ဝက်လက်မြို့နယ်၊လှတောကျေးရွာအနီးတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်းဒေသကြီး၊ဝက်လက်မြို့နယ်၊လှတောကျေးရွာအနီး၊ရွှေဘို-မန္တလေးကားလမ်းပေါ်တွင် မေလ ၂၁ရက်နေ့နံနက်၅နာရီခန့်က …ယာဉ်လိုင်းမှ ခရီးသည်တင်မှန်လုံယာဉ်တစ်စီးမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသော အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
“မနေ့ကမနက်ပိုင်းမှာ ရန်ကုန်ကနေကလေးကိုထွက်ခွာလာတဲ့ ခရီးသည်တင်ယာဉ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ယာဉ်ပေါ်က ခရီးသည် အမျိုးသမီးနှစ်ယောက် မိုင်းစထိမှန်တဲ့ဒဏ်ရာတွေရခဲ့ပါတယ်။တစ်ဦးကတော့ စိုးရိမ်ရတဲ့အနေအထားမှာ ရှိပါတယ်။ဘယ်အဖွဲ့က ခုလိုလုပ်ခဲ့လည်းဆိုတာတော့ စုံစမ်းစစ်ဆေးနေဆဲပါ´´တာဝန်ရှိသူတစ်ဦးကပြောသည်။
ဖြစ်စဉ်မှာ မေလ၂၁ရက်နေ့နံနက်၅နာရီခန့်က ရန်ကုန်မှ ကလေးသို့ထွက်ခွာလာသည့် …ယာဉ်လိုင်းမှ ခရီးသည်တင်မှန်လုံယာဉ်တစ်စီးသည် ဝက်လက်မြို့နယ်၊ လှတောကျေးရွာအနီး ရွှေဘို-မန္တလေး ကားလမ်းပေါ်တွင် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တစ်ဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်မှုကို ခံခဲ့ရပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည်အများအနက် အမျိုးသမီးနှစ်ဦးမှာ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရသည့်အနေအထားရှိကြောင်းနှင့်ခရီးသည်တင်ယာဉ်မှာလည်း ယာဉ်ကိုယ်ထည်နှင့်လေကာမှန်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။