၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစတင်၍ လေပြင်းအန္တရာယ် အများဆုံးကျရောက်တတ်သည့် တိုင်းနှင့် ပြည်နယ်(၅)ခုရှိ မြို့နယ် (၅၅)မြို့နယ်၌ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီမံချက်ချဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံမှ သိရသည်။
ထိုသို့ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ရာ၌ လေပြင်းအန္တရာယ်အများဆုံးဖြစ်ပွားသည့် ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ ဧရာဝတီတိုင်း ၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း (၅၅) မြို့နယ်တွင် စီမံချက်များချ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒေသများ၌ လေပြင်းဒဏ် ပိုမိုခံနိုင်ဝန်ရှိသည့် အိုးအိမ်များဆောက်လုပ်ပေးမည့်အပြင် ယခု ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လများသည် မုတ်သုံရာသီမဝင်မီ လေပြင်းတိုက်ခတ်များ ဖြစ်ပွားလေ့ရှိခြင်းကြောင့် ဆောင်ရန် ရှောင်ရန်စသည့် အသိပညာပေးမှုများကိုပါ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဖော်ပြပါ ဒေသအတွင်းရှိ ခံနိုင်ရေးအားနည်းသော လူနေအိမ်များအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းစိစစ်ကာ သဘာဝဘေးအန္တရာယ်ခွင့်ပြု ဘက်ဂျက်အတွင်းမှ ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။
လေပြင်းတိုက်ခတ်သည့် သဘာဝဘေးကြောင့် ၂၀၂၂ – ၂၀ ၂၃ ခုနှစ်အတွင်း နေအိမ်(၁,၄၀၀၀) ကျော်၊ ၂၀၂၃ – ၂၀၂၄ ခုနှစ်အတွင်း နေအိမ် (၂၀,၀၀၀) ကျော်၊၂၀၂၄-၂၀၂၅ ခုနှစ် ဧပြီလမှ နိုဝင်ဘာထိ နေအိမ် (၇,၉၀၀) ကျော် ထိခိုက်ပျက်စီးပြီး ၊ လူေ-သဆုံး ထိခိုက်ဒဏ်ရာရှိမှုများရှိခဲ့ကြောင်းလူ မှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန် ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဓာတ်ပုံ-ပုံအဟောင်း