Friday, January 10, 2025

အာဆီယံဒေသတွင်း၌ မြန်မာနိုင်ငံ၏အခန်းကဏ္ဍမြှင့်တင်နိုင်ရန် နိုင်ငံခြားရေးဒု-ဝန်ကြီး အထူးအလေးထားတိုက်တွန်း

အာဆီယံဒေသတွင်း၌ မြန်မာနိုင်ငံ၏အခန်းကဏ္ဍမြှင့်တင်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒု- ဝန်ကြီးဦးကိုကိုကျော်မှ ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်တို့က နေပြည်တော်၌ကျင်းပသည့် “အာဆီယံအတွင်း မြန်မာနိုင်ငံ၏...

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် (၂)ရက်အတွင်း မီးလောင်မှု (၂)ကြိမ်ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် (၂) ရက်အတွင်း မီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီ (၉) ရက်၊...

တက္ကဆပ်စ်၌လေယာဉ်ခရီးစဉ် ၁,၆၅၀ ထက်မနည်းဖျက်သိမ်းရ

ဟူစတန်၊ဇန်နဝါရီ 9 အမေရိကန်နိုင်ငံ တက္ကဆပ်စ်ပြည်နယ်၌ ဆောင်းရာသီမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်ပေါင်း ၁,၆၅၀ ထက်မနည်း ကိုဖျက်သိမ်းခဲ့ရကြောင်း FlightAware မှ သတင်းထုတ်ပြန်ချက်များအရသိရသည်။ ကြာသပတေးနေ့နံနက်ပိုင်းအထိ ပြည်နယ်၏ အဓိကလေဆိပ်များတွင်...

သောင်းနှင့်ချီရှိနေသည့် ဗန်းမော်ဒေသခံ တိုက်ပွဲရှောင်များ အရေးပေါ်...

ဗန်းမော်မြို့တိုက်ပွဲအတွင်း အခြေအနေအရပ်ရပ်ကြောင့် အဝေးနေရာများသို့ မပြောင်းရွှေ့နိုင်ဘဲ ပတ်ဝန်းကျင်အနီးတစ်ဝှက်တွင် ခိုလှုံနေကြရသည့် ဒေသခံ (၁၀,၀၀၀)ကျော်အတွက် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။ ယင်း...
HomeInternationalလော့စ်အိန်ဂျလိစ်မီးဘေးတွင် လူ ၁၈၀,၀၀၀...

လော့စ်အိန်ဂျလိစ်မီးဘေးတွင် လူ ၁၈၀,၀၀၀ နီးပါး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ

လော့စ်အိန်ဂျလိစ် တောမီးဒဏ်သင့် ဒေသခံ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးထားကြောင်း ဒေသရဲအရာရှိ ရောဘတ်လူနာက သတင်းထောက်များအား ပြောကြားခဲ့သည်။

“အခုလောလောဆယ် လူပေါင်း ၁၈၀,၀၀၀ နီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်ပေးထားပြီး နောက်ထပ် လူ ၂သိန်းနီးပါးကိုလဲ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ သတိပေးထားပါတယ်” ဟု သူက ပြောကြားခဲ့သည်။

မီးဘေးအတွင်း လုယက်သူ နှစ်ဒါဇင်ခန့်ကိုလည်း ဖမ်းဆီးထားကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

“အခုအချိန်အထိ ဖ-မ်းဆီးထားတာ အယောက် (၂၀)ရှိပြီ။ အဲဒီအရေအတွက် တိုးလာမယ်လို့ထင်ပါတယ်။ ဒီလိုအချိန်မှာ ခုလိုလုပ်တာမျိုးကို ကျွန်တော်တို့ သည်းမခံနိုင်ပါဘူး”ဟု ရဲမှူးက ပြောသည်။

နောက်ဆုံးရသတင်းများအရ လော့စ်အိန်ဂျလိစ်နယ်မြေတွင် တောမီးကြီးငါးခု လောင်ကျွမ်းနေပြီး စုစုပေါင်းမြေဧက ၂၉,၀၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ပြီး၊ ယင်းတို့အနက် တောမီး နှစ်ခုကိုသာ တစ်စိတ်တစ်ပိုင်း ထိန်းနိုင်ခဲ့သည်။ မြို့တော်၏ အခမ်းနားဆုံး ခရိုင်အချို့ အပါအဝင် မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦ ၁,၀၀၀ ကျော် ပျက်စီးခဲ့သည်။ တောမီးကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ရသည့် နာမည်ကြီးများထဲတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏သား ဟန်တားဘိုင်ဒင်နှင့် သရုပ်ဆောင်မော်ဒယ် ပဲရစ်ဟီလ်တန် တို့လည်း ပါဝင်သည်။

လေပြင်းတိုက်ခတ်ခြင်းနှင့် ခြောက်သွေ့သော ရာသီဥတုအခြေအနေများ သည် အနည်းဆုံးသောကြာနေ့အထိ ဆက်လက်တည်ရှိနေမည်ဟု မျှော်လင့်ရသည်။ ဒေသအာဏာပိုင်များသည် အိမ်နီးချင်း ခရိုင်များမှ မီးသတ်သမားများနှင့် ဝါရှင်တန်၊ အော်ရီဂွန်နှင့် နီဗားဒါး ပြည်နယ်များထံမှ အရေးပေါ် ဝန်ဆောင်မှုများ တောင်းခံထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံဒေသတွင်း၌ မြန်မာနိုင်ငံ၏အခန်းကဏ္ဍမြှင့်တင်နိုင်ရန် နိုင်ငံခြားရေးဒု-ဝန်ကြီး အထူးအလေးထားတိုက်တွန်း

အာဆီယံဒေသတွင်း၌ မြန်မာနိုင်ငံ၏အခန်းကဏ္ဍမြှင့်တင်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒု- ဝန်ကြီးဦးကိုကိုကျော်မှ ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်တို့က နေပြည်တော်၌ကျင်းပသည့် “အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် စွမ်းရည်မြှင့်တင်ရေး”ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အထူးအလေးထားတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် “လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ”ကို ကျင့်သုံးလျက်ရှိရာ ကမ္ဘာ့နိုင်ငံများနှင့် နှစ်နိုင်ငံချင်းသာမက ကုလသမဂ္ဂ၊ အာဆီယံ၊ ဘင်းမ်စတက်နှင့် မဲခေါင်ဒေသခွဲဆိုင်ရာအဖွဲ့အစည်းများ၊ အာရှ-ဥရောပ အစည်းအဝေး(အေဆမ်)၊ အာရှပူး ပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ(အေစီဒီ)၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အက်စ်စီအို) စသည့် ဒေသတွင်း၊ ဒေသခွဲဆိုင်ရာနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင်လည်း တက်ကြွစွာပူးပေါင်းပါဝင်လျက်ရှိသည်ဟု ပြောသည်။ ထို့ပြင်...

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် (၂)ရက်အတွင်း မီးလောင်မှု (၂)ကြိမ်ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် (၂) ရက်အတွင်း မီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီ (၉) ရက်၊ ည (၈) နာရီ၊ (၂၅) မိနစ်ခန့်က မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ပုသိမ်ညွန့် (၂ )လမ်းတွင် မီးလောင်မှု ဖြစ်ပွား၍ မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်(ရန်ကုန်)မှအသင်းဝင်များက ပူးပေါင်းငြှိမ်းသ -တ်ခဲ့ကြပြီး ည (၈) နာရီ (၂၈) မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုဖြစ်စဉ်အပြီး ယနေ့...

တက္ကဆပ်စ်၌လေယာဉ်ခရီးစဉ် ၁,၆၅၀ ထက်မနည်းဖျက်သိမ်းရ

ဟူစတန်၊ဇန်နဝါရီ 9 အမေရိကန်နိုင်ငံ တက္ကဆပ်စ်ပြည်နယ်၌ ဆောင်းရာသီမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်ပေါင်း ၁,၆၅၀ ထက်မနည်း ကိုဖျက်သိမ်းခဲ့ရကြောင်း FlightAware မှ သတင်းထုတ်ပြန်ချက်များအရသိရသည်။ ကြာသပတေးနေ့နံနက်ပိုင်းအထိ ပြည်နယ်၏ အဓိကလေဆိပ်များတွင် လေယာဉ်ခရီးစဉ်ပေါင်း ၁၃,၀၀၀ ကျော် ကြန့်ကြာနှောင့်နှေးခဲ့ကြောင်းလည်း FlightAware မှထုတ်ပြန်ကြေငြာခဲ့သည်။ ဆောင်းမုန်တိုင်းကြောင့် တက္ကဆပ်စ်မှ တောင်ပိုင်း ကာရိုလိုင်းနားပြည်နယ်အထိ မိုင် 800 ခန့် ဆီးနှင်းများကျဆင်းကာ ရေခဲလျက်ရှိပြီး အပူချိန်များလည်း တဟုန်ထိုးကျဆင်းလျက်ရှိကြောင်းသိရသည်။ ဗုဒ္ဓဟူးနေ့‌ညနေက တက္ကဆပ်စ် ပြည်နယ်၌ ကျောင်းများယာယီပိတ်ထားကြောင်းကြေငြာခဲ့ပြီး ကြသပတေးနှင့်သောကြာနေ့များတွင် Dallas-Fort Worth ရှိကျောင်းများ ပိတ်ထားမည်ဟုကြေငြာခဲ့သည်။ မုန်တိုင်းအရှိန်ကြောင့် လျှပ်စစ်ဓါတ်အားပြတ်တောက်နိုင်ချေမရှိကြောင်း တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူးကပြောကြားခဲ့သော်လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071