တနင်္သာရီတိုင်း၊ လောင်းလုံကျွန်းအတွင်းရှိ ကျေးရွာပေါင်း(၁၀)ရွာရှိ ဒေသခံစစ်ရှောင်(၅,၀၀၀)ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ရေးအတွက် အခက်အခဲများဖြစ်ပေါ်ကာ အကူအညီများလိုအပ်နေကြောင်း အဆိုပါ ဒေသအတွင်း စစ်ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့ထံက သိရသည်။
ထို ဒေသခံစစ်ရှောင်များမှာ ပြီးခဲ့သည့် ဒီဇင်ဘာနောက်ဆုံးအပတ်အတွင်းက စတင် ရှောင်တိမ်းနေကြရပြီး၊ ရာသီဥတုဒဏ်ကြောင့်အသက်ရွယ် ကြီးရင့်သူများအပါအဝင် ကလေ-းငယ်များပါ ရာသီပေါ် ရောဂါအမျိုးမျိုးကို ခံစားနေကြရသည်ဟု ဆိုသည်။
“ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးအပတ်ကတည်းက ဖြစ်နေတဲ့ တိုက်ပွဲကြောင့် လောင်းလုံးကျွန်းဆွယ်က ဒေသခံပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတာ။ အခုဆောင်းတွင်းကြီးဆိုတော့ ရာသီဥတုဒဏ်ကြောင့် ဖြစ်တဲ့ရောဂါတွေခံစားရတာပေါ့။ စားသောက်ရေးကလည်း ရက်ကြာလာတော့အခက်အခဲတွေကြုံနေရတယ်”ဟု စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။
ယနေ့အချိန်အထိ တနင်္သာရီတိုင်းအတွင်း
ရှိ တနင်္သာရီမြို့နယ်၊ လောင်းလုံးမြို့နယ်၊ ပုလောမြို့နယ်နှင့် ထားဝယ်မြို့နယ်တ်ု့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ရက် ဆက် ပြင်းထန်နေကြောင်း သိရသည်။
ထို့အပြင် ထားဝယ်-ထီးခီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအားKNU/KNLA နှင့် KTLA တပ်တို့အကြားမထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ပိတ်ထားရဆဲဖြစ်ပြီး မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင်လည်းတပ်မတော်နှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် သွားလာခွင့်များ ယာယီပိတ်ထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက ထပ်မံသိရှိရသည်။