Looking for something?

Explore the website

Looking for something?

Tuesday, March 18, 2025

တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်ဖြစ်သည့် မြန်မာစာဘာသာရပ်အားဝင်ရောက်ဖြေဆိုသူ ၉၄...

ယနေ့ မတ် ၁၇ ရက်တွင်စတင်ကျင်းပသည့် ၂ဝ၂၄ -၂ဝ၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြစ်သော မြန်မာစာဘာသာရပ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊...

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း...

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော်...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ဟိုပုန်းမြို့တွင်...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုန်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ(၃၅၆) ဦးရှိကြောင်း...
HomeNewsLocal Newsလှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်းပေးရမည့်ကိစ္စဖြစ်၍...

လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်းပေးရမည့်ကိစ္စဖြစ်၍ အလေးထားဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်းပေးရမည့်ကိစ္စဖြစ်၍ အလေးထားဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၄ ရက်နံနက်ပိုင်းက လှိုင်သာယာမြို့နယ်ရှိ လှိုင်သာယာဘုရင့်နောင်ပြည်သူ့ပန်းခြံအားကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

လှိုင်သာယာမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ လျှပ်စစ်မီးတိုင်များစနစ်တကျရှိစေရေး ဆောင်ရွက်ရာ၌ လုပ်ငန်းဆောင်ရွက်မှုများမှာ လိုအပ်ချက်များရှိနေ၍ ရေထွက်စနစ်များ စနစ်တကျကောင်းမွန်စေရန် ရေနုတ်မြောင်းများ၊ တံတားများကို သတ်မှတ်ချက်များနှင့်အညီ ရေစီးရေလာကောင်းမွန်အောင် ပြန်လည်ပြုပြင်ဆောင်ရွက်ရမည်ဟု မှာကြားသည်။

” လှိုင်သာယာမှာ ရေစီးရေလာကောင်းမွန်ရေးဟာ အဓိကဖြေရှင်းဆောင်ရွက်ပေးရမယ့်ကိစ္စတစ်ခုဖြစ်တာကြောင့် အလေးထားဆောင်ရွက်ရပါမယ်။ တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ ရေဝင်ရေထွက်ကောင်းမွန်ရပါမယ်။ မိုးရာသီမရောက်ခင် ရေစီးရေလာကောင်းမွန်စေဖို့နဲ့ ရေထွက်ပေါက်တွေစနစ်တကျ ဖြစ်အောင်ဆောင်ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌက မှာကြားသည်။

ထို့ပြင် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အပိုင်းအလိုက်၊ လုပ်ငန်းဧရိယာအလိုက် တစ်ဆင့်ချင်းစနစ်တကျပြီးစီးအောင်ဆောင်ရွက်သွားရမည်ဖြစ်ကာ လှိုင်သာယာမြို့နယ်အတွင်း စက်ရုံ၊ အလုပ်ရုံအများအပြားရှိပြီး အလုပ်လုပ်ကိုင်ကြသူ အများအပြားနေထိုင်၍ ပလက်ဖောင်းများအဆင့်မီကောင်းမွန်ရန်လည်းလိုသည်ဟု မှာကြားသည်။

” မြို့နယ်အတွင်းစိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပရေးတွေအတွက် စနစ်တကျစီမံကိန်းချဆောင်ရွက်ရပါမယ်။ မြို့နေပြည်သူလူထုနဲ့ကိုက်ညီတဲ့ လူနေမှုပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်ပေးနိုင်ရပါမယ်။ ရန်ကုန်မြို့တော်ဧရိယာအတွင်းတည်ရှိတဲ့အတွက် အဆင့်မီတဲ့ မြို့ဖြစ်စေဖို့၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆက်လက်အကောင် အထည်ဆောင်ရွက်ပေးသွားရပါမယ်”ဟု နစက ဥက္ကဋ္ဌက မှာကြားသည်။

နစက ဥက္ကဋ္ဌအား လှိုင်သာယာဘုရင့်နောင်ပြည်သူ့ပန်းခြံအား ဘက်စုံသုံးအဆောက်အဦများ၊ ပျော်ပွဲရွှင်ပွဲကျင်းပရန်နေရာများ၊ ယာဉ်ရပ်နားရန်နေရာများ၊ ကစားကွင်းများ၊ ရေကူးကန်များအပါအဝင် အများပြည်သူအပန်းဖြေရန်နေရာများဆောင်ရွက်ပြီးစီးမှု၊ ပန်းခြံအတွင်းပျော်ပွဲရွှင်ပွဲများကျင်းပခဲ့မှုနှင့် ပြည်သူအများအပြား ပျော်ရွှင်စွာလာရောက်ဆင်နွဲခဲ့မှုများ၊ လှိုင်သာယာမြို့နယ်အတွင်းသန့်ရှင်းသာယာလှပရေးဆောင်ရွက်လျက်ရှိမှုတို့ကို ရန်ကုန် တိုင်းဝန်ကြီးချုပ်နှင့် ရန်ကုန်မြို့တော်ဝန်တို့က ရှင်း လင်းတင်ပြခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်ဖြစ်သည့် မြန်မာစာဘာသာရပ်အားဝင်ရောက်ဖြေဆိုသူ ၉၄ ရာခိုင်နှုန်းကျော်ရှိ

ယနေ့ မတ် ၁၇ ရက်တွင်စတင်ကျင်းပသည့် ၂ဝ၂၄ -၂ဝ၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြစ်သော မြန်မာစာဘာသာရပ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၉၄ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်ဖြေဆိုရာ၌ နေပြည်တော်အတွင်း မြို့နယ်(၈)မြို့နယ်ရှိ စာစစ်ဌာန(၄၇)ခု၌ မြန်မာစာဘာသာရပ်အား ကျောင်းသား(၅၄၈၄)ဦး၊ ကျောင်း သူ(၇၀၆၈)ဦး(စုစုပေါင်း ၁၂၅၅၂ ဦး)ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တိုင်းနှင့် ပြည်နယ်အလိုက် ခရိုင်/မြို့နယ်/နိုင်ငံခြားစာစစ်ဌာနပေါင်း(၇၇၀)တွင် မြန်မာစာဘာသာရပ်အား ဝင်ရောက်ဖြေဆိုသည့် ကျောင်း သား၊ ကျောင်းသူ(၁၉၆၃၃၇)ဦးရှိ၍ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီး၌...

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း ထရမ့်ဆို

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို Autopen ဖြင့် လက်မှတ်ရေးထိုးထားသောကြောင့် ဖြစ်သည်။ Autopen (သို့မဟုတ် လက်မှတ်ရေးထိုးစက်) ဆိုသည်မှာ လက်မှတ်ကို အလိုအလျောက်ရေးထိုးရန် အသုံးပြုသည့် ကိရိယာတစ်ခုဖြစ်သည်။ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ ဆယ်လီများသည် တစ်နေ့တာလုံး လက်မှတ်တောင်းခံရမှုများစွာကို ရင်ဆိုင်ရနိုင်သည်။ ထို့ကြောင့်၊ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ လူသိများသော ဆယ်လီပုဂ္ဂိုလ်များစွာတို့သည် သူတို့၏ လက်မှတ်ကို လူကိုယ်တိုင်တိုက်ရိုက်‌ရေးထိုးစရာမလိုဘဲ...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း၏ ပထမဆုံးခြေစမ်းပွဲ တရုတ် (ဟောင်ကောင်)အသင်းဖြင့် ယှဉ်ပြိုင်ကစားမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲစဉ်ကို ယခု မတ်လ (၁၉)ရက်၌ ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း ၏ ပထမဆုံးခြေစမ်းပွဲစဉ်တစ်ခုလည်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းအား ၂၀၂၅ ဆီးဂိမ်း နှင့် အာဆီယံ ချန်ပီယံရှစ်၊ အာရှခြေစစ်ပွဲများအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု MFF...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071