Thursday, November 21, 2024

ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းဘာသာရပ်များကို ဒီပလိုမာနှင့် ဘွဲ့ဒီဂရီ...

ဟိုတယ်နှင့် ခရီးသွားကဏ္ဍအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်မွေးထုတ်နိုင်ရေးအတွက် နိုင်ငံအဆင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ သက်မွေးသင်တန်းကျောင်းတည်ထောင်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ (၂၀)ရက်၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင်...

ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ သံအမတ်ကြီးများကောင်စီတို့ တွေ့ဆုံသည့်...

ပထမအကြိမ် အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များကော်မတီ(CPR)နှင့် ဂျကာတာအခြေစိုက် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့သံအမတ်ကြီးများ ကောင်စီတို့ တွေ့ဆုံသည့် အစည်းအဝေး၌ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း...

ရှန်ဟိုင်းဆိပ်ကမ်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုဆိုင်ရာ...

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ဦးဆောင်သည့်အဖွဲ့သည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ရှန်ဟိုင်းမြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ရှန်ဟိုင်းမြို့၊...

အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်တွင်...

အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ (၂၁)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲကို အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် တီမောလက်စ်တေ...
HomeNewsLocal Newsဝန်ကြီးဌာနအချို့၏ ယခင်ဘဏ္ဍာရေးနှစ် ပိုလျှံငွေများကို...

ဝန်ကြီးဌာနအချို့၏ ယခင်ဘဏ္ဍာရေးနှစ် ပိုလျှံငွေများကို ရာဂီမုန်တိုင်းနောက်ဆက်တွဲလုပ်ငန်းများ၌ အမြန်ဆုံးဖြည့်ဆည်းသွားမည်

ဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများအနေဖြင့် မလိုအပ်သည့်အသုံးစရိတ်များ မသုံးစွဲမိစေရေးနှင့်ပတ်သက်၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒု-ဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်မွန်းလွဲပိုင်းကပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများတင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် မလိုအပ်သည့် အသုံးစရိတ်များ မသုံးစွဲမိစေရေး စိစစ်ကြရန် လိုအပ်သည်ကိုမှာကြားပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေနှင့် ပြုပြင်ပြီးခန့်မှန်းခြေ ရငွေ၊ သုံးငွေ ငွေစာရင်းများကို ရှင်းလင်းပြောကြားသည်။

ထို့ပြင် ရငွေပိုင်းတွင် တိုးမြှင့်ရရှိနိုင်ရန်လျာထား၍ ရငွေတိုးမြှင့်အောင် ဆောင်ရွက်နိုင်သည့် ဝန်ကြီးဌာနများမှလည်း နောင်ဘဏ္ဍာရေးနှစ်များတွင် ယခုထက် ဝင်ငွေပိုမိုရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်သည်ဟု ပြောသည်။

အလားတူ သုံးငွေပိုင်းတွင် ယခင်နှစ်က ဝန်ကြီးဌာနများမှမသုံးနိုင်သည့်ပိုလျှံငွေများအား ပြန်လည်အပ်နှံသည်ကိုတွေ့ရှိရ၍ ဝန်ကြီးဌာနများအနေဖြင့် ကျန်ရှိသည့်(၄)လနှင့် ယခုဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများပြီးစီးအောင်သုံးစွဲရမည့်အသုံးစရိတ်၊ လုပ်ငန်းပြီးစီးမှုအပေါ် စိစစ်မှသာ အသုံးစရိတ်များထပ်မံလျော့ချနိုင်မည်ဖြစ်ပြီး ရရှိလာသည့်ပိုလျှံငွေများကို ရာဂီမုန်တိုင်းနောက်ဆက်တွဲလုပ်ငန်းများတွင် အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်သွားမည်ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြောသည်။

ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အ စည်းများ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများကို ပြည်ထောင်စုနှင့် တိုင်း(သို့)ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများကြိုတင်စိစစ်ရေးကော်မတီ၏ စိစစ်ပြီးအခြေအနေအပေါ် ရငွေနှင့်အသုံးစရိတ်များ တိုးမြှင့်လိုခြင်း၊ စိစစ်လျှော့ချလိုခြင်းများရှိပါက တင်ပြပေးကြရမည်ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းဘာသာရပ်များကို ဒီပလိုမာနှင့် ဘွဲ့ဒီဂရီ အဆင့်ပေးရန် ရည်ရွယ်၍ နိုင်ငံအဆင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ သက်မွေးသင်တန်းကျောင်းတည်ထောင်မည်

ဟိုတယ်နှင့် ခရီးသွားကဏ္ဍအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်မွေးထုတ်နိုင်ရေးအတွက် နိုင်ငံအဆင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ သက်မွေးသင်တန်းကျောင်းတည်ထောင်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ (၂၀)ရက်၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်း သက်မွေးပညာကဏ္ဍတွင် ဧည့်ဝန်ဆောင်မှုဘာသာရပ်နှင့် ခရီးသွားလုပ်ငန်းဘာသာရပ်များကို သက်မွေးပညာရပ်တစ်ခုအဖြစ် ဒီပလိုမာအဆင့်၊ ဘွဲ့ဒီဂရီအဆင့်အထိ ပေးအပ်နိုင်အောင် ရည်ရွယ်ပြီး နိုင်ငံအဆင့်ကျောင်းတစ်ခု ဖြစ်ပေါ်လာရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။ ထို့ကြောင့် သင်ကြားမည့် သင်ရိုးညွှန်းတမ်းများကို အာဆီယံအဆင့် စံနှုန်းများ၊ ပညာရေးဝန်ကြီးဌာန၏ National Qualification Framework...

ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ သံအမတ်ကြီးများကောင်စီတို့ တွေ့ဆုံသည့် အစည်းအဝေး၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ ပူးတွဲ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်

ပထမအကြိမ် အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များကော်မတီ(CPR)နှင့် ဂျကာတာအခြေစိုက် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့သံအမတ်ကြီးများ ကောင်စီတို့ တွေ့ဆုံသည့် အစည်းအဝေး၌ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ နိုဝင်ဘာ (၂၀)ရက်က ကျင်းပပြုလုပ်ခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့်အတူ ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာအခြေစိုက် ကာတာသံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr. Saad Mohammed Alemadi က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ အစည်းအဝေးသို့...

ရှန်ဟိုင်းဆိပ်ကမ်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုဆိုင်ရာ စစ်ဆေးသည့် လုပ်ငန်းစဉ်များအား ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သွားရောက်လေ့လာ

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ဦးဆောင်သည့်အဖွဲ့သည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ရှန်ဟိုင်းမြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ရှန်ဟိုင်းမြို့၊ ရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (Shanghai International Terminal) သို့သွားရောက်လေ့လာစဉ် ပြည်ဝင်/ ပြည်ထွက် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာများနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများကို ဆက်စပ်ဌာနများ ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုလေ့လာခဲ့သည်။ ထို့ပြင် ရှန်ဟိုင်း ဆိပ်ကမ်း၌ နိုင်ငံတကာသို့ တင်ပို့မည့် မော်တော်ယာဉ်များ ထိန်းသိမ်းသည့်လုပ်ငန်းအစီအစဉ်များ၊ အရှေ့တောင်အာရှ နိုင်ငံများအပါအဝင် နိုင်ငံတကာသို့ တင်ပို့မည့် မော်တော်ယာဉ်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071