ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အားပိုကောင်းလာပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်လာနိုင်သည်ဟု ပြင်ပမိုးလေဝသ ပ ညာရှင် ဦးဝင်းနိုင်က အသိပေးထားသည်။
ယင်း လေဖိအားနည်းရပ်ဝန်းအား တိုင်းတာချက်အရ ဗဟို ချက်အနီး လေတိုက်နှုန်း တစ်နာရီ (၂၃) မိုင်ခန့်နှင့် ဗဟိုဖိ အား (၁၀၀၈)ဟက်တိုပါစကယ် ရှိနေပြီး လွန်ခဲ့သည့် (၆) နာ ရီအတွင်းအနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ရွေ့လျားနိုင်ကြောင်း မိုးလေဝသဌာနများမှလည်း ထုတ်ပြန်ထားပြီး ဆက်လက်ရွေ့လျားနိုင်မည့် လမ်းကြောင်းကို ၁၀၀% အတ ည်မပြုနိုင်သေး ဟု ဦးဝင်းနိုင်ကမျှဝေထားသည်ကိုတွေ့ရသည်။
ယနေ့ နံနက်ပိုင်း မိုး/ဇလ၏ ထုတ်ပြန်ချက်တွင် လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ၊ နောက် (၁၈)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အ နောက်တောင်ပိုင်းသို့ ရောက်ရှိပြီး အနောက်မြောက်ယွန်း ယွန်းသို့ ရွေ့လျားကာ ဧပြီ(၁၀)ရက်တွင် ဘင်္ဂလားပင် လယ်အော် အနောက်အလယ်ပိုင်းသို့ ရောက်ရှိနိုင်သည်ဟု အသိ ပေးထားသည်။
ယင်း လေဖိအားနည်းရပ်ဝန်းကြောင့် ယနေ့ ညနေပိုင်းအချိန်အထိ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတို င်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေ ရာစိပ်စိပ်မိုးရွာသွန်းမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲ ကျဲနှင့် အခြား တိုင်းနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာ သွန်းမည်ဖြစ်ကာ ရွာရန်ရာနှုန်း (၈၀) ဖြစ် သည်ဟု မိုး/ဇလက အသိပေးထားသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှု အခြေအနေအရ တနင်္သာရီတိုင်းတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိ မ်တောင်များ ရွေ့လျားရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုး ကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ရန် နှိုးဆော်ထားသည်။