Saturday, March 1, 2025

Global Elim Foundation မှ...

ကိုရီးယားနိုင်ငံရှိ Global Elim Foundation(GEF) က မြန်မာကျောင်းသား(၂)ဦးအပါအဝင် နိုင်ငံပေါင်း(၁၅)နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ (၂၅)ဦးအား ပညာသင်ဆုများပေးအပ်ပွဲကို ယ နေ့...

ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်းအပြီးသတ် ရေးဆွဲနိုင်ရေးမှာအရေးကြီးသည်ဟု ဒု-ဝန်ကြီးပြော

ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်းအပြီးသတ် ရေးဆွဲနိုင်ရေးမှာအရေးကြီးသည်ဟု သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ဒု-ဝန်ကြီး(ယဥ်ကျေးမှု)ဒေါ်မြနုဇံက ပြောသည်။ ၎င်းမှ ဖေဖော်ဝါရီ ၂၇ ရက်နံနက် ၉ နာရီက ပုဂံရှေး‌ဟောင်းသုတေသနပြတိုက်၌ကျင်းပသည့် ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်းအပြီးသတ်ရေး ဆွဲနိုင်ရေးနှင့်ပတ်သက်သည့်...

မန္တလေးလေဆိပ်တွင် လေယာဥ်မတော်တဆဖြစ်မှုအတွက် ဇာတ်တိုက်လေ့ကျင့်

မန္တလေးတိုင်း၊ မန္တလေးမြို့ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဥ်မတော်တဆဖြစ်မှုအတွက် ဝတ်စုံပြည့်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်ကပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီးကော်မတီ)ထံမှ သိရသည်။ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး တိုင်းရုံး)နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ...

ကမ္ဘောဒီးယားသည်ပြ-န်ပေးဆွဲမှု၊ဆိုက်ဘာရာဇ၀တ်မှုနှင့်လူကုန်-ကူးမှုများအတွက်အ‌ေခြချရာနေရာမဟုတ်–ဟွန်မာနက်

ဖနောင်ပင်၊ဖေဖော်ဝါရီ ၂၇ ကမ္ဘောဒီးယားနိုင်ငံသည် ပြန်-ပေးဆွဲမှု၊ဆိုက်ဘာရာဇ၀တ်မှုနှင့်လူကု-န်ကူးမှုများအတွက်အ‌ေခြချစရာနေရာမဟုတ်သဖြင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအနေဖြင့် စိတ်ချစွာလာရောက်လည်ပတ်နိုင်ကြောင်း ဝန်ကြီးချုပ်ကပြောကြားခဲ့သည်ဟုသိရသည်။ ဖနောင်ပင်မြို့ရှိ ခရီးသွားဝန်ကြီးဌာန၏ နှစ်ပတ်လည်ညီလာခံအပိတ်မိန့်ခွန်း၌ ဟွန်မာနက်က ကမ္ဘောဒီးယားအစိုးရအနေဖြင့် အလွန်သတိထားကာ မြေအောက်လောက လှုပ်ရှားမှုများတွင်...
HomeNewsLocal Newsလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများကို အမြန်အကောင်အထည်ဖော်...

လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများကို အမြန်အကောင်အထည်ဖော် ဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီး တင်အောင်စန်း တိုက်တွန်း

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏ ပိုမိုမြင့်မားလျက်ရှိနေသည့်အတွက် ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy – RE) ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများကို အမြန်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်‌ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက တိုက်တွန်းပြောကြားခဲ့သည်။

တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအပိုင်းတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂၈) ရုံ၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (၂၇) ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (၈)ရုံ စုစုပေါင်း တပ်ဆင်အင်အား (၆၃၇၁) မဂ္ဂါဝပ်ရှိကြောင်း သိရသည်။

အဆိုပါ ရေအားလျှပ်စစ်နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ အချို့ဓာတ်အားပေးစက်ရုံ (၁၂) ရုံသည် ဓာတ်အားလိုင်းများ ဖျက်ဆီးခံရခြင်းနှင့် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခြင်း စသည်တို့ကြောင့် လက်ရှိတွင် ဓာတ်အားထုတ်လုပ်မှု ကျဆင်းလျက်ရှိနေကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။

ထို့ပြင် တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းများအနေဖြင့် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် (၄)ခု၊ မန္တလေးတိုင်းဒေသကြီးတွင် (၃) ခု၊ ပဲခူးတိုင်းဒေသကြီးတွင်(၁)ခု၊ ရှမ်းပြည်နယ်တွင်(၁)ခု စုစုပေါင်း တပ်ဆင်အင်အား ၅၃၀ မဂ္ဂါဝပ်ရှိကြောင်း၊ ဆောက်ရွက်ဆဲ Hybrid (Gas Engine + Solar) စီမံကိန်းများအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် (၁)နှင့် မကွေးတိုင်းဒေသကြီးတွင်(၁)ခု စုစုပေါင်း တပ်ဆင်အင်အား (၄၉၆) မဂ္ဂါဝပ်နှင့် တည်ဆောက်ဆဲ ဆိုလာနှင့် Hybrid စီမံကိန်းများ၏ စု စုပေါင်း တပ်ဆင်အင်အားအနေဖြင့် (၁၀၂၆)မဂ္ဂါဝပ်ရှိကြောင်း သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်သည် ပြည်သူတို့၏ နေ့စဉ်လူနေမှုဘဝ တိုးတက်မြင့်မားရေးနှင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်လာခြင်းဖြင့် အခြေခံအဆောက်အဦ (Infrastructure) လိုအပ်ချက်ကို ဖြည့်ဆည်းတည်ဆောက်နိုင်ပြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ (၂) ခုလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နိုင်စေရေး ရ ည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Global Elim Foundation မှ မြန်မာကျောင်းသား (၂)ဦးကို ပညာသင်ဆုပေး

ကိုရီးယားနိုင်ငံရှိ Global Elim Foundation(GEF) က မြန်မာကျောင်းသား(၂)ဦးအပါအဝင် နိုင်ငံပေါင်း(၁၅)နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ (၂၅)ဦးအား ပညာသင်ဆုများပေးအပ်ပွဲကို ယ နေ့ ဖေဖော်ဝါရီ ၂၈ ရက်ကကျင်းပရာ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်တက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်ပြီးနောက် GEF က မြန်မာကျောင်းသား(၂)ဦးကိုပညာသင်ဆုပေးရန် ရွေး ချယ်ခဲ့သဖြင့် အထူးဝမ်းမြောက်ဂုဏ်ယူမိကာ ပညာသင်ဆုရရှိသည့် ကျောင်းသား/သူများအ နေဖြင့် မိမိတို့၏ ရည်မှန်းချက်များကို ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လတို့မှတစ်ဆင့် အမှန်တကယ် အကောင်အထည်ဖော်နိုင်ရန်၊ မိမိတို့၏ မိသားစု၊ အသိုက်အဝန်းနှင့် နိုင်ငံဂုဏ်သိက္ခာအတွက် ပိုမိုကြိုးပမ်းသွားကြရန်...

ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်းအပြီးသတ် ရေးဆွဲနိုင်ရေးမှာအရေးကြီးသည်ဟု ဒု-ဝန်ကြီးပြော

ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်းအပြီးသတ် ရေးဆွဲနိုင်ရေးမှာအရေးကြီးသည်ဟု သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ဒု-ဝန်ကြီး(ယဥ်ကျေးမှု)ဒေါ်မြနုဇံက ပြောသည်။ ၎င်းမှ ဖေဖော်ဝါရီ ၂၇ ရက်နံနက် ၉ နာရီက ပုဂံရှေး‌ဟောင်းသုတေသနပြတိုက်၌ကျင်းပသည့် ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်းအပြီးသတ်ရေး ဆွဲနိုင်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂံဒေသ၌ ယခုအချိန်တွင် ဧည့်သည်များကျဲပါးနေသော်လည်း ပုံမှန်အားဖြင့် ဟိုတယ်၊ တည်းခိုခန်းများတွင် ခရီးသွားဧည့်သည်များဖြင့်ပြည့်နေလေ့ရှိသောကာလဖြစ်၍ ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်းအပြီးသတ်ရေးဆွဲနိုင်ရေးမှာ အရေးကြီးသည်ဟု ပြောသည်။ ထို့ပြင် ကမ္ဘာ့အမွေအနှစ်မလျှောက်ထားမီကပင်တည်ရှိသော ဟိုတယ်အချို့သည် ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာဒေသအတွင်းကျရောက်လျက်ရှိ၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဟိုတယ်ဆိုင်ရာအချက်အလက်များကိုကွင်းဆင်းကောက်ယူခဲ့သည်ဟုလည်း ဒု-ဝန်ကြီးက ပြောကြားခဲ့သည်။ ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (သတင်းအချက်အလက်)က Hotel...

မန္တလေးလေဆိပ်တွင် လေယာဥ်မတော်တဆဖြစ်မှုအတွက် ဇာတ်တိုက်လေ့ကျင့်

မန္တလေးတိုင်း၊ မန္တလေးမြို့ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဥ်မတော်တဆဖြစ်မှုအတွက် ဝတ်စုံပြည့်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်ကပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီးကော်မတီ)ထံမှ သိရသည်။ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး တိုင်းရုံး)နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေ ဆိပ်စီမံခန့်ခွဲရေး MC-Jalux Airport Service Co.,Ltd တို့ကြား အရေးပေါ်အခြေအနေတစ်ရပ်ရပ်တွင် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် လူနာတင်ယာဥ်ထောက်ပံ့ပေးနိုင်ရေး နားလည်မှု စာချွန်လွှာအရ ဝတ်စုံပြည့်ဇာတ်တိုက်လေ့ကျင့်ခြင်းအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီးကော်မတီ)မှ အဖွဲ့ဝင်(၃၀) ဦးပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ ဇာတ်တိုက်လေ့ကျင်ရာ၌ မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီး ကော်မ တီ)၏အဖွဲ့ဝင်များက လေယာဥ်မတော်တဆမှု ဖြစ်စဥ်ကြောင့် ဒဏ်ရာရရှိသူများကို ဒဏ်ရာအ လိုက်အဆင့်ခွဲခြားသတ်မှတ်ပေးခြင်းတို့ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071