Thursday, January 30, 2025

အာရှသား သန်းပေါင်းများစွာက မြွေနှစ်ကို ကြိုဆို

အာရှတိုက်တစ်ဝန်းရှိ သန်းနှင့်ချီသော လူများသည် ဇန်နဝါရီလ၂၉ ရက်တွင် နဂါးနှစ်ကို နှုတ်ဆက်ကာ မြွေနှစ်ကို ကြိုဆိုကြရင်း ၎င်းတို့၏ မိသားစုများနှင့်အတူ တရုတ်နှစ်သစ်ကူးကို ဆင်နွှဲခဲ့ကြသည်။ တရုတ်လူမျိုးများသည်...

အိန္ဒိယဘာသာရေးပွဲတစ်ခု၌ လူအုပ်ပြိုပြီး ၁၇ ဦးထက်မနည်းသေဆုံး

နူးဒေလီ၊ဇန်နဝါရီ ၂၉ အိန္ဒိယနိုင်ငံ အူတရာပရာဒက်ရှ်ပြည်နယ်ရှိ ဘာသာရေးပွဲတော်တစ်ခု၌ လူအုပ်ပြိုပြီး လူ ၁၇ ဦးထက်မနည်းသေဆုံးကာ ၅၀ ကျော်ဒဏ်ရာရခဲ့ကြောင်း မီဒီယာများ၏ သတင်းများ အရသိရသည်။ လူအုပ်ပြိုမှုသည်...

အမေရိကန်တွင် ခရီးသည်တင်လေယာဉ်နှင့် လေတပ်မှ ရဟတ်ယာဉ်တို-က်မိ

အမေရိကန်ပြည်‌ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန်မြို့ရှိ ရေဂင်အမျိုးသားလေဆိပ်တွင် ဗုဒ္ဓဟူးနေ့ညနေပိုင်းက ခရီးသည်တင်လေယာဉ်တစ်စင်းနှင့် အမေရိကန်လေတပ်မှ Black Hawk ရဟတ်ယာဉ်တစ်စင်းတို့ လေထဲတွင်တို-က်မိပြီးနောက် ကြီးမားသော ရှာဖွေကယ်ဆယ်ရေး...

တစ်နှစ်အတွင်း အရန်ဆန်အိတ်ရေ (၂၀၀၀၀၀) နီးပါးရောင်းချပေးထား

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၏ တစ်နှစ်တာအတွင်းအရန်ဆန်အိတ်ရေ (၂၀၀၀၀၀) နီးပါးရောင်းချပေးထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ နှစ်ပတ်လည်အစီရင်ခံစာအရ သိရသည်။ ပို့ကုန်အခြေပြုအရန်ဆန်များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ပို့ကုန် တန်ချိန်အပေါ်မူတည်၍...
HomeNewsLocal Newsလျှပ်စစ်ပစ္စည်းဈေးကွက်အတွင်း ဝယ်လိုအားမြင့်တက်

လျှပ်စစ်ပစ္စည်းဈေးကွက်အတွင်း ဝယ်လိုအားမြင့်တက်

လျှပ်စစ်ပစ္စည်းအပါအဝင် ဆိုလာ ရောင်းဝယ်ရေးဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားတက်နေသည်ဟု လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များထံမှ စုံစမ်းသိရသည်။

ယခု ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းအချိန်မှ စတင်၍ လျှပ်စစ်မီးပြတ်တောက်ချိန် ပိုမိုများပြားလာသည့်အတွက် မီးစက် ၊ ဆိုလာ၊ အင်ဗာတာ၊ အခြားအားသွင်းမီးသီးများမှအစ ဓာတ်မီးအဆုံး ဝယ်ယူသူနှစ်ဆကျော်မြင့်တက်လာခဲ့ကြောင်း သိရသည်။

” လျှပ်စစ်မီး ပြတ်ချိန်ပိုများလာတဲ့အတွက် အိမ်သုံးဆိုင်သုံး ဘက်ထရီတို့ ၊ မီးသီးတို့ ၊အင်ဗာတာတို့ အရင်ထက်ရောင်းအားတက်လာတယ်။ နှစ်ဆကျော်လောက်တက်တယ်။ တစ်ခါတလေ ဆိုင်မှာတောင်အရောင်းပြတ်တဲ့အထိ ဝယ်လို အားများနေတာ။”ဟု လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး ဆိုင်ရှင်တစ်ဦးက ဆို သည်။

လက်ရှိ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးပေးဝေမှုမှာ တစ်ရက်လျှင် နှစ်ကြိမ်၊ တစ်ကြိမ်လျှင် (၄)နာရီခန့်သာ ပေးဝေနေခြင်းကြောင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများလည်းအခက်ကြုံတွေ့နေခြင်းဖြစ်ပြီး လျှပ်စစ်အစားထိုးရန် နည်းလမ်းအမျိုးမျိုးဖြင့် လျှပ်စစ်အသုံးပြုနိုင်ရန် ကြိုးပမ်းလာကြသည်။

” ကျွန်မတို့က အိမ်တွင်းအထည်ချုပ်လုပ်ငန်းက မီးမရရင်ကို အဆင်‌မပြေတဲ့ လုပ်ငန်းလေ။ မီးစက်ရှိတာကလည်း ဓာတ်သုံးဆီစရိတ်နဲ့က အဆင်မပြေပြန်ဘူး။ ဒါကြောင့် ဆိုလာ တပ်လိုက်ရတယ်။ ဒီလိုပဲ အရစ်ကျသွင်းပြီးဝယ်တပ်ရတာပေါ့။”ဟု လှိုင်သာယာမြို့နယ်မှ အိမ်တွင်း တစ်ပိုင်တနိုင် အထည်ချုပ်လုပ်ငန်းလုပ်ဆောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

မီးစစ်မီးပြတ်တောက်ချိန်နှင့် ရရှိချိန် သည် မည်သို့မျှအဆင်ပြေခြင်းမရှိသဖြင့် နေအိမ်ထမင်းဟင်းချက်ပြုတ်ရန်ပင် လျှပ်စစ်မီးလာချိန်ကို စောင့်၍ချက်ပြုတ်စားသောက်နေရသည်ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်းနေထိုင်သူတစ်ဦးကပြောသည်။

“ကျွန်မတို့က အုပ်စု အေမှာပါတာ။ တစ်ခါတလေ မီးလာချိန်က ညသန်းခေါင်လောက်ဆိုရင်လည်း မနက်အလုပ်သွားမယ့်သူတွေရှိတာကြောင့် လာတဲ့အချိန်ထချက်နေရတာ၊ ဆွမ်းမီအောင်လည်း ချက်ရပြုတ်ရ အိပ်ရေးတွေလည်းပျက်တယ်။ ကိုယ်တိုင်ကလည်း အလုပ်ရှိရင် ချက်ရင်းနဲ့ အလုပ်တစ်ဖက်လုပ်ရတာပေါ့”ဟု ညည်းတွားပြောဆိုသည်။

ဆိုလာတပ်ဆင်မှုမှာလည်း အခြေခံလူတန်းစားများတပ်ဆင်ရန်မတတ်နိုင်သည့်အတွက် အားသွင်းမီးလုံးများဖြင့်သာနေ ထိုင်ကြရပြီး၊ ဖုန်းအားသွင်းရန်ပင် အခက်အခဲရှိ‌နေရသည်ဟု ဖြည့်စွက်ပြောသည်။

ယခင်က ဆိုလာနှင့် ဆက်စပ်ပစ္စည်းများကို ကျေးလက်နေပြည်သူများကသာ အများဆုံး ဝယ်ယူအသုံးပြုခဲ့ကြသော် လည်း လျှပ်စစ်မီးပြတ်တောက်မှု များလာသည့်နောက်ပိုင်း မြို့ပေါ်နေသူများပါ ဝယ်ယူအသုံးပြုလာနေကြောင်း ဆိုလာအရောင်းဆိုင်ပိုင်ရှင်တို့က ပြောသည်။

လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု လျော့နည်းနေသည့်အတွက် ယခုကာလတွင် တစ်ရက်ပျမ်းမျှ (၂၂၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှု၏ (၅၀) ရာခိုင်နှုန်းခန့်သာ ဖြန့်ဖြူးပေးနိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဇန်နဝါ ရီ (၆) ရက်တွင် ထုတ်ပြန်ထားသည်။

လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်မှုအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးကို (၄၈) ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးကို (၁၇) ရာခိုင်နှုန်းနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များကို (၃၅) ရာခိုင်နှုန်းဖြင့် အချိုးကျ ဓါတ်အားခွဲဝေပေးနေကြောင်းလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာရှသား သန်းပေါင်းများစွာက မြွေနှစ်ကို ကြိုဆို

အာရှတိုက်တစ်ဝန်းရှိ သန်းနှင့်ချီသော လူများသည် ဇန်နဝါရီလ၂၉ ရက်တွင် နဂါးနှစ်ကို နှုတ်ဆက်ကာ မြွေနှစ်ကို ကြိုဆိုကြရင်း ၎င်းတို့၏ မိသားစုများနှင့်အတူ တရုတ်နှစ်သစ်ကူးကို ဆင်နွှဲခဲ့ကြသည်။ တရုတ်လူမျိုးများသည် ၂၀၂၅ ခုနှစ်အတွက် ၈ ရက်ဆက်တိုက် ရုံးပိတ်အားလပ်ရက်များတွင် အစားအသောက်များ မျှဝေခြင်း၊ ရိုးရာဖျော်ဖြေပွဲများကို သွားရောက်ခြင်းနှင့် မီးရှုးမီးပန်းများ ပစ်ဖောက်ခြင်းဖြင့် နှစ်ကူးပွဲကို ဆင်နွှဲနေကြသည်။ အားလပ်ရက်များကို ၎င်းတို့ ချစ်ခင်ရသူများနှင့် ဖြတ်သန်းရန် လူသန်းနှင့်ချီ၍ နေရပ်ပြန်ကြသည့်အတွက် နိုင်ငံတစ်ဝန်းရှိ ရထားဘူတာရုံများ၊ လေဆိပ်များတွင် ရက်သတ္တပတ်များစွာ ခရီးသွားများဖြင့် ပြည့်ကျပ်နေပြီး နှစ်ကူးချိန် ရွှေ့ပြောင်းဝင်ရောက်မှုသည်...

အိန္ဒိယဘာသာရေးပွဲတစ်ခု၌ လူအုပ်ပြိုပြီး ၁၇ ဦးထက်မနည်းသေဆုံး

နူးဒေလီ၊ဇန်နဝါရီ ၂၉ အိန္ဒိယနိုင်ငံ အူတရာပရာဒက်ရှ်ပြည်နယ်ရှိ ဘာသာရေးပွဲတော်တစ်ခု၌ လူအုပ်ပြိုပြီး လူ ၁၇ ဦးထက်မနည်းသေဆုံးကာ ၅၀ ကျော်ဒဏ်ရာရခဲ့ကြောင်း မီဒီယာများ၏ သတင်းများ အရသိရသည်။ လူအုပ်ပြိုမှုသည် ဗုဒ္ဓဟူးနေ့ အစောပိုင်းကဖြစ်‌ပေါ်ခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေးများဆက်လက်လုပ် ဆောင်နေကာ သေဆုံးဒဏ်ရာရသူအရေအတွက် ဆက်တိုးလာနိုင်သည်ဟုလည်းခန့်မှန်းထားကြသည်။ အဆိုပါလူသေဆုံးမှုများအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းလည်း အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီကထုတ်ပြန်ကြေငြာခဲ့ပြီး ဒဏ်ရာရရှိသူများလည်း အမြန်ဆုံးသက်သာစေရန်ဆုတောင်းပေးခဲ့သည်။ အူတရာပရာဒက်ရှ်ပြည်နယ်ဝန်ကြီးချုပ်ကမူ ဒဏ်ရာရသူများကို ဆေးရုံတင်ထားသည်ဟုပြောကြားခဲ့သော်လည်း သေဆုံးသူအရေအတွက်အတိအကျကိုထုတ်ပြန်ကြေငြာခြင်းမရှိခဲ့ပေ။ ယခုဘာသာရေးပွဲတော်သည် ဟိန္ဒူဘာသာဝင်များ၏အယူအဆအရ ဂင်္ဂါမြစ်၊ယမုံနာမြစ်နှင့် သူရဿတီမြစ်သုံးခုတို့ဆုံစည်းရာမြစ်ဆုံမှ မြင့်မြတ်သောရေကို ယူငင်ရန်နှင့်ရေချိုးရန်ပြုလုပ်ကြသည့်ပွဲတော်တစ်ခုလည်းဖြစ်သည်။ အာဏာပိုင်များ၏ခန့်မှန်းချက်အရ ပွဲတော်သို့ လူ သန်း ၁၀၀ ခန့်လာရောက်ကြပြီး ဘုရားဖူးများနှင့်ခရီးသွားများအတွက် အာဏာပိုင်များက...

အမေရိကန်တွင် ခရီးသည်တင်လေယာဉ်နှင့် လေတပ်မှ ရဟတ်ယာဉ်တို-က်မိ

အမေရိကန်ပြည်‌ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန်မြို့ရှိ ရေဂင်အမျိုးသားလေဆိပ်တွင် ဗုဒ္ဓဟူးနေ့ညနေပိုင်းက ခရီးသည်တင်လေယာဉ်တစ်စင်းနှင့် အမေရိကန်လေတပ်မှ Black Hawk ရဟတ်ယာဉ်တစ်စင်းတို့ လေထဲတွင်တို-က်မိပြီးနောက် ကြီးမားသော ရှာဖွေကယ်ဆယ်ရေး ကြိုးပမ်းမှုကို လုပ်ဆောင်နေ‌ပြီဖြစ်ကြောင်း သိရသည်။ အမျိုးသားလေကြောင်းဦးစီးဌာန ၏ အဆိုအရ PSA လေကြောင်းလိုင်းမှ Bombardier CRJ700 အမျိုးအစား ပြည်တွင်းခရီးစဉ်သွား ဂျက်လေယာဉ်သည် ရေဂင်အမျိုးသားလေဆိပ်၏ ပြေးလမ်းအမှတ် ၃၃ သို့ ဆင်းသက်လာစဉ် အမေရိကန်လေတပ်မှ Black Hawk ရဟတ်ယာဉ်တစ်စင်းနှင် ဒေသစံတော်ချိန် ည ၉ နာရီအချိန်ခန့်က ဝေဟင်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071