Monday, January 27, 2025

ရန်ကုန်၊ တာမွေမြို့နယ်တွင် (၂)ရက်အတွင်း နေအိမ်မီးလောင်ကျွမ်းမှု...

ရန်ကုန်တိုင်ဒေသကြီး၊ တာမွေမြို့နယ်တွင် (၂)ရက်အတွင်း နေအိမ်မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။ ယနေ့ ဇန်နဝါရီ (၂၇) ရက်၊ နံနက် အစောပိုင်း...

နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ (၇၅) ရာခိုင်နှုန်းခန့်ကို ရန်ကုန်ဆိပ်ကမ်းမှ...

နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ (၇၅) ရာခိုင်နှုန်းခန့်ကို ရန်ကုန်ဆိပ်ကမ်းမှ ကိုင်တွယ်ဝန်ဆောင်မှုပေး၍ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းတင်ပို့ပေးလျက်ရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းကပြောသည်။ ကျန်းမာရေးဆိပ်ခံတံတားမှ ရန်ကုန်မြစ်ဝရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကမ်းလွန်ရေကြောင်းပြစခန်း...

ထရမ့်ပ်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ မကြာခင်တွေ့ဆုံရန် သဘောတူ

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့သည် ထရမ့်ပ်ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဖုန်းဆက်သွယ်ပြောဆိုခဲ့ရာ၌ ဗြိတိန်နှင့် အမေရိကအကြား ရင်းနှီး၊ နွေးထွေးသော ဆက်ဆံရေး၏ အရေးပါမှုကို...

ကမ္ဘောဒီးယားပရီးမီးယားလိဂ်အတွင်းဂိုးဖန်တီးမှုအများဆုံး နံပါတ် (၇) နေရာတွင်...

ကမ္ဘောဒီးယားပရီးမီးယားလိဂ်အတွင်းဂိုးဖန်တီးမှုအများဆုံး စွမ်းဆောင်မှု နံပါတ် (၇)နေရာတွင် မြန်မာလက်ရွေးစင် တိုက်စစ်မှုးသီဟဇော်ရပ်တည်နေကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး သီဟဇော်သည် က‌မ္ဘောဒီးယားပြည်တွင်းကလပ်တစ်ခုဖြစ်သည့် နာဂဝေါအသင်းတွင် ဝင်ရောက်ကစားနေခြင်းဖြစ်ပြီး၊ ဇန်နဝါရီ...
HomeNewsLocal Newsဝက်လက်မြို့နယ်ရှိ (၃၂၇)ဧကအား ရှိမ္မကားတောရကြီးကျောင်း...

ဝက်လက်မြို့နယ်ရှိ (၃၂၇)ဧကအား ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ်သတ်မှတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ (၃၂၇)ဧကကို ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ်ရန်အတွက် “ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော”အဖြစ်သတ်မှတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ်(၁၂ /၂၀၂၅)ဖြင့် ဇန်နဝါရီ ၂၃ ရက်ကကြေညာခဲ့သည်။

ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ဝက်လက်မြို့နယ်၊ မ္မကားကျေးရွာနှင့် ငါးရယ်ကျေးရွာကြား ဧရာဝတီမြစ် ကမ်းဘေးတွင်ရှိကာ ဆရာတော်ကြီးများက ခေတ်အဆက်ဆက်ထိန်းသိမ်းစောင့်ရှောက်ခဲ့သဖြင့် တောတောင်သဘာဝအလှအပရှုခင်းများ၊ အဖိုးတန်ရှေးဟောင်းယဉ်ကျေးမှုလက်ရာအဆောက်အအုံများ ယနေ့တိုင်တည်ရှိနေသည့်နေ ရာဖြစ်သည်။

အဆိုပါ ဘေးမဲ့တောအတွင်း သဘာဝဝန်းကျင်ထိန်းသိမ်းရေးအပြည်ပြည်ဆိုင်ရာအဖွဲ့(IUCN) ၏ ကာကွယ်ထိန်းသိမ်းမှုအဆင့်သတ်မှတ်ချက်အရ မျိုးသုဉ်းရန်အန္တရာယ်ရှိသော ရှားပါးမျိုးစိတ်စာရင်းဝင်ပြီး မြန်မာနိုင်ငံတွင်သာ ပေါက်ဖွားကျက်စားသော မြန်မာ့ရွှေသမင်များနှင့် တောကြောင်မျိုးစိတ်များ၊ ရှဉ့်၊ တွားသွားသတ္တဝါများနှင့် ခါ၊ ရွှေပြည်စိုး၊ ကြက်တူရွေးငှက်မျိုး စိတ်များ နေထိုင်ကျက်စားလျက်ရှိသည်။

ထို့ပြင် အပူပိုင်းတောခြောက်အမျိုးအစားတွင် ရှင်သန်သည့် သန်း၊ ဒဟတ်၊ တမာ၊ ရှား၊ ကုက္ကိုသစ်မျိုးများနှင့် အခြားအပင်မျိုးစိတ်များလည်း ပေါက်ရောက်လျက်ရှိသည်။

ထို့ကြောင့် ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား ငှက်မျိုးစိတ်များ ကျက်စားရာဒေသဖြစ်သောကြောင့် ရှေရှည်တည်တံ့စေရန်၊ အပူပိုင်းဒေသဂေဟစနစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်စေရန်တို့အတွက်ရည်ရွယ်၍ “ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော”အဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်၊ တာမွေမြို့နယ်တွင် (၂)ရက်အတွင်း နေအိမ်မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွား

ရန်ကုန်တိုင်ဒေသကြီး၊ တာမွေမြို့နယ်တွင် (၂)ရက်အတွင်း နေအိမ်မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။ ယနေ့ ဇန်နဝါရီ (၂၇) ရက်၊ နံနက် အစောပိုင်း (၁)နာရီ (၅၀)မိနစ်အချိန်ခန့်က တာမွေမြို့နယ်၊ တာမွေကြီး က/ဂရပ်ကွက်၊ ၁၅၅ လမ်းတွင် မီးလောင်မှုဖြင့်ပွားကြောင်း သတင်းအရ တာမွေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များထွက်ခွာငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ငြှိမ်းသတ်ရာ နံနက်အစောပိုင်း (၂)နာရီအချိန်မီးထိန်းနိုင်ခဲ့ပြီး နံနက်အစောပိုင်း (၂)နာရီ (၃)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဇန်နဝါရီ (၂၆)ရက်၊ ည (၈)နာရီ (၂၅)မိနစ်အချိန်ခန့်ကလည်း တာမွေမြို့နယ်၊...

နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ (၇၅) ရာခိုင်နှုန်းခန့်ကို ရန်ကုန်ဆိပ်ကမ်းမှ ဝန်ဆောင်မှုပေးနေခြင်းဖြစ်ဟုဆို

နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ (၇၅) ရာခိုင်နှုန်းခန့်ကို ရန်ကုန်ဆိပ်ကမ်းမှ ကိုင်တွယ်ဝန်ဆောင်မှုပေး၍ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းတင်ပို့ပေးလျက်ရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းကပြောသည်။ ကျန်းမာရေးဆိပ်ခံတံတားမှ ရန်ကုန်မြစ်ဝရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကမ်းလွန်ရေကြောင်းပြစခန်း (Offshore Fixed Pilot Station) သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ ၇၅ ရာခိုင်နှုန်းခန့်ကို ရန်ကုန်ဆိပ်ကမ်းမှ ကိုင်တွယ်ဝန်ဆောင်မှုပေး၍ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းတင်ပို့ပေးလျက်ရှိရာ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍသည် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသဖြင့် ဆိပ်ကမ်းလုပ်ငန်းများကောင်းစွာလည်ပတ်နေနိုင်ရန် နေ့/ည ရာသီမရွေး ပင်လယ်ထဲနှင့် ရေလမ်းကြောင်းတလျှောက်တွင် တာဝန်ထမ်းဆောင်နေကြရသည့် ဆိပ်ကမ်းဆိုင်ရာ၊ ရေကြောင်းဆိုင်ရာ ရေကြောင်းပြမှူးကြီးများနှင့်...

ထရမ့်ပ်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ မကြာခင်တွေ့ဆုံရန် သဘောတူ

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့သည် ထရမ့်ပ်ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဖုန်းဆက်သွယ်ပြောဆိုခဲ့ရာ၌ ဗြိတိန်နှင့် အမေရိကအကြား ရင်းနှီး၊ နွေးထွေးသော ဆက်ဆံရေး၏ အရေးပါမှုကို ဆွေးနွေးခဲ့ကြပြီး မကြာခင်တွင် တွေ့ဆုံကြရန် သဘောတူခဲ့ကြသည်ဟု ဗြိတိန်ဝန်ကြီးချုပ်ရုံးက ပြောဆိုသည်။ ဝန်ကြီးချုပ်ကို ထရမ့်ပ်က ချီးကျူးမှုလုပ်ခဲ့အပြီး နာရီပိုင်းအကြာတွင် ပြုလုပ်ခဲ့သော ဖုန်းဆက်သွယ်ဆွေးနွေးမှုသည် ၄၅ မိနစ်ကြာမြင့်ခဲ့သည်။ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သော စတားမာ၏ အစ်ကိုဖြစ်သူ Nick အတွက် ဝမ်းနည်းကြေကွဲပါကြောင်း ပြောဆိုကာ ထရမ့်ပ်က စကားဝိုင်းကို အစပြုခဲ့သည်ဟု ဝန်ကြီးချုပ်ရုံးက ပြောဆိုသည်။ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲမှုနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071