ဒေါ်မြလှစံ
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံ
အခြေခံစားသောက်ကုန်တွေ နည်းနည်းဈေးတက်လာတာ တွေ့ရ တယ်။ ကြက်သားတစ်ပိဿာကို ကျပ် ၆ဝဝဝ နီးပါးရှိတယ်။ ဒိုင်မှာက အန်တီသိသလောက်ဆို ၃၅ဝဝ ကျပ်လောက်ပဲရှိတယ်။ အဲဒီတော့ အ ခြေခံလူတန်းစားပြည်သူတွေအနေနဲ့ ကြက်သားစားဖို့ မဖြစ်နိုင်တော့ဘူး။ အရင်ကလို စည်ပင်သာယာရေးကော်မတီကလုပ်တဲ့ သက်သာချောင်ချိရေးကားတွေနဲ့ ရောင်းချပေးစေ ချင်တယ်။ ကျပ် ၅ဝဝဝ၊ ကျပ် ၆ဝဝဝ ရတဲ့ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးတောင် မချောင်လည်ဘူး။ အထွေထွေကုန်ကျစရိတ်တွေက တက်လာနေတာဆိုတော့ ပြည်သူတွေ ဝင်ငွေ တိုးလာအောင် အစိုးရကကြိုးစားပေးရမယ်။
ငါးရောင်းသူတစ်ဦး
ငါးဈေးတွေတက်တယ်။ အရင်နဲ့စာရင် ကျပ်တစ်ထောင်ကျော်လောက်တက်သွားတယ်။ ဒိုင်မှာက အစ အဲဒီလိုဖြစ်နေတာ။ ညီမတို့ လည်း ဝယ်ဈေးကိုက ကြီးနေတော့ ဈေးလျှော့ရောင်းလို့ကိုမရတာ။ ကုန် ဈေးနှုန်းတွေတက်တော့ အရောင်း အဝယ်တွေကပါ အေးကုန်တယ်။
ဈေးဝယ်သူတစ်ဦး
ကုန်ဈေးနှုန်းတွေ ကြီးတယ်။ဈေးဝယ်ရတာ အဆင်မပြေဘူး။နောက်ပြီးတော့ သားငါးဈေးတွေက တက်တယ်။ တဖြည်းဖြည်းရှားပါးလာ တယ်။ အရင်က လေး၊ ငါးထောင်လောက်ဆိုဈေးဝယ်လို့ရတယ်။ အခု က တစ်သောင်းကျော်လောက်မှ ဝယ်လို့ရတယ်။ ကုန်စိမ်းကပါ ဈေးကြီး နေတာ။
အနှေးယာဉ် လုပ်သားတစ်ဦး
နေ့စဉ်ဝင်ငွေက တိုးမလာဘူး။ကုန်ဈေးနှုန်းကသာ တက်လာတာ။အလုပ်အကိုင်ကလည်း ရတဲ့အခါမှ ရတာဆိုတော့ မလောက်ငှဘူး။ ဆိုက်ကား ဆွဲကောင်းတဲ့နေ့တွေဆို အဆင်ပြေတာပေါ့။ ကုန်ဈေးနှုန်းကတော့ ခါတိုင်းထက်စာရင် နည်းနည်းတိုးလာ တာပေါ့။
ဈေးဝယ်သူတစ်ဦး
အန်တီ မနေ့ကဈေးမှာ ငါးခြောက်သွားဝယ်တော့ဈေးကြီးလာ တာတွေ့တယ်။ မေးကြည့်တော့ သင်္ကြန်အပြီးမို့လို့ ဈေးတက်တာလို့ပြောတယ်။ ကုန်ပစ္စည်းတိုင်းလိုလိုဈေးတက်နေတာတော့ မဟုတ်ပါ ဘူး။ တချို့စားသောက်ကုန်တွေပဲ နည်းနည်းနဲ့ ဈေးများလာတာပါ။ ဈေးဖိုးကို ချွေတာသုံးရတော့တာပေါ့။
ကြက်သားရောင်းသူ
ကုန်ဈေးနှုန်းတွေက အတက်ပဲ ရှိတယ်။ အကျမရှိဘူး။ ဝန်ထမ်းတွေ လစာတိုးလာမှာကို အစ်မတို့ သိပ်ကြောက်တယ်။ ဝန်ထမ်းတွေလစာ တိုးလာတာနဲ့ ကုန်ဈေးနှုန်းက လိုက်တက်လာရော။ ပထမတစ်ခါလစာ တိုးတုန်းက ဆန်တစ်ပြည် ကျပ်တစ် ထောင်ဖြစ်သွားတယ်။ နောက်တစ်ခေါက်လစာထပ်တိုးတော့ ဆန်တစ်ပြည်ကျပ် ၂ဝဝဝ ကျော်ဖြစ်သွားတယ်။ အခုတစ်ခါများတိုးရင် ဘယ်လောက်များဖြစ်သွားဦးမလဲမသိဘူး။ ဝယ်ရတာတွေကတော့ အကုန်ဈေးကြီးနေတာပဲ။
ကုန်စိမ်းရောင်းသူ
အစစအရာရာ ဈေးနှုန်းမြင့် တက်တယ်။ အရင်က ငွေကျပ် သုံး၊ လေးသောင်းလောက်ဆို ကုန်စိမ်း ဗန်းဖြည့်ရတာ အဆင်ပြေတယ်။ အခုဆိုရင် ငွေကျပ်တစ်သိန်းလောက်ရင်းရတယ်။ ကုန်စိမ်းက အမယ်မစုံ ရင် ဝယ်မယ့်သူမရှိဘူး။ ကုန်စိမ်းတွေ ဈေးနှုန်းတက်တော့ ဝယ်သူ နည်းလာ တယ်။ ကန်စွန်းရွက်တွေက အစ ဒိုင်မှာကို ဈေးနှုန်းကြီးမြင့်နေတော့ ဈေး နှုန်းလျှော့ရောင်းချဖို့လည်း အဆင်မပြေဘူး။