှင့် အယုဒ္ဓယ၊ ချိုင်နက်၊ နခွန်ဆဝမ်၊ ပိကျစ်၊ ဟစ်ဆနူလော့၊ ခွန်ကန်၊ ကာလာဆင်၊ ပထုန်ဌာနီ၊ နခွန်နရတ်၊ ဆမွတ်ပရာကန်ဒေသများတစ်ဝိုက်၌ လေထုညစ်ညမ်းမှုအန္တ ရာယ်ပြင်းပြင်းထန်ထန်ကြုံတွေ့လာနိုင်မည်ဟုလည်း အသိပေးထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် လေထုညစ်ညမ်းမှုအန္တရာယ်ကြုံတွေ့လာနိုင်မည့် ဒေသများတွင်နေထိုင်သူများအနေဖြင့် နှာခေါင်းစည်း(Mask)တပ်ဆင်၍ ဂရုစိုက်နေထိုင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။