Friday, March 14, 2025

ယူကရိန်း အကျပ်အတည်းဆွေးနွေးရန် အမေရိကန် စေ့စပ်ညှိနှိုင်းသူများ...

မော်စကို၊ မတ် ၁၃ ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ ဆွေးနွေးရန် အမေရိကန်တာဝန်ရှိသူများသည် မော်စကိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း ရုရှားမီဒီယာများက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါအဖွဲ့ကို အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်...

နစက ဥက္ကဋ္ဌမှ ကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ယမန်နေ့ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)က ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။ နိုင်ငံတော်ကာကွယ်ရေးနှင့်...

“အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ရ ဆရာ တော်အား...

၂ဝ၂၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ခြင်းမင်္ဂလာအခမ်းအ နားအား ယနေ့ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)မွန်းလွဲပိုင်းက မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပ ရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့...

ယခုနှစ် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ အသင်းသစ် (၂)သင်း...

ယခုနှစ် Myanmar Women League 2024 ပြိုင်ပွဲတွင် အသင်းသစ်(၂)သင်းဖြစ်သည့် Young Lioness နှင့် Yangon Royals FC...
HomeInternationalလော့စ်ဆန်းဂျလိစ်တောမီး ‌ေ-သဆုံးသူ ၁၆...

လော့စ်ဆန်းဂျလိစ်တောမီး ‌ေ-သဆုံးသူ ၁၆ ဦးရှိလာ၊ မီးငြိမ်းရေး အပြင်းအထန်ကြိုးပမ်းနေ

လေပြင်းများတိုက်ခတ်လာမှုကြောင့် လော့စ်ဆန်းဂျလိစ်မြို့တစ်ဝိုက် လောင်ကျွမ်းလျက်ရှိသော တောမီးကြီးကို ထိန်းချုပ်နိုင်ရန် စနေနေ့တွင် မီးသတ်သမားများက အချိန်နှင့်တပြေးညီ အသည်းအသန်ကြိုးပမ်းခဲ့ကြပြီး တောမီးသည် ရပ်ကွက်သစ်များသို့ ဦးတည်လောင်ကျွမ်းလျက်ရှိသည်။

မြို့ကြီးတစ်ဝန်း လောင်ကျွမ်းလျက်ရှိသော တောမီးကြောင့် ‌ေ-သဆုံးသူ ၁၆ ဦးထက်မနည်းရှိခဲ့ပြီဟု အတည်ပြုထားကာ လူနေရပ်ကွက်များကို အပျက်အစီးပြင်ဖြစ်စေခဲ့ပြီး ထောင်နှင့်ချီသော မီးသတ်သမားများနှင့် သန်းနှင့်ချီသော ကယ်လီဖိုးနီးယားပြည်နယ်သားတို့၏ ခံနိုင်ရည်ကို စမ်းသပ်နေခဲ့သည်။

ဝေဟင်တပ်ဖွဲ့ဝင်များ၏ တိကျသေချာသော ဝေဟင်မီးငြိမ်းသတ်မှုများအပါအဝင် သူရဲကောင်းဆန်ဆန် ကြိုးပမ်းငြိမ်းသတ်မှုများလုပ်နေသော်လည်း တောမီးကြီးသည် ဇန်နဝါရီ ၁၁ ရက်တွင် ဆက်လက်ကြီးထွားနေခဲ့ပြီး အရှေ့ဘက်ရှိ အဖိုးမဖြတ်နိုင်သော လက်ရာပစ္စည်းများစုစည်းထားရာ Getty Centre အနုပညာပြတိုက်နှင့် မြောက်ဘက်ရှိ လူဦးရေထူထပ်သော San Fernando တောင်ကြားဆီသို့ ဦးတည်လောင်ကျွမ်းလျက်ရှိသည်။

လေပြင်းတိုက်ခတ်မှုများကြောင့် လာမည့်ရက်ပိုင်းအထိ မီးလောင်ကျွမ်းမှု အားကောင်းလာမည်ဟု ရာသီဥတုခန့်မှန်းသူများက သတိပေးခဲ့သည်။

ကယ်လီဖိုးနီးယားတောင်ပိုင်း၏ စိုးရိမ်ရသော မီးဘေးရာသီအခြေအနေများသည် ယနေ့တွင် ကံအကြောင်းမလှစွာဖြင့် ပြန်မြင့်တက်လာမည်ဖြစ်ကြောင်းနှင့် အနည်းဆုံး နောက်သီတင်းပတ်အစောပိုင်းအထိ ကြာမြင့်နိုင်ကြောင်း နိုင်ငံတော်မိုးလေဝသဌာနက ပြောကြားခဲ့သည်။

“ဒီအတွက်ကြောင့် မီးလောင်တဲ့နေရာက ပိုမိုကျယ်ပြန့်လာနိုင်ပြီး မီးလောင်ပြင်အသစ်တွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်” ဟု ဆိုခဲ့သည်။

မြို့ကို ဖုံးလွှမ်းနေသော ထူထဲသောမီးခိုးများမှ အဆိပ်အတောက်များ မရှုရှိုက်မိစေရန် မီးဘေးကြုံရသူများအနေဖြင့် အဆောက်အအုံများအတွင်းသာနေထိုင်ကြရန်နှင့် နှာခေါင်းစည်းများတပ်ဆင်ကြရန် သတိပေးထားသည်။

တရားဝင်ကိန်းဂဏန်းများအရ မီးလောင်မှုအတွင်း အဆောက်အအုံပေါင်း ၁၂,၀၀၀ ကျော် မီးကျွမ်းခဲ့သည်ဟု ဆိုသော်လည်း ကယ်လီဖိုးနီးယား သစ်တောနှင့်မီးဘေးကာကွယ်ရေးအရာရှိ တော့ဒ် ဟော့ကင်းစ်က ယင်းတွင် အားလုံးသည်နေအိမ်များချည်းမဟုတ်ကြောင်း၊ ဘေးဆွယ်အဖီများ၊ ယာဉ်များနှင့် တဲများကို လည်းပါဝင်ကြောင်း ဆိုခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူကရိန်း အကျပ်အတည်းဆွေးနွေးရန် အမေရိကန် စေ့စပ်ညှိနှိုင်းသူများ မော်စကိုသို့ ရောက်ရှိ

မော်စကို၊ မတ် ၁၃ ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ ဆွေးနွေးရန် အမေရိကန်တာဝန်ရှိသူများသည် မော်စကိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း ရုရှားမီဒီယာများက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါအဖွဲ့ကို အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့် ၏ အထူးကိုယ်စားလှယ် စတိဗ် ဝတ်ကော့ဖ် က ဦးဆောင်ခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြခဲ့သည်။ အမေရိကန် စေ့စပ်ညှိနှိုင်းရေးမှူးများနှင့် ဆက်သွယ်ရန် စီစဉ်ထားကြောင်း ခရင်မ္မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထွီ ပက်စကော့ဖ် က ကြာသပတေးနေ့ အစောပိုင်းတွင်ပြောကြားခဲ့သည်။ ရုရှားသမ္မတလက်ထောက် ယူရီ အူရှာခေါဗ် နှင့် ထရမ့် ၏ နိုင်ငံတော်လုံခြုံရေးအကြံပေး မိုက်...

နစက ဥက္ကဋ္ဌမှ ကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်း

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ယမန်နေ့ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)က ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သည်ဟု အမိန့်ကြော်ငြာစာအမှတ် ၄၈/၂၀၂၅ ဖြင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် "သူရ"ဘွဲ့အား ကာကွယ်ရေးဝန်ကြီး ဌာနမှ ဗိုလ်မှူးကြီးရန်နောင်စိုးနှင့် ဗိုလ်မှူးအောင်သူတို့ကို နစက ဥက္ကဋ္ဌမှ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။ ထို့ပြင် တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဂုဏ် ထူးဆောင်တံဆိပ်ဖြစ်သည့် "သူရဲကောင်းမှတ် တမ်းဝင်တံဆိပ်"အား ကာကွယ်ရေးဝန်ကြီးဌာနမှ (၁၆)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သ တ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော...

“အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ရ ဆရာ တော်အား နစက ဥက္ကဋ္ဌမှ ဘွဲ့တံဆိပ်တော်နှင့် အ ဆောင်အယောင်များဆက်ကပ်ပူဇော်

၂ဝ၂၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ခြင်းမင်္ဂလာအခမ်းအ နားအား ယနေ့ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)မွန်းလွဲပိုင်းက မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပ ရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ အထူးပင့်ဖိတ်ထားသည့် နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်နှင့် နိုင်ငံတော်သံဃမ ဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကျောင်းဆရာတော်တို့အပါအဝင် ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခံယူတော်မူမည့် ပြည်တွင်း/ပြည်ပမှဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများကြွရောက်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။ နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071