(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံ အလေးပြုပွဲအခမ်းအနားကို ဇန်နဝါရီ (၄) ရက် နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှေ့ ရင်ပြင်၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားကျင်းပပုံများကို ဇန်နဝါရီ (၄) ရက် နံ နက် (၆) နာရီခွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV– HD Channel၊ MRTV-News Channel၊ MRTV-NRC၊ MRTV Farmers’၊ MRTV Sports နှင့် MRTV Parliament Channel၊ MITV Channel၊ MWD HD Channel၊ MWD Variety HD Channel၊ Channel 7၊ 5 plus Channel၊ Sky Net Up to Date၊ MNTV၊ Channel 9၊ M Channel နှင့် မဟာရုပ်သံလိုင်းတို့မှလည်းကောင်း တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။
အလားတူ မြန်မာ့အသံရေဒီယိုနှင့် အကျိုးတူ FM များဖြစ်ကြသော ပတ္တမြား၊ ချယ်ရီ၊ မန္တလေး၊ ပဉ္စဝတီ၊ ရွှေ၊ ပုဂံတို့အပြင် မိတ်ဖက် FM များဖြစ်ကြသော Star၊ သဇင်တို့မှ လည်းကောင်း၊ MOI Website၊ MOI Youtube MRTV Website၊ MRTV App အပါအဝင် MRTV Online Platform တို့မှလည်းကောင်း တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း အသိပေးထားသည်။