Monday, April 14, 2025

ဘုန်းတော်ကြီးသင် စာသင်ကျောင်းများတွင် ငလျင်ဘေး ခိုလှုံနေသူများအား...

ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများတွင် ခိုလှုံနေကြရသော ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကလေ-းငယ်များအား အသေးစားထောက်ပံ့မှုပေးရန် ဂျပန်နိုင်ငံအစိုးရ ဆုံးဖြတ်ခဲ့ကြောင်း ယနေ့တွင်...

မိသားစုများ ပြန်လည်ဆုံစည်းခြင်းဖြင့် လာအိုနှစ်သစ်ကူးပွဲ ဆင်နွှဲ

မြတ်နိုးတန်ဖိုးထားသော ရိုးရာဓလေ့အခမ်းအနားများ ကျင်းပခြင်း၊ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများ ပျော်ရွှင်စွာ ပြန်လည်ဆုံစည်းခြင်း၊ ချစ်ခင်ရသူများနှင့် အဖိုးတန်ပွဲတော်ကာလကို ဖြတ်သန်းခြင်းနှင့် ကြွယ်ဝသော ပွဲတော်အမွေအနှစ်များကို ဂုဏ်ယူစွာ...

အပစ်အခတ်ရပ်စဲရေးသက်တမ်းတိုးရန် နစကဥက္ကဋ္ဌ ကိုတိုက်တွန်းမည် ဟုမလေးရှားဝန်ကြီးချုပ်ဆို

မလေးရှားဝန်ကြီးချုပ် ဒတုတ်စရီအန်ဝါ အီဘရာဟင်သည် ယခုသီတင်းပတ်တွင် ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး၊ ထိုင်းဝန်ကြီးချုပ် ပေတုန်ထန် ရှင်နာဝပ်နှင့် တွေ့ဆုံသွားမည်ဖြစ်သည်။ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သည့် အန်ဝါက တရုတ်သမ္မတ ရှီကျင့်ဖျင့်...

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကျင်းပဖို့နစကဥက္ကဋ္ဌကိုအကြံပြုခဲ့တဲ့သက်ဆင်

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ယခုလအစောပိုင်းက ဘန်ကောက်တွင် ကျင်းပသည့် နိုင်ငံတကာထိပ်သီးအစည်းအဝေးတွင် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ သက်ဆင်က ငြိမ်းချမ်းရေး ဆွေးနွေးရန်လည်း...
HomeNewsLocal Newsလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့မှ ဧပြီ...

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့မှ ဧပြီ ၁၅ ရက်အတွင်း တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း(ကပ္ပလီကျွန်းအနီး)တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့ ဧပြီ ၇ ရက်မှ ဧပြီ ၁၅ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရွာသွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။

ယနေ့ ဧပြီ ၇ ရက်မှစ၍ ဧပြီ ၁၄ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ကြောင်း သိရသည်။

ထို့ပြင် ဧပြီ ၁၁ ရက်မှ ဧပြီ ၁၅ ရက်အတွင်း၌လည်း စစ်ကိုင်းတိုင်း(အောက်ပိုင်း)နှင့် မကွေးတိုင်းတို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ ကျန်တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ သွန်းနိုင်ကာ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူး တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည် နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ထိုသို့ မိုးထစ်ချုန်းရွာသွန်းခြင်းနှင့်အတူ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကာ မိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်းများ၊ လေတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် အဆောက်အအုံများ၊ သစ်ကိုင်းများ၊ ဖိုင်ဘာလိုင်းနှင့် လျှပ်စစ် ဓာတ်အားလိုင်းများ ပြိုကျခြင်း၊ ယိုင်လဲခြင်း သဘာဝဘေးအန္တရာယ်တို့ဖြစ်ပေါ်နိုင်သည်ဟုလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘုန်းတော်ကြီးသင် စာသင်ကျောင်းများတွင် ငလျင်ဘေး ခိုလှုံနေသူများအား ဂျပန်အစိုးရ အသေးစားထောက်ပံ့မှုပေးမည်

ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများတွင် ခိုလှုံနေကြရသော ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကလေ-းငယ်များအား အသေးစားထောက်ပံ့မှုပေးရန် ဂျပန်နိုင်ငံအစိုးရ ဆုံးဖြတ်ခဲ့ကြောင်း ယနေ့တွင် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက အသိပေးထားသည်။ ယင်းသည် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ် လူ့ပတ်ဝန်းကျင်ဘေးကင်းလုံခြုံရေးပူးပေါင်းကူညီရေး စီမံကိန်းအဖြစ် ဂျပန်အစိုးရက ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်ဟု ဆိုသည်။ လက်ရှိတွင် အဆိုပါ နေရာများ၌ ရေသိုလှောင်ကန်များနှင့် အ‌ရေးပေါ် ကယ်ဆယ်ရေးရွက်ဖျင်တဲများ ပါဝင်သည့် အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဟုဆိုသည်။ ယခုရရှိမည့်အထောက်အပံ့များဖြင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကလေ-းငယ်များ ဘေးကင်းလုံခြုံပြီး ကျန်းမာသန့်ရှင်းစွာ နေထိုင်နိုင်ကြမည်ဟု ယုံကြည်မျှော်လင့်လျက်ရှိသည်ဟုလည်းဆိုသည်။ ဂျပန်နိုင်ငံအစိုးရသည် မြန်မာပြည်သူ ပြည်သားများ...

မိသားစုများ ပြန်လည်ဆုံစည်းခြင်းဖြင့် လာအိုနှစ်သစ်ကူးပွဲ ဆင်နွှဲ

မြတ်နိုးတန်ဖိုးထားသော ရိုးရာဓလေ့အခမ်းအနားများ ကျင်းပခြင်း၊ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများ ပျော်ရွှင်စွာ ပြန်လည်ဆုံစည်းခြင်း၊ ချစ်ခင်ရသူများနှင့် အဖိုးတန်ပွဲတော်ကာလကို ဖြတ်သန်းခြင်းနှင့် ကြွယ်ဝသော ပွဲတော်အမွေအနှစ်များကို ဂုဏ်ယူစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ဖြင့် လာအိုတို့၏ နှစ်သစ်ကူးပွဲတော်ကို စတင်ခဲ့ပြီဖြစ်သည်။ လာအိုနှစ်သစ်ကူးပွဲတော်သည် လာအိုပြက္ခဒိန်တွင် အရေးကြီးဆုံး ပွဲတော်တစ်ခုဖြစ်သည်။ ယခုနှစ်၏ နှစ်ကူးအားလပ်ရက်ကို တနင်္လာနေ့(ဧပြီ ၁၄) မှ ဗုဒ္ဓဟူးနေ့(ဧပြီ ၁၆) အထိ ကျင်းပမည်ဖြစ်သည်။ ပွဲတော်သည် အိမ်အပြန် ခရီးရှည်ထွက်ကြရကာ၊ ချစ်ခင်ရသူများနှင့် အတူတကွစားကြသောက်ကြသောက်ကြရင်း ပျော်ရွှင်စွာဖြတ်သန်းကြသော အချိန်ကာလဖြစ်သောကြောင့် မိသားစုပြန်လည်ဆုံစည်းခြင်းအဖြစ်လည်း အဓိပ္ပာယ်ဆောင်သည်။ လာအိုနှစ်သစ်သည် ကလေးရော လူကြီးပါမကျန်...

အပစ်အခတ်ရပ်စဲရေးသက်တမ်းတိုးရန် နစကဥက္ကဋ္ဌ ကိုတိုက်တွန်းမည် ဟုမလေးရှားဝန်ကြီးချုပ်ဆို

မလေးရှားဝန်ကြီးချုပ် ဒတုတ်စရီအန်ဝါ အီဘရာဟင်သည် ယခုသီတင်းပတ်တွင် ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး၊ ထိုင်းဝန်ကြီးချုပ် ပေတုန်ထန် ရှင်နာဝပ်နှင့် တွေ့ဆုံသွားမည်ဖြစ်သည်။ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သည့် အန်ဝါက တရုတ်သမ္မတ ရှီကျင့်ဖျင့် ၏ မလေးရှားနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးစဉ်အပြီးတွင် စီစဉ်ထားသည့် ဘန်ကောက် တွေ့ဆုံမှုတွင် နယ်စပ်နှစ်ဘက်ရှိ လူနေထူထပ်သော ဒေသများကို ဖြတ်သန်းစီးဆင်းသည့် မြစ်ရေကြီးမှု လျော့ပါးသက်သာစေရေး၊ သောင်တူးခြင်းလုပ်ငန်းများ၊ မြစ်အောက်အညစ်အကြေးထုတ်လုပ်မှုဆိုင်ရာ များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိ အပစ်အခတ်ရပ်စဲရေးကို ထပ်မံသက်တမ်းတိုးရန် တိုက်တွန်းခြင်း အပါအဝင် အရးကြီး ကိစ္စရပ်များကို ဆွေးနွေးရန် နိုင်ငံ‌တော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071